အိမ္ေထာင္ေရးအဆင္မေျပျဖစ္ေစတဲ့ အခ်က္မ်ား

၁။ ထမင္းစားေနစဥ္ TV၊ ဖုန္း ၾကည့္ျခင္း
– ဒီအက်င့္က ဆိုးဝါးတဲ့ အက်င့္ ျဖစ္ပါတယ္။ ညစာ၊ မနက္စာ စားသုံးတဲ့ အခ်ိန္ဆိုတာ မိမိ အိမ္ေထာင္ဖက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ၿပီး စကားေျပာႏိုင္တဲ့ အခြင့္အေရး ရေတာင့္ ရခဲအခ်ိန္ ျဖစ္ပါတယ္။ ဒီအခ်ိန္မ်ိဳးမွာ ကိုယ္က သူ႔မ်က္ႏွာကို ဂ႐ုတစိုက္ မၾကည့္ႏိုင္ဘဲ TV၊ ဖုန္းကိုပဲ ၾကည့္ေနမယ္ ဆိုရင္ သူ႔ဆီက အာ႐ုံ ဖမ္းစားႏိုင္ဖို႔ အခြင့္အေရး လက္လြတ္သြားၿပီေပါ့။

၂။ ကာလၾကာရွည္စြာ ဆက္ဆံမႈမျပဳဘဲ ထားျခင္း
– ဇနီး၊ ခင္ပြန္းတို႔ ကိုယ္လက္ ႏွီးေႏွာျခင္းဟာ ဦးေႏွာက္ခ်င္း ဆက္သြယ္မႈလည္း ရေစတယ္လို႔ သိပၸံ ပညာရွင္မ်ားက ဆိုပါတယ္။ ဒီနည္းနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ သံေယာဇဥ္ ပိုမို တိုးပြားေစတာေၾကာင့္ ကိုယ္ စိတ္ပါသည္ ျဖစ္ေစ၊ မပါသည္ ျဖစ္ေစ ဇနီး၊ ခင္ပြန္းနဲ႔ ကာလၾကာရွည္စြာ ကိုယ္လက္ ႏွီးေႏွာခ်င္း မျပဳဘဲ မေနသင့္ပါဘူး။

၃။ လုပ္ငန္းခြင္မွာ ျမႇဳပ္ႏွံေနၿပီး ဇနီး၊ ခင္ပြန္းနဲ႔ စကားမေျပာ ျဖစ္ျခင္း
– ကိုယ့္အလုပ္နဲ႔ ကိုယ္ ရႈပ္ေနတဲ့ အတြက္ သူ႔ကို စကားမေျပာ အားဘဲ တစ္ပတ္ လုံးလုံး ေနလိုက္ျခင္းက တျဖည္းျဖည္း ေဝးကြာ သြားေစတယ္ ဆိုတာ အိမ္ေထာင္သည္မ်ား အေနနဲ႔ အထူးသတိျပဳ သင့္ပါတယ္။ စကားေျပာဖို႔ အခ်ိန္မရဘူး ဆိုရင္ေတာ့ လုပ္ငန္းခြင္ကေန ဖုန္းေလးဆက္၊ Message ေလးပို႔ၿပီး ဂ႐ုစိုက္သင့္ပါတယ္။

၄။ တစ္ေယာက္နဲ႔ တစ္ေယာက္ လုံး၀ ဂ႐ုမစိုက္ဘဲ ေနျခင္း
တစ္အိမ္တည္းမွာ အတူ ေနပါလ်က္နဲ႔ မ်က္လုံးခ်င္းေတာင္ မဆိုင္မိဘဲ ဘာသိဘာသာ ေနျခင္းဟာ ဇနီး၊ ခင္ပြန္းတို႔ရဲ႕ ေဝးကြာမႈ အစျဖစ္တယ္ဆိုတာ သတိျပဳ သင့္ပါတယ္။ အနည္းဆုံး ႐ုံးသြားခါနီးမွာ ႏႈတ္ဆက္စကား ဆိုတာေလာက္၊ ပါးနမ္းျခင္းေလာက္ျဖစ္ျဖစ္ ဂ႐ုစိုက္ ျပသျခင္းအားျဖင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ အေရးစိုက္တယ္ ဆိုတာ ျပသင့္ပါတယ္။

