Zynga မှ ပိုက်ဆံဖြင့် ဆော့ကစားနိုင်သော လောင်းကစားဂိမ်း ကို Facebook တွင်ထည့်သွင်းရန်ရှိ။

card.png

Online လောင်းကစားဂိမ်းမှတဆင့် တကယ့်ပိုက်ဆံတွေနဲ့  အလောင်းအစားလုပ်ပြီး ဆော့ကစားနိုင်မယ့် online လောင်းကစား app ကို Zynga မှပြုလုပ်တော့မှာဖြစ်ပါတယ်။Social ဂိမ်းထုတ်လုပ်သည့် ကုမ္ပဏီဖြစ်တဲ့ Zynga မှ Facebook တွင်ZyngaPlusPoker နှင့်ZyngaPlusCasino ဆိုတဲ့ app များကို UK တွင် စတင် ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဒီ app တွေကို ကွန်ပြူတာများဖြင့်သာ အရင်ဆော့ကစားနိုင်မှာဖြစ်ပြီး mobile များတွင်ပါဆော့ကစားနိုင်ရန်စီစဉ်လျက်ရှိပါတယ်။
Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဒါကတော့ သူတို့ ရဲ့ အရင်လုပ်ငန်းစဉ်ပါပဲ။ ပိုကြားကောင်းအောင်ပြောမယ်ဆိုရင် Zynga က UK မှာ တကယ့်ပိုက်ဆံနဲ့ လည်ပတ် ဆော့ကစားလို့ ရမယ့် ဂိမ်း တွေကို ဖန်းတီးလိုက်တာပါပဲ” လို့  CNET သို့ ပြောပြခဲ့ပါတယ်။
အခက်အခဲတွေကြားက ရုန်းကန်နေရတဲ့ Zynga ဂိမ်း ကုမ္ပဏီက ၄င်းတို့ ရဲ့  UK လောင်းကစား site တွေကို ဧပြီလမှာ တရားဝင် လွှင့်တင်ထားခဲ့ပါတယ်။ ဂိမ်းပေါင်း ၁၆၀ကျော်ပါတဲ့ ZyngaPlusPoker နှင့် ZyngaPlusCasino တို့ ကို ကစားသမားတွေက တကယ့်ပိုက်ဆံတွေနဲ့ လောင်းကစားဆော့နိုင်မှာဖြစ်ပါတယ်။ ဒီလို အတွေးအကြံမျိုးကို Zynga နှင့် UK အခြေစိုက် ပိုကာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bwin.Party Digital Entertainment တို့ က ပူးပေါင်းလုပ်ဆောင်ထားတာဖြစ်ပါတယ်။
ယခုလက်တလောမှာတော့ UK အတွင်းမှာပဲ ဒီ ဂိမ်းတွေကို ဆော့ကစားနိုင်မှာဖြစ်ပြီး US မှာလည်း ဆော့ကစားနိုင်ရန် ကြိုးစားနေုကြပါတယ်။ သို့ သော် Facebook မှာ ဆော့ကစားနိုင်ဖို့ app တွေ က ဘယ်တော့ထွက်မလဲဆိုတာ အတိအကျဖော်ပြခြင်းမရှိသေးပါဘူး။

http://news.cnet.com/8301-1023_3-57593205-93/zyngas-real-money-gambling-said-to-be-coming-to-facebook/မှ ဘာသာပြန်တင်ဆက်ထားပါသည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.