တိုတိုထွာထွာ ဂျပန်အစားအစာ

အစားအသောက်တွေကိုပဲ တစ်မျိုးပြီးတစ်မျိုး လုပ်စားရတာကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဂျပန်စတိုင်လ် ခရင်မ်စတူးလေးကို လုပ်ကြည့်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။
လိုအပ်တာတွေကတော့ –
. ကြက်သား ၂ဝဝ ဂရမ်
. ကြက်သွန်နီ ၁ လုံး ၂ဝဝ ဂရမ်
. မုန်လာဥနီ ၁ လုံး ၁၅ဝ ဂရမ်
. အာလူး ၂ လုံး ၃ဝဝ ဂရမ်
. ပန်းဂေါ်ဖီစိမ်း ၁ဝဝ ဂရမ်
. ထောပတ် ၄ဝ ဂရမ်
. ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
. စွပ်ပြုတ်အရသာခဲ ၁ တုံး
. ကရဝေးရွက် ၁ ရွက်
. နွားနို့ ၂ဝဝ မီလီလီတာ
. ဆား၊ငရုတ်ကောင်း အနည်းငယ် တို့လိုအပ်ပါတယ်။

ပြုလုပ်ရမှာတွေကတော့ –

၁။ ကြက်သွန်နီကို အခွံနွှာ၊ ထောင်လိုက် ထက်ခြမ်းခြမ်း၊ အူတိုင်ကိုထုတ်၊ ၂စင်တီမီတာအရွယ် အတုံးတုံးပါ။ မုန်လာဥနီကို အခွံနွှာ၊ ၅မီလီမီတာအထူ အကွင်းလိုက်လှီးပါ။ အာလူးကို အခွံနွှာ၊ အညှောင့်တွေကို သင်ပြီး ထက်ခြမ်းခြမ်းပြီးရင် ၁.၅စင်တီမီတာ အတုံးတုံး၊ ရေစိမ်ထားပါ။ ပန်းဂေါ်ဖီစိမ်းကို အပွင့်အပိုင်းကို ၃စင်တီမီတာအရှည် ဖြတ်ပြီး ထက်ခြမ်း ခြမ်းပါ။ ရိုးတံအပိုင်းကို အခွံနွှာ၊ ၅မီလီမီတာအထူ အကွင်းလိုက်လှီးပါ။ ကြက်သားကို ၃စင်တီမီတာ အတုံးတုံး၊ ဆား၊ ငရုတ်ကောင်းဖြူးပြီးနယ်ပါ။

၂။ အိုးထဲမှာ ထောပတ်ကိုထည့်ပြီးမှ မီးအပူပေးပါ။ တစ်ဝက်လောက် အရည်ပျော်ရင် ကြက်သားကိုထည့်၊ မီးအနေတော်နဲ့ တည်ပါ။ ကြက်သားရဲ့ မျက်နှာပြင် ဖြူလာရင် ကြက်သွန်နီ၊ မုန်လာဥနီကိုထည့်ပြီး မွှေပေးပါ။

၃။ ကြက်သွန်နီ အရောင်ကြည်လာရင် မီးကိုပိတ်၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ဇွန်းရောထည့်ပါ။ ဂျုံမှုန့် အသား၊ ဟင်းသီးဟင်းရွက်တွေကို ကောင်းကောင်းရောမွှေရင်း မီးပျော့ပျော့နဲ့ တည်ပါ။ တူးခြစ်ပြီး အိုးကပ်မသွားအောင် သတိထားရင်း ၁မိနစ်အပူပေးပါ။

၎။ မီးကိုပိတ်ပြီး အိုးထဲကို ရေ ၆ဝဝမီလီလီတာ၊ အရသာခဲ ၁တုံး၊ ကရဝေးရွက် ၁ရွက် ထည့်ပြီး မီးအနေတော်နဲ့ ပြုတ်ပါ။ ဆူလာရင် အဖုံးကိုဟပေးထားပြီး ၁ဝမိနစ်တည်ပါ။ အိုးကပ် မသွားအောင် တစ်ခါတစ်ခါ အထက်အောက်လှန်သလို မွှေပေးပါ။

၅။ အာလူးနဲ့ ပန်းဂေါ်ဖီစိမ်းတွေကို ထည့်ပြီး နောက်ထပ် ၁၂-၁၃မိနစ်လောက် မီးပျော့ပျော့နဲ့ ပြုတ်ပါ။ အာလူးတုံးကို ခရင်းနဲ့ထိုးကြည့်လို့ လွယ်လွယ်ကူကူ ဝင်သွားရင် အိုးထဲကို နွားနို့ ၂ဝဝမီလီလီတာ ထည့်ပြီး မီးအပူပေးရင်း အရသာမြည်းကြည့်၊ လိုအပ်ရင် ဆားနဲ့ ငရုတ်ကောင်း နည်းနည်းထပ်ထည့်လိုက်ရင်ရပါပြီ။


Ref;NHK,JAPAN

67 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.