၅။ ခိုက္ရန္ ျဖစ္ပြားျခင္း
– ကိုယ္က ဘာမႀကိဳက္ဘူး ဆိုတာ သူ သိေအာင္ ေျပာထားႏိုင္သလို သူ ဘာ မႀကိဳက္ဘူး ဆိုတာကိုလည္း ကိုယ္က သိနားလည္ထားၿပီး မႀကိဳက္တာ မလုပ္မိေအာင္ ေရွာင္ရပါမယ္။ သူနဲ႔ ပတ္သက္ၿပီး ကိုယ္မႀကိဳက္တာကို ထုတ္ေဖာ္ေျပာတဲ့ အခ်ိန္မွာ ေလယူ ေလသိမ္းက အထူး အေရးႀကီးပါတယ္။ ေဒါသသံ မပါ ပါေစနဲ႔။

၆။ အေပါင္းအသင္းမ်ားနဲ႔ အျပင္ထြက္ျခင္းက ပိုမို မ်ားျပားေနျခင္း
– အေပါင္း အသင္းမ်ားနဲ႔ထြက္ရာမွာ မိမိဇနီး၊ ခင္ပြန္းကိုပါ ကိုယ္နဲ႔အတူ လိုက္ပါေစျခင္း အားျဖင့္ ဒီအက်င့္ကို ျပင္ႏိုင္ပါတယ္။ ကိုယ္က အိမ္ေထာင္သည္ ျဖစ္ေနၿပီ ျဖစ္တဲ့အတြက္ အေပါင္းအသင္းမ်ား ကလည္း နားလည္မႈေပးႏိုင္မွာပါ။

ဒီအခ်က္ေတြနဲ႔ တိုက္ဆိုင္ စစ္ေဆးၿပီး ျပင္ဆင္လိုက္မယ္ ဆိုရင္ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပသြားၿပီး အိမ္ေထာင္ေရးလည္း ေပ်ာ္႐ႊင္ ခ်မ္းေျမ့တဲ့ အိမ္ေထာင္ တစ္ခု ျဖစ္လာပါလိမ့္မယ္။

[ Unicode ]

၁။ ထမင်းစားနေစဉ် TV၊ ဖုန်း ကြည့်ခြင်း
– ဒီအကျင့်က ဆိုးဝါးတဲ့ အကျင့် ဖြစ်ပါတယ်။ ညစာ၊ မနက်စာ စားသုံးတဲ့ အချိန်ဆိုတာ မိမိ အိမ်ထောင်ဖက်နဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောနိုင်တဲ့ အခွင့်အရေး ရတောင့် ရခဲအချိန် ဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ ကိုယ်က သူ့မျက်နှာကို ဂရုတစိုက် မကြည့်နိုင်ဘဲ TV၊ ဖုန်းကိုပဲ ကြည့်နေမယ် ဆိုရင် သူ့ဆီက အာရုံ ဖမ်းစားနိုင်ဖို့ အခွင့်အရေး လက်လွတ်သွားပြီပေါ့။

၂။ ကာလကြာရှည်စွာ ဆက်ဆံမှုမပြုဘဲ ထားခြင်း
– ဇနီး၊ ခင်ပွန်းတို့ ကိုယ်လက် နှီးနှောခြင်းဟာ ဦးနှောက်ချင်း ဆက်သွယ်မှုလည်း ရစေတယ်လို့ သိပ္ပံ ပညာရှင်များက ဆိုပါတယ်။ ဒီနည်းနဲ့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် ပိုမို တိုးပွားစေတာကြောင့် ကိုယ် စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ဇနီး၊ ခင်ပွန်းနဲ့ ကာလကြာရှည်စွာ ကိုယ်လက် နှီးနှောချင်း မပြုဘဲ မနေသင့်ပါဘူး။

