ရာသီခြင္အရ အားနည္းခ်က္မ်ား

၁။ မိႆရာသီဖြား (Aries )
မတ္လ (၂၁) မွ ဧျပီလ(၂၀) ရက္အတြင္းေမြးဖြားသူမ်ား
– မိႆရာသီဖြားေတြဟာ အမွီအခိုကင္းကင္းနဲ႔ စြန္႔စားလိုသူေတြျဖစ္ပါတယ္။ တစ္ကိုယ္ေတာ္ စြန္႔စားခန္းေတြ ဘယ္ေလာက္လုပ္လုပ္ ဘယ္ေတာ့မွ ဒုကၡမေရာက္ၾကပါဘူး။ ဒါေပမယ့္ ဘဝရဲ႕အဓိကရည္မွန္းခ်က္ေတြကို အာရံုစိုက္ထားဖို႔လိုပါတယ္။ အက်ိဳးမရွိဘူးထင္ျပီး အၾကံဉာဏ္ေကာင္းေတြကို စြန္႔လႊတ္တတ္တဲ့အားနည္းခ်က္ကို ျပင္သင့္ပါတယ္။

၂။ ျပိႆ ရာသီဖြား (Taurus )
ဧျပီလ (၂၁ )မွ ေမလ(၂ဝ) ရက္အတြင္း ေမြးဖြားသူမ်ား
– ျပိႆရာသီဖြားေတြသတိထားရမယ့္ အားနည္းခ်က္ကေတာ့ သင့္ပတ္ဝန္းက်င္ကိုေရာက္လာတဲ့ လူေတြကို ခ်ဳပ္ခ်ယ္ျခင္းပါပဲ။ သင့္ေၾကာင့္ သူတစ္ပါးရဲ႕ လြတ္လပ္မႈေပ်ာက္ဆံုးသြားတယ္ဆိုတာ မျဖစ္သင့္ပါဘူး။

၃။ ေမထုန္ရာသီဖြား (Gemini)
ေမလ (၂၁) မွ ဇြန္လ (၂၁) ရက္ အတြင္းေမြးဖြားသူမ်ား
– ေမထုန္ရာသီဖြားေတြရဲ႕ အားနည္းခ်က္ကေတာ့ အလြယ္တကူဆံုးျဖတ္ခ်က္ခ်ျခင္းပါပဲ။ သူတို႔ေကာင္းတယ္ထင္ရင္ ေသခ်ာမစဥ္းစားဘဲလုပ္တတ္ၾကတယ္။ ဝါသနာေတြ၊ စိတ္ကူးအိပ္မက္ေတြကို အက်ႌလဲသလို အလြယ္တကူေျပာင္းလဲတတ္ၾကတယ္။ ရင့္က်က္တဲ့သူတစ္ေယာက္ျဖစ္ဖို႔ ကိုယ့္ကိုယ္ကုိ ခံစားခ်က္ကိုဦးစားေပးတတ္တာေတြကို ေရွာင္ၾကဥ္သင့္ပါတယ္။

၄။ ကရကဋ္ရာသီဖြား (Cancer)
ဇြန္လ (၂၂)ရက္မွ ဂ်ဴလိုင္လ (၂၂)အတြင္းေမြးဖြားသူမ်ား
– လူတိုင္းကို စိတ္ရင္းနဲ႔ခ်စ္တတ္တယ္။ စိတ္ရင္းနဲ႔ ခင္မင္တတ္တယ္။ ခ်စ္ခင္မိသေလာက္လည္း နာက်င္ခံစားရတာ ကရကဋ္ရာသီဖြားေတြပါ။ အတိတ္ကနာက်င္ျခင္းေတြကေနရုန္းထြက္ျပီး လွပတဲ့အနာဂတ္တစ္ခုကို တည္ေဆာက္ႏိုင္ဖို႔ၾကိဳးစားပါ။

၅။ သိဟ္ရာသီဖြား (Leo)
ဇူလိုင္လ(၂၃)ရက္မွ ႀသဂုတ္လ(၂၂)အတြင္းေမြးဖြားသူမ်ား
– ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိဖို႔ သူမ်ားေတြရဲ႕ခ်ီးမြမ္းစကားသံေတြကို လိုခ်င္ေနတဲ့စိတ္ကို ေဖ်ာက္လိုက္ပါ။ လူေတြရဲ႕စကားသံေတြဆိုတာ ကိုယ့္ဘဝအေပၚ တစ္စိတ္တစ္ေဒသအက်ိဳးျဖစ္ထြန္းေစႏိုင္ေပမယ့္ ဘဝေအာင္ျမင္ဖို႔ တကယ္လိုအပ္တဲ့အရာတစ္ခုမဟုတ္ပါဘူး။

၆။ ကန္ရာသီဖြား (Virgo )
ႀသဂုတ္လ (၂၃) ရက္မွ စက္တင္ဘာလ (၂၂) အတြင္းေမြးဖြားသူမ်ား
– အရာရာကို ၾကိဳတင္စီစဥ္ရံုနဲ႔ လံုးဝေအာင္ျမင္စြာျပီးဆံုးသြားမယ္လို႔ ယံုၾကည္ေနတာေတြကို စြန္႔လႊတ္သင့္ပါတယ္။ အစီအစဥ္ေကာင္းတစ္ခုဆိုတာ ေကာင္းေကာင္းၾကိဳးစားျပီး လက္ေတြ႔လုပ္မွ ေအာင္ျမင္ႏိုင္မွာပါ။ “ငါ” စြဲၾကီးတဲ့ အတၱဆန္ဆန္အေတြးအေခၚေလးေတြကိုလည္း စြန္႔လႊတ္သင့္ပါျပီ။

