တင်ပါးအကိတ်တလိုင်းဖြစ်စေမဲ့ အစားအစာများ


( ၁ ) ကြက်ဥ

( ၂ ) အာလူး

( ၃ ) ထောပတ်သီး

( ၄ ) ဒိန်ချဉ်

( ၅ ) အစေ့အဆံ

[ Unicode ]

ခုခေတ်က ကိတ်မှလှတာနော်။ တင်ပါးကိတ်အောင်လို့ လေ့ကျင့်ခန်းတွေ လုပ်ရတာ မထိရောက်ဘူး ဖြစ်နေပြီလား။ တကယ်တော့ လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ကူမှရမှာပါ။ ဒီတော့ တင်ပါးကြွက်သားကြီးထွားဖို့ အထောက်ကအကူပြုပေးတဲ့ အစားအသောက်တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

( ၁ ) ကြက်ဥ
ကြက်ဥတို့ ဘဲဥတို့ကရတဲ့ ပရိုတင်းလောက် ကျန်းမာရေးကို အထောက်အကူပြုတာ မရှိတဲ့အတွက် ကြက်ဥတွေ ဘဲဥတွေက တင်ပါးကို ကြီးပြီးကိတ်စေမယ့် အစားအသောက်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့။

( ၂ ) အာလူး
ဒီ ကစီဓါတ်ကြွယ်ဝတဲ့ အာလူးလေးက တင်ကိတ်စေဖို့ ဆောင်ကိုဆောင်ထားသင့်တဲ့ စားစရာတစ်ခုပါ။

( ၃ ) ထောပတ်သီး
ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီနဲ့ အမျှင်ဓါတ်တွေ သင့်တင်ကို အလှဆုံးဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် အရာတွေပါ။

( ၄ ) ဒိန်ချဉ်
ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီဓါတ်တွေကြောင့် သင့်တင် ကိတ်လာမှာ အသေအချာမို့ တင်ပါးကြီးချင်သူတိုင်း ဒိန်ချဉ်ကို စားပေးသင့်တယ်နော်။

( ၅ ) အစေ့အဆံ
ဗန်ဒါစေ့၊ နေကြာစေ့နဲ့ သစ်ကြားသီး စေ့တွေမှာပါတဲ့ မပြည့်ဝဆီတွေနဲ့ ပရိုတင်းဓါတ်တွေက သင့်တင်ပါးက ကြွက်သားတွေကို ကြီးလာစေပါတယ်။

Ref; goodhealth

 

472 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.