အမ်ိဳးသမီးေတြ ႏွာေခါင္းမရႈံ႕ေစဖုိ႔ အမ်ိဳးသားတို႔ သတိထားသင့္တဲ့အခ်က္ ၄ ခ်က္

၁။ ေရေမႊးတရားလြန္ဆြတ္ဖ်န္းျခင္း
ဘယ္ေလာက္ပဲ ေကာင္းမြန္တဲ့အရာျဖစ္ပါေစ တန္ေဆးလြန္ေဘးဆိုတာမ်ိဳးရွိပါတယ္။ ေရေမႊးစြတ္တာ အနည္းငယ္မ်ားသြားရင္ကိုပဲ ေကာင္းမြန္တဲ့အနံ႔ကို ဆိုး႐ြားတဲ့အနံ႔အျဖစ္ ေျပာင္းသြားေစႏိုင္ပါတယ္။ ဒါေၾကာင့္မွန္ကန္တဲ့ေနရာအနည္းငယ္မွာ ဆြတ္ဖ်န္းေပးရင္ လုံေလာက္ပါၿပီ။ ေသြးခုန္ႏႈန္းရွိတဲ့ လက္ေကာက္ဝတ္ေနရာမ်ားနဲ႔ နားရဲ႕ေနာက္ဘက္ေနရာတို႔မွာ စြတ္ေပးရင္ပဲ တစ္ေန႔တာလုံးအတြက္ ေမႊးပ်ံ႕ေနေစမွာပါ။

၂။ ဆံပင္ပါးလာျခင္းကို လ်စ္လ်ဴရႈျခင္း
အမ်ိဳးသားေတြမွာျဖစ္တတ္တဲ့ ထိပ္ေျပာင္ျခင္းဟာ အသက္(၂၀)မွာကတည္းက စတင္ၿပီး တစ္ႏွစ္ကိုတိုးႏႈန္း (၄)ရာခိုင္ႏႈန္းရွိပါတယ္။ ဒီႏႈန္းဟာ ဆံပင္လုံးဝမရွိေတာ့တဲ့အထိ ဒီအတိုင္းပဲ ဆက္ၿပီးျဖစ္ေနမွာပါပဲ။ မွန္ကန္တဲ့ဆံပင္ပုံစံဟာ ထိပ္ေျပာင္ျခင္းကို အနည္းငယ္ဖုံးအုပ္ႏိုင္ေပမယ့္ ဆံပင္ကြၽတ္ႏႈန္းကိုေတာ့ မရပ္တန႔္ေစႏိုင္ပါဘူး။ ဒါေပမဲ့ ဆံပင္ကြၽတ္ျခင္းကို ကုသဖို႔ အလြယ္တကူ ဝယ္လို႔ရႏိုင္တဲ့ ေဆးဝါးေတြလည္းရွိပါတယ္။ ဒီေဆးေတြက ဆံပင္ကြၽတ္ႏႈန္းကို ေႏွးေကြးေစၿပီး ဆံပင္ကိုေတာင္ ျပန္ေပါက္ေစႏိုင္ပါတယ္။ ဒီေဆးေတြသုံးလို႔ မသက္သာဘူးဆိုရင္ေတာ့ အေရျပားဆရာဝန္နဲ႔ျပသၿပီး အႀကံဉာဏ္ေတာင္းခံႏိုင္ပါတယ္။

၃။ Moisturizer မသုံးစြဲျခင္း
နဂိုမူလဗီဇအရ အမ်ိဳးသားမ်ားဟာ ထူထဲတဲ့ အေရျပားကို ပိုင္ဆိုင္ၾကသူမ်ားျဖစ္ပါတယ္။ ဒါေပမဲ့ နဂိုအၾကမ္းခံတဲ့ အသားအေရဟာလည္း ဂ႐ုတစိုက္မထိန္းသိမ္းတဲ့အခါ အေရးအေၾကာင္းမ်ားနဲ႔ အေရျပားတြန႔္ျခင္းေတြကို ျဖစ္လာေစပါတယ္။ အမ်ိဳးသားမ်ားရဲ႕ အသားအေရဟာ အၾကမ္းခံတယ္လို႔ ထင္ရေပမယ့္ ပုံမွန္ေရခ်ိဳးၿပီးရင္ေတာင္ ေျခာက္ေသြ႕ေနတတ္ပါတယ္။ ဒါေၾကာင့္ေပါ့ပါးၿပီး ေစးကပ္ျခင္းမရွိတဲ့ SPF ပါတဲ့ Moisturizer ကို မ်က္ႏွာနဲ႔ လည္ပင္းအတြက္ ေန႔စဥ္သုံးေပးသင့္ပါတယ္။ ဒါမွ ေရဓာတ္ကို ျပန္လည္ျဖည့္တင္းေပးၿပီး ေနေလာင္ဒဏ္ကို ကာကြယ္ႏိုင္ကာ ေခ်ာေမြ႕မႈကို ရရွိလာပါလိမ့္မယ္။

၄။ နားနဲ႔ႏွာေခါင္းက အေမႊးအမွင္မ်ားကို ဂ႐ုမျပဳုျခင္း
အေႏွာင့္ယွက္ ဆုံး အေၾကာင္းအရာတစ္ခုကေတာ့ နားေမႊးေတြ၊ ႏွာေခါင္းေမႊးေတြ တရားလြန္ရွည္ထြက္ေနျခင္းပါ။ ဒီအေမႊးအမွင္ေတြဟာ ျပင္ပက ဖုန္ ေတြ၊ အမႈန္ေတြကို ကာကြယ္ရာမွာ အေရးပါေပမယ့္ မလိုအပ္ဘဲ အျပင္ကိုရွည္ထြက္ေနတာကေတာ့ အလြန္ပဲစိတ္အေႏွာင့္အယွက္ျဖစ္ ေစပါတယ္။ ဒါေၾကာင့္ ကပ္ေၾကးအေသးေလးကို အသုံးျပဳၿပီး ညႇပ္ေပးသင့္ပါတယ္။

