Mask တပ်ခြင်းကြောင့် ဝက်ခြံပိုထွက်လာနိုင်လား

အခုဆိုရင် ကူးစက်ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ အတွက် အပြင်ထွက်တိုင်း Mask (နှာခေါင်းစည်း) တွေကို တပ်လာကြပါတယ်။ ဒီလို တပ်ရတဲ့အခါ အဖြစ်များလာတဲ့ အလှအပရေးရာ ပြဿနာ တစ်ခုက ဝက်ခြံ ထွက်တာပါပဲ။Mask တပ်ရတာနဲ့ ဝက်ခြံထွက်တာက ဘယ်လိုတွေကြောင့် ဖြစ်လာရလဲဆိုရင်တော့-

၁။ Mask တပ်တဲ့အခါ မျက်နှာမှာ ပုံမှန်ထက် ချွေးပိုထွက်ပါတယ်
အပြင်သွားရင် ခဏခဏ ချွေးမသုတ်နိုင်ဘဲ လှောင်ပိတ်နေရပါတယ်။ ရှူထုတ်လိုက်တဲ့ လေငွေ့နဲ့ Mask ထဲမှာ စိုထိုင်းမှုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဖြစ်လာအောင် ပံ့ပိုးပေးနိုင်တာကြောင့်ပါ။

၂။ မျက်နှာ အသားအရေ မှာ Mask နဲ့ ထိတွေ့မှု၊ ပွတ်တိုက်မှု အမြဲရှိနေတယ်
မျက်နှာဆိုတာ လက်နဲ့တောင် မကြာခဏ မထိ၊ မကိုင်သင့်တဲ့ အသားအရေ ဧရိယာပါ။ နုနယ်တယ်၊ ပိုးဝင်လွယ်တယ်၊ ထိခိုက်လွယ်ပါတယ်။ ဒီလိုနေရာမှာ ချွေးတွေနဲ့ Mask ကို တစ်ချိန်လုံး ထိတွေ့ထားရတာ ဝက်ခြံ ဖြစ်နိုင်ခြေ များပါတယ်။

၃။ Mask ကို အသစ် မလဲဘူး။
သုံးပြီးသား Mask ကို အခါခါ ပြန်သုံးမနေသင့်ပါဘူး။ တစ်ခါသုံး Mask တွေဆို တစ်နေ့ နှစ်ကြိမ်လောက် လဲပေးသင့်ပါတယ်။ ချွေးတွေနဲ့ Mask ကို အိမ်မှာ ခဏ ချိတ်ထားလိုက်ပြီး အပြင်ထွက်တော့ ပြန်တပ်သွားတာမျိုးက ဝက်ခြံထက် ရောဂါအန္တရာယ်ကို ပိုဖြစ်စေပါတယ်။ အဝတ် Mask ဆိုရင်တောင် လျှော်ပြီးသား တစ်ခုနဲ့ အသစ်လဲသုံးပါ။

၎။ Mask ကို မေးစေ့မှာ တပ်တာ၊ အောက်ချ ထားတာတွေ လုပ်တတ်တယ်

မေးစေ့အောက် အရေပြားမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေက ချွေးနဲ့အတူ ကပ်ငြိနေတတ်ပါတယ်။ ဒီလိုနေရာကိုမှ Mask ကို ဆွဲချကပ်ထားပြီး မျက်နှာမှာ ပြန်ဖုံးအုပ်တဲ့အခါ ဝက်ခြံတွေထွက်အောင်လို့ အားပေးနေသလိုမျိုးတောင် ဖြစ်နေပါတယ်။

ရောက်လေရာမှာ Mask ကို ချွတ်ပြီး ဘေးချထားတတ်တာ၊ လက်ထဲမှာ ဆုပ်ကိုင်ထားတတ်တာလည်း ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ချလိုက်တဲ့နေရာက ဒါမှမဟုတ် ကိုယ့်ရဲ့လက်က ရှိသမျှ ပိုးမွှားတွေ Mask မှာ အကုန်ကပ်ပါသွားတဲ့အတွက်ကြောင့်ပါ။

Conceptual of problems on woman skin.

Ref;HEALTH GROUPS

66 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.