ၾကက္ဥေပါင္း ျပဳလုပ္နည္း

ထုပ္ထုပ္ေလးနဲ႔ အရမ္းေကာင္းတဲ့ ၾကက္ဥေပါင္းျပဳလုပ္နည္းကို အဆာေျပစားဖုိ႔ Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ ပစၥည္းမ်ား
၁။ ၾကက္ဥ
၂။ ဆား
၃။ ေဆးထိုးအပ္ႁပြန္ အသစ္တစ္ေခ်ာင္း

ျပဳလုပ္နည္း
၁။ ပုံမွာျပထားတဲ့အတိုင္း ၾကက္ဥထိပ္ေလးကို အေပါက္ေလးေဖာက္ၿပီး ၾကက္ဥအႏွစ္မ်ားကို ေဆးထိုးႁပြန္နဲ႔ စုပ္ထုတ္လိုက္ပါ။
၂။ ၾကက္ဥႏွစ္မ်ားကို ဆားအနဲငယ္ထည့္ေမႊၿပီး ၾကက္ဥခြံေလးထဲ ႁပြန္နဲ႔ ျပန္ထဲ့ပါ။ အျပည့္မထည့္ပဲ အနည္းငယ္ေနရာ ခ်န္ထားပါ။
၃။ ၾကက္ဥျပန္ေပါင္းတဲ့အခါ လွ်ံမထြက္လာေစရန္ ျဖစ္ပါတယ္။
၄။ ၿပီးရင္ၾကက္ဥထိပ္ေလးကို တိပ္နဲ႔ပိတ္ကာ မီးနည္းနည္းျဖင့္ ၇မိနစ္ ၁၀မိနစ္ခန႔္ ေပါင္း၍ျဖစ္ေစ၊ ျပဳတ္၍ျဖစ္ေစ ျပဳလုပ္ပါ။
၅။ ၾကက္ဥေလးမ်ား က်က္သြားတဲ့အခါ ေရေအး ခဏစိမ္ထားၿပီး အခြံခြါလိုက္ရင္ အသားေရာင္သန္းေသာ အျဖဴေရာင္ၾကက္ဥေလးမ်ား ထြက္လာပါမယ္။
ဒါဆိုရင္ေတာ့ ကင္ၿပီးစားစား၊ ေၾကာ္ၿပီးစားစား အရသာရွိရွိ ၾကက္ဥေပါင္းကို သံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

ထုပ်ထုပ်လေးနဲ့ အရမ်းကောင်းတဲ့ ကြက်ဥပေါင်းပြုလုပ်နည်းကို အဆာပြေစားဖို့ Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင် ပစ္စည်းများ
၁။ ကြက်ဥ
၂။ ဆား
၃။ ဆေးထိုးအပ်ပြွန် အသစ်တစ်ချောင်း

ပြုလုပ်နည်း
၁။ ပုံမှာပြထားတဲ့အတိုင်း ကြက်ဥထိပ်လေးကို အပေါက်လေးဖောက်ပြီး ကြက်ဥအနှစ်များကို ဆေးထိုးပြွန်နဲ့ စုပ်ထုတ်လိုက်ပါ။
၂။ ကြက်ဥနှစ်များကို ဆားအနဲငယ်ထည့်မွှေပြီး ကြက်ဥခွံလေးထဲ ပြွန်နဲ့ ပြန်ထဲ့ပါ။ အပြည့်မထည့်ပဲ အနည်းငယ်နေရာ ချန်ထားပါ။
၃။ ကြက်ဥပြန်ပေါင်းတဲ့အခါ လျှံမထွက်လာစေရန် ဖြစ်ပါတယ်။
၄။ ပြီးရင်ကြက်ဥထိပ်လေးကို တိပ်နဲ့ပိတ်ကာ မီးနည်းနည်းဖြင့် ၇မိနစ် ၁၀မိနစ်ခန့် ပေါင်း၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ပြုလုပ်ပါ။
၅။ ကြက်ဥလေးများ ကျက်သွားတဲ့အခါ ရေအေး ခဏစိမ်ထားပြီး အခွံခွါလိုက်ရင် အသားရောင်သန်းသော အဖြူရောင်ကြက်ဥလေးများ ထွက်လာပါမယ်။
ဒါဆိုရင်တော့ ကင်ပြီးစားစား၊ ကြော်ပြီးစားစား အရသာရှိရှိ ကြက်ဥပေါင်းကို သုံးဆောင်နိုင်ပါပြီနော်။

 

Ref; asianfood

 

608 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.