၃။ လုပ်ငန်းခွင်မှာ မြှုပ်နှံနေပြီး ဇနီး၊ ခင်ပွန်းနဲ့ စကားမပြော ဖြစ်ခြင်း
– ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေတဲ့ အတွက် သူ့ကို စကားမပြော အားဘဲ တစ်ပတ် လုံးလုံး နေလိုက်ခြင်းက တဖြည်းဖြည်း ဝေးကွာ သွားစေတယ် ဆိုတာ အိမ်ထောင်သည်များ အနေနဲ့ အထူးသတိပြု သင့်ပါတယ်။ စကားပြောဖို့ အချိန်မရဘူး ဆိုရင်တော့ လုပ်ငန်းခွင်ကနေ ဖုန်းလေးဆက်၊ Message လေးပို့ပြီး ဂရုစိုက်သင့်ပါတယ်။

၄။ တစ်ယောက်နဲ့ တစ်ယောက် လုံး၀ ဂရုမစိုက်ဘဲ နေခြင်း
တစ်အိမ်တည်းမှာ အတူ နေပါလျက်နဲ့ မျက်လုံးချင်းတောင် မဆိုင်မိဘဲ ဘာသိဘာသာ နေခြင်းဟာ ဇနီး၊ ခင်ပွန်းတို့ရဲ့ ဝေးကွာမှု အစဖြစ်တယ်ဆိုတာ သတိပြု သင့်ပါတယ်။ အနည်းဆုံး ရုံးသွားခါနီးမှာ နှုတ်ဆက်စကား ဆိုတာလောက်၊ ပါးနမ်းခြင်းလောက်ဖြစ်ဖြစ် ဂရုစိုက် ပြသခြင်းအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် အရေးစိုက်တယ် ဆိုတာ ပြသင့်ပါတယ်။

၅။ ခိုက်ရန် ဖြစ်ပွားခြင်း
– ကိုယ်က ဘာမကြိုက်ဘူး ဆိုတာ သူ သိအောင် ပြောထားနိုင်သလို သူ ဘာ မကြိုက်ဘူး ဆိုတာကိုလည်း ကိုယ်က သိနားလည်ထားပြီး မကြိုက်တာ မလုပ်မိအောင် ရှောင်ရပါမယ်။ သူနဲ့ ပတ်သက်ပြီး ကိုယ်မကြိုက်တာကို ထုတ်ဖော်ပြောတဲ့ အချိန်မှာ လေယူ လေသိမ်းက အထူး အရေးကြီးပါတယ်။ ဒေါသသံ မပါ ပါစေနဲ့။

၆။ အပေါင်းအသင်းများနဲ့ အပြင်ထွက်ခြင်းက ပိုမို များပြားနေခြင်း
– အပေါင်း အသင်းများနဲ့ထွက်ရာမှာ မိမိဇနီး၊ ခင်ပွန်းကိုပါ ကိုယ်နဲ့အတူ လိုက်ပါစေခြင်း အားဖြင့် ဒီအကျင့်ကို ပြင်နိုင်ပါတယ်။ ကိုယ်က အိမ်ထောင်သည် ဖြစ်နေပြီ ဖြစ်တဲ့အတွက် အပေါင်းအသင်းများ ကလည်း နားလည်မှုပေးနိုင်မှာပါ။

ဒီအချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး ပြင်ဆင်လိုက်မယ် ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေသွားပြီး အိမ်ထောင်ရေးလည်း ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင် တစ်ခု ဖြစ်လာပါလိမ့်မယ်။

Ref; rsgoals

 

107 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.