ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူအချင်းချင်းလက်ထပ်ခဲ့ကြတဲ့ အနုပညာရှင်များ

အနုပညာသမားအချင်းချင်းလက်ထပ်တာက တော်တော်မလွယ်တဲ့ ကိစ္စတစ်ခုပါ။ နှစ်ယောက်လုံးက အနုပညာသမားတွေဖြစ်နေလို့ Fan အချင်းချင်း ပြဿနာတွေဖြစ်တာတွေလဲရှိသလို တစ်ချို့ဆိုရင် အားပေးမှုတွေပါ ကျဆင်းသွားတဲ့အထိ ခံရတဲ့ အနုပညာရှင်တွေလဲများစွာရှိပါတယ်။ ဒီတစ်ခါမှာတော့ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူအချင်းချင်း လက်ထပ်ထားတဲ့ Couples လေးတွေအကြောင်းပါ။

1. Song Hye Kyo & Song Joong Ki


Descendants of the Sun ဇာတ်လမ်းတွဲမှာ အတူတွဲဖက်သရုပ်ဆောင်ရင်း စတွေ့ခဲ့ကြတဲ့ Song Hye Kyo နဲ့ Song Joong Ki တို့အတွဲလေးပါ။Song Song Couples လို့လူသိများတဲ့အတွဲလေးက တကယ်လဲလိုက်ဖက်မှုရှိပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုလည်းရရှိခဲ့ပါတယ်။ဒီဇာတ်လမ်းလေးအပြီး ၂၀၁၇ ခုနှစ်မှာတော့ နှစ်ယောက်သားလက်ထပ်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။

2. Park Soo Jin & Bae Yong Jun


မင်းသမီး Park soo Jin နဲ့ သရုပ်ဆောင် Bae Young Jun တို့ကတော့ သူတို့ရဲ့မင်္ဂလာပွဲကို ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့တာပါ။ အခုဆိုရင် သားနဲ့သမီးကို ပိုင်ဆိုင်ထားပြီး လှပပျော်ရွှင်ဖွယ်မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။

3. Lee Min Jeong & Lee Byung Hun


နာမည်ကြီးမင်းသား Lee Byung Hyun နဲ့ သူ့အမျိုးသမီး Lee Min Jeong တို့ကတော့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ သားဦးလေးကို ရရှိခဲ့ပါတယ်။ Lee Byung Hun တို့အတွဲလေးကတော့ အသက် ၁၂ နှစ်ကွာပေမယ့်လည်း အရမ်းချစ်ကြတဲ့အတွဲလေးဖြစ်ပြီး အချစ်မှာအသက်အရွယ်ပိုင်းခြားထားတာမရှိဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။

4. Kim Tae Hee & Rain


အဆိုတော် Rain နဲ့ Kim Tae Hee တို့ကတော့ Dating ၅ နှစ်အကြာ၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ချစ်စရာကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။

5. Lee Bo Young & Ji Sung


သရုပ်ဆောင်ပြီပြင်လွန်းတဲ့ မင်းသားကြီး Ji Sung ကတော့ Save Last Dance for Me (2004) ဇာတ်လမ်းတွဲမှာ မင်းသမီး Lee Bo Young နဲ့ စတွေ့ခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာတော့ သူတို့ရဲ့ ဆက်ဆံရေးတွေကို အတည်ပြုခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၃ ခုနှစ်၊သြဂုတ်လမှာတော့ လက်ထပ်ဖို့အတွက် စီစဉ်နေကြောင်းပြောခဲ့ပြီး စက်တင်ဘာလမှာတော့ လက်ထပ်ပွဲကို လုပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ ကလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုနဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်။

6. Lee Na Young & Won Bin


အေဂျင်စီတစ်ခုတည်းမှာ အတူတူ လုပ်ကိုင်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ ၂၀၁၅ ခုနှစ် မေလမှာလက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးတစ်ယောက်ကို ရရှိနေပြီဖြစ်ပါတယ်။

7. Ko So Young & Jang Dong Gun


မော်ဒယ်မင်းသမီး Ko So Young နဲ့ နာမည်ကြီးမင်းသား Jang Dong Gun တို့ကတော့ ၂၀၁၀ ခုနှစ်မေလမှာ တောင်ကိုရီးယားနိုင်ငံ Shilla Hotel မှာ လက်ထပ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင် သားတစ်ယောက်၊သမီးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားပြီး အေးအေးချမ်းချမ်းနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။


Ref;Koreaboo

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.