အစားအသောက်ကိုဘာကြောင့် ခဏခဏစားချင်နေရတာလဲ

အစားအသောက် တစ်ခုခု ကို တောင့်တနေတယ်၊ အရမ်းစားချင်နေတယ် ဆိုတာကို သွေးတောင်းတယ်၊ ဓာတ်ကျနေတယ် လို့ အများစုက သတ်မှတ်ကြပါတယ်။

အစားအသောက် တစ်ခုကို အရမ်းတောင့်တနေတာက အာဟာရဓာတ် တွေ လိုအပ်နေလို့လား
လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဒီလိုတောင့်တတာတွေက အာဟာရဓာတ် ချို့တဲ့မှုနဲ့ ဆက်နွှယ်မှုတော့ ရှိပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပါပဲ။

အမျိုးသမီးတွေက ဒီလိုတောင့်တစိတ်ဖြစ်တဲ့နေရာမှာ အမျိုးသားတွေထက် နှစ်ဆ ပိုပြီးဖြစ်လေ့ရှိတယ်လို့ ယူဆကြပါတယ်။

အမျိုးသားတွေက အရသာပြင်းပြင်း အစားအသောက်တွေ တောင့်တချိန်မှာ အမျိုးသမီးတွေက ချောကလက်လို အချိုများတဲ့ အစားအသောက်ကို ပိုတောင့်တနေတတ်တာမျိုး။
ဒီလိုတောင့်တတာတွေက

အာဟာရ လိုနေလို့လား

အာဟာရဓာတ် တစ်ခုခု ချို့တဲ့နေတဲ့သူတွေမှာ အဲဒီဓာတ် ပါဝင်တဲ့ အစားအသောက်တစ်ခုခု ကို ပိုတောင့်တမိလေ့ရှိတယ်လို့ အများစုက ထင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။

ကိုယ်အလေးချိန်လျော့ချမှု

ကာဗိုနည်းတဲ့ စားသောက်ပုံနဲ့ နှစ်နှစ်လောက် စားခဲ့သူတွေဟာ ကာဗိုကြွယ်ဝတဲ့ အစားအစာတွေကို မတောင့်တတဲ့ အပြင် ဒါတွေကို စားချင်စိတ် နည်းသွားတာတွေ့ရပါတယ်။

အလားတူပဲ အဆီလျှော့စားသူတွေ ဆိုလည်း အဆီများတာတွေ မစားချင်တော့တာ၊ မတောင့်တတော့တာ တွေ့ရမှာပါ။

လိုအပ်လို့ တောင့်တတတ်တဲ့ အာဟာရတချို့
မရမနေ စားချင်နေတဲ့ အာသီသစိတ်က ဒါမှဒါ ဆိုတာမျိုး၊ ဒါက လွဲလို့ တခြား ဘာစားစား တင်းတိမ်ကျေနပ်မှာ မဟုတ်ပါဘူး။

၁။ ချုပ်ထိန်းရတဲ့ အတွေးတွေ
ကျန်းမာရေးနဲ့ မတည့်လို့ ဖြစ်ဖြစ်၊ အဆီချဖို့ ရှောင်ရတာ ဖြစ်ဖြစ် ကိုယ်စားဖို့ မသင့်ဘူး လို့ အတွေးထဲမှာ တံဆိပ်ကပ်ပြီး မြင်နေရတဲ့ အစားအသောက်တွေကို စားချင်စိတ် ပိုဖြစ်လာတတ်ပါတယ်။

၂။ ဆက်စပ်အနေအထား
တစ်ခါတလေ အနေအထားတစ်ခု၊ ဖြစ်ရပ်ဝန်းကျင်တစ်ခုနဲ့ ဆက်စပ်ပြီး စားချင်စိတ် ကို ဦးနှောက်က ဖန်တီးပေးတတ်ပါတယ်။ ဥပမာ ရုပ်ရှင်ကြည့်ရင် ပြောင်းဖူးပေါက်ပေါက် စားတာမျိုး။ နောက်တစ်ခါ ရုပ်ရှင်ကြည့်ပြီဆို ပြောင်းဖူးပေါက်ပေါက် သို့မဟုတ် နေကြာစေ့ စားချင်တာ။

၃။ စိတ်ဖြေလျှော့ခြင်း
စိတ်တွေ ညစ်နေ၊ စိတ်ပင်ပန်းတဲ့အခါမျိုးမှာ ဒါစားလိုက်ရင် စိတ်ပေါ့သွားမယ် ဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။

၎။ စိတ်ဖိစီးမှု
စိတ်ဖိစီးနေတဲ့သူတွေဟာ သူများနဲ့မတူ ခုနေ ဟိုတစ်ခုအရမ်းစားချင်၊ တော်ကြာနေ ဒီတစ်ခု တအားစားချင်တာမျိုး မကြာခဏ တောင့်တမှုတွေဖြစ်တတ်ပြီး အဲဒီအချိန် စားလိုက်ရမှလည်း စိတ်ကျေနပ်ကြပါတယ်။

၅။ အိပ်ရေးမဝခြင်း
အိပ်ချိန်မမှန်၊ အိပ်ချိန်နည်းတာက ဟော်မုန်းမညီမျှမှုကို ဖြစ်စေနိုင်ပြီး ဒီလို အစားအသောက်တောင့်တတာတွေ ဖြစ်လာစေတာပေါ့။

၆။ ရေဓာတ်နည်းခြင်း
ရေဓာတ် မပြည့်ဝတာကြောင့် လူတချို့မှာ ဒီပြဿနာ ဖြစ်လာတတ်ပါတယ်။

၇။ ပရိုတင်း သို့မဟုတ် အမျှင်ဓာတ် ချို့တဲ့ခြင်း
ပရိုတင်း နဲ့ အမျှင်ဓာတ် တွေက လူကို ဗိုက်ပြည့် တင်းတိမ်စေပါတယ်။ သူတို့ကို လုံလုံလောက်လောက် မရရှိတဲ့အခါ ဆာလောင်မှု နဲ့ တောင့်တစိတ်တွေ တိုးလာစေနိုင်ပါတယ်။

ကိုယ် အရမ်း စားချင်နေတိုင်း ခန္ဓာကိုယ်က လိုအပ်လို့ သွေးတောင်းနေတာပဲ လို့ တွေးပြီး အလွန်အကျွံ မစားမိအောင်တော့ ဂရုစိုက်ရပါမယ်။


Ref;HEALTHGROUP

18 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.