1994 ခုနှစ်ဖွား K-pop Oppa များ

1. J-Hope (BTS)


J-Hope လို့လူသိများတဲ့ BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jung Ho-seok
ကိတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူ မြို့လေးမှာမွေးဖွားခဲ့တာပါနော်။ အခုဆိုရင်အသက် J-Hope အိုပါးကတော့ ဂွမ်ဂျူမြို့သားလေးပါနော်။

2. RM (BTS)


Rap Monster လို့လူသိများတဲ့ Kim Nam-joon ကိုတော့ စက်တင်ဘာ ၁၂ ရက်၊၁၉၉၄ ခုနှစ်မှာတောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ Dongjak-gu မှာ မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့အ RM ရဲ့အသက်က ၂၅ ပြည့်တော့မှာပါနော်။

3. Sehun (EXO)


Oh Se-Hun ကိုတော့ ၁၉၉၄ ခုနှစ်၊ ဧပြီ၁၂ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာမွေးဖွားခဲ့ပါတယ်။K-pop Fan တွေရဲ့အချစ်တော် Sehun oppa ကတော့ Fan တွေရဲ့အချစ်တွေအကုန်လုံးကို သိမ်းပိုက်ထားနိုင်သူကြီးပါနော်။

4. Kai (EXO)


Body အမိုက်စားနဲ့ မိန်းကလေးfan တွေအသည်းကိုချွေနေတာကတော့ EXO အဖွဲ့ရဲ့ Kai ဆိုရင်လဲမမှားပါဘူးနော်။ Kai လို့လူသိများတဲ့ Kim Jong-in ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ Suncheon, South Jeolla မှာ ၁၉၉၄ ခုနှစ်၊ဇန်နဝါရီ ၁၄ ရက်မှာမွေးဖွားခဲ့တာပါ။

5. Jackson (GOT7)


ဒီတစ်ယောက်ကတော့ တရုတ်နိုင်ငံသားလေး GOT7 အဖွဲ့ဝင်Jackson ပါ။ သူ့ကိုတော့ ၁၉၉၄ ခုနှစ် မတ်လ ၂၈ ရက်မှာ တရုတ်နိုင်ငံ၊ဟောင်ကောင်ရဲ့ KowloonTong မှာမွေးဖွားခဲ့တာပါ။ သူ့ကို ခေါ်ကြတဲ့တခြားနာမည်တွေကတော့ Wang Ka-yee, Wang Jia’er တို့ပဲဖြစ်ပါတယ်။

6. Jinhwan (iKON)


၁၉၉၄ ခုနှစ်ဖွားနောက်တစ်ယောက်ကတော့ iKON အဖွဲ့ဝင် Jinhwan ပါ။ Jinhwan လို့လူသိများတဲ့ အဆိုတော် Kim Jin-hwan ကိုတော့ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ တောင်ကိုရီယားနိုင်ငံရဲ့ အလှပဆုံးနေရာတွေထဲမှာပါတဲ့ ဂျယ်ဂျူကျွန်းလို့ခေါ်ကြတဲ့ ဂျယ်ဂျူဒိုမှာမွေးဖွားခဲ့တာပါ။

7. Ha Sungwoon


အဆိုတော်နှင့် တေးရေးဆရာတစ်ယောက်ဖြစ်တဲ့ Ha Sung-woon ကိုတော့ ၁၉၉၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ Gyeonggi ,Goyang မှာမွေးဖွားခဲ့ပါတယ်။

8. JB (GOT7)


JB လို့လူသိများတဲ့ GOT7 အဖွဲ့ဝင် Lim Jae-beom ကိုတော့ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံပိုင် Goyang မှာမွေးဖွးခဲ့ပြီးအခုဆိုရင် အသက် ၂၆ တောင်ပြည့်ပြီးပါပြီနော်။

9. One


မျက်နှာချောချောလေးကိုပိုင်ဆိုင်ထားတဲ့ One လို့လူသိများတဲ့ Jung Je-won ကိုတော့ ၁၉၉၄ ခုနှစ်၊မတ် ၂၉ မှာ တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့မှာမွေးဖွားခဲ့ပါတယ်။

10. Seungwoo (VICTON)


Han Seung-woo ကတော့ အဆိုတော်တစ်ယောက်ပါနော်။သူ့ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူမြို့၊ Geumgok မှာမွေးဖွားခဲ့တာပါ။မွေးနေ့ကတော့ ၁၉၉၄၊ ဒီဇင်ဘာလ ၂၄ ရက်ပါနော်။

11. Jinyoung (GOT7)


Park Jin-young ကိုတော့ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၂၂ မှာတောင်ကိုရီးယားနိုင်ငံ၊ Jinhae-gu မှာမွေးဖွားခဲ့တာပါ။

12. Hyungwon (MONSTA X)


မျက်နှာသွယ်သွယ်လေးနဲ့ fan girls တွေရဲ့အားပေးမှုကို ရရှိထားသူက Chae Hyung-won ပါ။ ၁၉၉၄ ခုနှစ်၊ဇန်နဝါရီ ၁၅ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊Gwangju, Gwangsan-gu မှာမွေးဖွားခဲ့တာပါ။

13. Joohoney (MONSTA X)


Joohoney လို့အသိများတဲ့ Lee Joo-heon ကတော့ ပြုံးလိုက်တိုင်း ချစ်စရာကောင်းတဲ့ ပါးပေါ်က ပါးချိုင့်လေးကြောင့်လဲ အတော်လေးကို ကြွေချင်စရာပါ။သူ့ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ဒယ်ဂူး မှာ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

14. Taeil (NCT)


Moon Tae-il ကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့၊ Dongdaemun-gu မှာမွေးဖွားခဲ့တာပါ။ မွေးနေ့လေးကတော့ ၁၉၉၄ ခုနှစ်၊ဇွန်လ ၁၄ ရက်ဖြစ်ပါတယ်။

15. Hongseok (Pentagon)


မျက်နှာတည်လေးနဲ့ အမိုက်စားBody ကြောင့် လဲ ပရိသတ်တွေကအရမ်းတွေကြွေကြတာပါ။ သူ့ကိုတော့ ၁၉၉၄ ခုနှစ်၊ ဧပြီ ၁၇ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ၊ Seongnam-si မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။
Ref;Koreaboo,By Bunnie Moreau

316 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.