ကိုရီးယားထမင္းလုံး ျပဳလုပ္နည္း

စီးစီးအိအိေလးနဲ႔ အရမ္းစားေကာင္းတဲ့ ကိုရီးယားထမင္းလုံး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ ထမင္းလိပ္စားတာ ႐ိုးလာရင္ ခု ထမင္းလုံးေလးကို လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ ထမင္းပူပူ (ရွမ္းဆန္)
၂။ ၾကက္သား
၃။ ေရညႇိဖတ္
၄။ သခြားသီး
၅။ မုန္လာဥနီ
၆။ ေျပာင္းဖူး
၇။ ဆား
၈။ ဆီ
၉။ ႏွမ္းဆီ
၁၀။ ႏွမ္း

ျပဳလုပ္နည္း
၁။ ၾကက္သားကို ေရေဆးသန႔္စင္ၿပီး ေသးေသးႏုပ္ႏုပ္ေလးေတြျဖစ္ေအာင္ျပဳလုပ္ပါ။
၂။ ၿပီးလွ်င္ အေပါ့အငံ ထည့္နယ္ပါ။ ၿပီးေနာက္ ဒယ္အိုးထဲကို ဆီအနည္းငယ္ထည့္ၿပီးေၾကာ္ကာ ဆီစစ္ထားရပါမယ္။
၃။ အသီးအ႐ြက္မ်ားျဖစ္တဲ့ သခြားသီး၊ မုန္လာဥနီ အစရွိတဲ့ ႀကိဳက္ႏွစ္သက္ရာ ထည့္လိုေသာ အသီးအႏွံမ်ားကို ေသးေသးႏုပ္ႏုပ္ေလးေတြ ျဖစ္ေအာင္လွီးထားပါ။
၄။ ေျပာင္းဖူးအရင္ျပဳတ္လိုက္ပါ။ ၿပီးလွ်င္ ဆီ အနည္းငယ္၊ ဆား အနည္းငယ္မွ် ထည့္ကာ ပူတယ္ဆိုယုံမွ် တစ္ခ်က္ႏွစ္ခ်က္ ေမႊေၾကာ္ၿပီး ဇကာျဖင့္ ဆီ စစ္ထားရပါမယ္။
၅။ ၿပီးေနာက္ ခ်က္ထားၿပီးကာစ ထမင္းပူပူထဲကို ဆားအနည္းငယ္ ထည့္ပါ။ ညႇပ္ထားတဲ့ေရညႇိဖတ္ကို ထည့္လိုက္ပါ။ ႏွမ္းဆီ အနည္းငယ္ ဆမ္းပါ။ ေျပာင္းဖူးထည့္ကာ ခပ္ဖြဖြေလး နယ္ေပးရပါမယ္။
၆။ ထို႔ေနာက္ အေပါ့၊ အငံ အရသာ ျမည္းၾကည့္ကာ အရသာ အေနေတာ္ ျဖစ္ပါက အလုံးေလးေတြ စၿပီး လုံးလို႔ ရပါၿပီ။
၇။ လုံးၿပီးၿပီဆိုပါက ႏွမ္းေလးကို အေပၚမွ ျဖဴးေပးလိုက္ပါ။

ခုဆိုရင္ေတာ့ ကိုရီးယားထမင္းလုံးေလးကို ကိုရီးယားဆန္ဆန္ သုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

စီးစီးအိအိလေးနဲ့ အရမ်းစားကောင်းတဲ့ ကိုရီးယားထမင်းလုံး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ထမင်းလိပ်စားတာ ရိုးလာရင် ခု ထမင်းလုံးလေးကို လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ထမင်းပူပူ (ရှမ်းဆန်)
၂။ ကြက်သား
၃။ ရေညှိဖတ်
၄။ သခွားသီး
၅။ မုန်လာဥနီ
၆။ ပြောင်းဖူး
၇။ ဆား
၈။ ဆီ၊
၉။ နှမ်းဆီ
၁၀။ နှမ်း

ပြုလုပ်နည်း
၁။ ကြက်သားကို ရေဆေးသန့်စင်ပြီး သေးသေးနုပ်နုပ်လေးတွေဖြစ်အောင်ပြုလုပ်ပါ။
၂။ ပြီးလျှင် အပေါ့အငံ ထည့်နယ်ပါ။ ပြီးနောက် ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီးကြော်ကာ ဆီစစ်ထားရပါမယ်။
၃။ အသီးအရွက်များဖြစ်တဲ့ သခွားသီး၊ မုန်လာဥနီ အစရှိတဲ့ ကြိုက်နှစ်သက်ရာ ထည့်လိုသော အသီးအနှံများကို သေးသေးနုပ်နုပ်လေးတွေ ဖြစ်အောင်လှီးထားပါ။
၄။ ပြောင်းဖူးအရင်ပြုတ်လိုက်ပါ။ ပြီးလျှင် ဆီ အနည်းငယ်၊ ဆား အနည်းငယ်မျှ ထည့်ကာ ပူတယ်ဆိုယုံမျှ တစ်ချက်နှစ်ချက် မွှေကြော်ပြီး ဇကာဖြင့် ဆီ စစ်ထားရပါမယ်။
၅။ ပြီးနောက် ချက်ထားပြီးကာစ ထမင်းပူပူထဲကို ဆားအနည်းငယ် ထည့်ပါ။ ညှပ်ထားတဲ့ရေညှိဖတ်ကို ထည့်လိုက်ပါ။ နှမ်းဆီ အနည်းငယ် ဆမ်းပါ။ ပြောင်းဖူးထည့်ကာ ခပ်ဖွဖွလေး နယ်ပေးရပါမယ်။
၆။ ထို့နောက် အပေါ့၊ အငံ အရသာ မြည်းကြည့်ကာ အရသာ အနေတော် ဖြစ်ပါက အလုံးလေးတွေ စပြီး လုံးလို့ ရပါပြီ။
၇။ လုံးပြီးပြီဆိုပါက နှမ်းလေးကို အပေါ်မှ ဖြူးပေးလိုက်ပါ။
ခုဆိုရင်တော့ ကိုရီးယားထမင်းလုံးလေးကို ကိုရီးယားဆန်ဆန် သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

416 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.