သင်မသိသေးတဲ့ သိသင့်တဲ့ မိန်းမများအကြောင်း
[ Unicode ]
၁။ အစအနောက်သန် ပျော်ပျော်နေတတ်သောမိန်းမများသည် ထိလွယ်ရှလွယ် ခံစားလွတ်တတ်ပြီးဝမ်းနည်းလွယ်သော မိန်းမများဖြစ်ကြသည်။
၂။ မငိုတတ်ဘူးထင်သော မိန်းမများသည် ငိုသောအခါ အငိုမတိတ်တတ် အငိုကြာတတ်သည်။
မာနကြီးသည်ထင်သောမိန်းမများသည် တကယ်တမ်းတော့ တကယ်မာနမကြီး မီးနှင့်ထိသော ဖယောင်းကဲ့သို့သူတို့ချစ်သောသူနှင့်ဆို အလွယ်တကူပျော်ဆင်းလေ့ရှိသည်။
၃။ အလွန်တရာ နားလည်ပေးသောမိန်းမရထားသည်ဆိုပါစို့။ သင်သတိထားသင့်သည် ။
သူတို့နားမလည်နိုင်တော့သောအချိန်ရောက်လျှင် ရှင်းပြခွင့်တောင်ရတော့မည်မဟုတ်။
၄။ ဘယ်လောက်ပဲ ရပ်တည်နိုင်ပြီး သန်မာသောမိန်းမဖြစ်ပါစေ။ ချစ်သောသူဆီမှ ပွေ့ဖက်မှု ကြင်နာမှု ဂရုစိုက်မှု မလိုချင်သော မိန်းမဟူ၍မမြင်မိသေး။
၅။ သင်မိန်းမတယောက်ကို ချစ်လို့လက်ထပ်ပြီးလျှင်ဆက်ချစ်နေရုံနဲ့မပြီး ချစ်သူဘဝကလိုလည်း တခါတရံရိုမန်တစ်ဆန်ဖို့လိုပါသေးသည်။
ဘယ်လောက်ချမ်းသာအောင်ထားထား… ဘယ်လောက်မိသားစုအတွက်
သင်ပြည့်စုံအောင်ရှာနေပါစေ။
တခါတရံကလေးဆန်သည်ဆိုဆို..
မရင့်ကျက်သေးသည်ပြောပြော… ချစ်သူဘဝကလို ကြင်နာမှုများ.သူတို့လိုအပ်ပါသည်။
မိန်းမသည်မိန်းမပင်ဖြစ်သည်။ စိတ်ဆိုးသည်။ စိတ်ကောက်သည်။
အသက်ခြောက်ဆယ်အရွယ်ရောက်တောင် သင်ချော့တာသူတို့လိုချင်ပါသေးသည်။
Ref; rsgoals
412 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.