[ Unicode ]

၁။ ရေမွှေးတရားလွန်ဆွတ်ဖျန်းခြင်း
ဘယ်လောက်ပဲ ကောင်းမွန်တဲ့အရာဖြစ်ပါစေ တန်ဆေးလွန်ဘေးဆိုတာမျိုးရှိပါတယ်။ ရေမွှေးစွတ်တာ အနည်းငယ်များသွားရင်ကိုပဲ ကောင်းမွန်တဲ့အနံ့ကို ဆိုးရွားတဲ့အနံ့အဖြစ် ပြောင်းသွားစေနိုင်ပါတယ်။ ဒါကြောင့်မှန်ကန်တဲ့နေရာအနည်းငယ်မှာ ဆွတ်ဖျန်းပေးရင် လုံလောက်ပါပြီ။ သွေးခုန်နှုန်းရှိတဲ့ လက်ကောက်ဝတ်နေရာများနဲ့ နားရဲ့နောက်ဘက်နေရာတို့မှာ စွတ်ပေးရင်ပဲ တစ်နေ့တာလုံးအတွက် မွှေးပျံ့နေစေမှာပါ။

၂။ ဆံပင်ပါးလာခြင်းကို လျစ်လျူရှုခြင်း
အမျိုးသားတွေမှာဖြစ်တတ်တဲ့ ထိပ်ပြောင်ခြင်းဟာ အသက်(၂၀)မှာကတည်းက စတင်ပြီး တစ်နှစ်ကိုတိုးနှုန်း (၄)ရာခိုင်နှုန်းရှိပါတယ်။ ဒီနှုန်းဟာ ဆံပင်လုံးဝမရှိတော့တဲ့အထိ ဒီအတိုင်းပဲ ဆက်ပြီးဖြစ်နေမှာပါပဲ။ မှန်ကန်တဲ့ဆံပင်ပုံစံဟာ ထိပ်ပြောင်ခြင်းကို အနည်းငယ်ဖုံးအုပ်နိုင်ပေမယ့် ဆံပင်ကျွတ်နှုန်းကိုတော့ မရပ်တန့်စေနိုင်ပါဘူး။ ဒါပေမဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့ အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ ဆေးဝါးတွေလည်းရှိပါတယ်။ ဒီဆေးတွေက ဆံပင်ကျွတ်နှုန်းကို နှေးကွေးစေပြီး ဆံပင်ကိုတောင် ပြန်ပေါက်စေနိုင်ပါတယ်။ ဒီဆေးတွေသုံးလို့ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ပြသပြီး အကြံဉာဏ်တောင်းခံနိုင်ပါတယ်။

၃။ Moisturizer မသုံးစွဲခြင်း
နဂိုမူလဗီဇအရ အမျိုးသားများဟာ ထူထဲတဲ့ အရေပြားကို ပိုင်ဆိုင်ကြသူများဖြစ်ပါတယ်။ ဒါပေမဲ့ နဂိုအကြမ်းခံတဲ့ အသားအရေဟာလည်း ဂရုတစိုက်မထိန်းသိမ်းတဲ့အခါ အရေးအကြောင်းများနဲ့ အရေပြားတွန့်ခြင်းတွေကို ဖြစ်လာစေပါတယ်။ အမျိုးသားများရဲ့ အသားအရေဟာ အကြမ်းခံတယ်လို့ ထင်ရပေမယ့် ပုံမှန်ရေချိုးပြီးရင်တောင် ခြောက်သွေ့နေတတ်ပါတယ်။ ဒါကြောင့်ပေါ့ပါးပြီး စေးကပ်ခြင်းမရှိတဲ့ SPF ပါတဲ့ Moisturizer ကို မျက်နှာနဲ့ လည်ပင်းအတွက် နေ့စဉ်သုံးပေးသင့်ပါတယ်။ ဒါမှ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး နေလောင်ဒဏ်ကို ကာကွယ်နိုင်ကာ ချောမွေ့မှုကို ရရှိလာပါလိမ့်မယ်။

၄။ နားနဲ့နှာခေါင်းက အမွှေးအမှင်များကို ဂရုမပြုုခြင်း
အနှောင့်ယှက် ဆုံး အကြောင်းအရာတစ်ခုကတော့ နားမွှေးတွေ၊ နှာခေါင်းမွှေးတွေ တရားလွန်ရှည်ထွက်နေခြင်းပါ။ ဒီအမွှေးအမှင်တွေဟာ ပြင်ပက ဖုန် တွေ၊ အမှုန်တွေကို ကာကွယ်ရာမှာ အရေးပါပေမယ့် မလိုအပ်ဘဲ အပြင်ကိုရှည်ထွက်နေတာကတော့ အလွန်ပဲစိတ်အနှောင့်အယှက်ဖြစ် စေပါတယ်။ ဒါကြောင့် ကပ်ကြေးအသေးလေးကို အသုံးပြုပြီး ညှပ်ပေးသင့်ပါတယ်။

Ref; rsgoals

 

403 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.