၇။ တူရာသီဖြား (Libra)
စက္တင္ဘာ (၂၃) မွ ေအာက္တိုဘာ (၂၂) ရက္အတြင္း ေမြးဖြားသူမ်ား
– သင္ခ်စ္တဲ့သူေတြရဲ႕ ၾကံဳလာသမွ်ျပႆနာတိုင္းကို သင့္ျပႆနာလို႔သတ္မွတ္ျပီး သင့္အလုပ္ေတြပ်က္ေလာက္တဲ့အထိ ကူညီေျဖရွင္းေပးတာေတြ ေလွ်ာ့ပါ။ တခ်ိဳ႕ကိစၥေတြက သူတို႔ကိုယ္တိုင္ေျဖရွင္းလို႔ရတာေၾကာင့္ သင္ေနရာတကာဝင္ရွင္းေပးေနဖို႔မလိုပါဘူး။

၈။ ျဗိစာၦရာသီဖြား(Scorpio)
ေအာက္တိုဘာ (၂၃) ရက္မွ နိုဝင္ဘာလ (၂၁) ရက္အတြင္းေမြးဖြားသူမ်ား
– အမွန္တရားဘက္က အျမဲရပ္တည္တတ္တဲ့ တစ္ဇြတ္ထိုးစိတ္ေလးေတြကို ေလွ်ာ့ပါ။ နည္းနည္းခါးတဲ့ အမွန္တရားေလးေတြလည္းရွိေနတတ္တာေၾကာင့္ တစ္ခါတစ္ေလမွာ အမွန္တရားကို လ်စ္လ်ဴရႈေပးသင့္တဲ့အခ်ိန္လည္းရွိပါတယ္။ အမွန္တရားကို တစ္ယူသန္ဖက္တြယ္ျပီး အမ်ားနဲ႔တစ္ေယာက္ ျငင္းခုန္တတ္တဲ့အက်င့္ေတြကို ပယ္ရွားသင့္ပါတယ္။

၉။ ဓႏုရာသီဖြား (Sagittarius)
ႏိုဝင္ဘာလ (၂၂)မွ ဒီဇင္ဘာ (၂၁) ရက္အတြင္းေမြးဖြားသူမ်ား
– ရႈပ္ေပြတတ္တဲ့အက်င့္၊ သူတစ္ပါးေၾကြေလာက္ေအာင္ ေျပာတတ္တဲ့အက်င့္ေတြကို ေဖ်ာက္လိုက္ပါ။ ကိုယ္ကၽြမ္းက်င္လြန္းတဲ့ အက်င့္ကိုေဖ်ာက္ဖို႔ဆိုတာကလည္း အရမ္းခက္ခဲပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ဒီအက်င့္ေတြေၾကာင့္ သင့္နားကလူေတြ စိတ္ထိခိုက္ခံစားရတတ္ပါတယ္။

၁၀။ မကာရ ရာသီဖြား (Capricorn)
ဒီဇင္ဘာ (၂၂)မွ ဇန္နဝါရီလ (၁၉) ရက္အတြင္းေမြးဖြားသူမ်ား
– လူေတြကို ေအးတိေအးစက္ ဆက္ဆံတတ္တဲ့အက်င့္ေတြကို ျပင္ပါ။ သင္ဆက္ဆံေနရတဲ့ လူတိုင္းကို ပိုျပီး ခင္ခင္မင္မင္၊ ေႏြးေႏြးေထြးေထြးဆက္ဆံလိုက္ရင္ သင့္အတြက္ေရာ၊ သင့္ပတ္ဝန္းက်င္အတြက္ပါ ေကာင္းက်ိဳးေတြရွိလာႏိုင္ပါတယ္။ သင့္ဘဝထဲကို ဝင္လာခ်င္တဲ့သူေတြကို တံခါးအနည္းငယ္ဖြင့္ေပးလိုက္ပါ။

၁၁။ ကံုရာသီဖြား (Aquarius )
ဇန္နဝါရီလ (၂၀)ရက္ မွ ေဖေဖာ္ဝါရီ( ၁၈) တြင္းေမြးဖြားသူမ်ား
– အရာရာတိုင္းကို သင္ဂရုစိုက္သေလာက္ အျခားလူေတြကဂရုမစိုက္လို႔ အားမလိုအားမရျဖစ္ေနတတ္တဲ့အက်င့္ေလးေတြကို ျပင္ပါ။ သင့္ရဲ႕ဂရုစိုက္တတ္တဲ့စိတ္က ဘုရားေပးတဲ့အထူးလက္ေဆာင္ပါ။ လူတိုင္းမွာသာ သင့္လိုစိတ္ရွိေနရင္ သင္ကထူးျခားတဲ့သူဘယ္ျဖစ္လိမ့္မလဲ။

၁၂။ မိန္ရာသီဖြား (Pisces )
ေဖေဖာ္ဝါရီလ (၁၉) ရက္မွ မတ္လ(၂၀) ရက္အတြင္းေမြးဖြားသူမ်ား
– ကိုယ့္ကိုယ္ကို အေကာင္းဆံုးလုပ္ႏိုင္ပါ့မလားဆိုျပီး သံသယဝင္ေနတာေတြ ရပ္လိုက္ပါ။ တီထြင္ဖန္တီးႏိုင္စြမ္းရင့္သန္တဲ့ မိန္ရာသီဖြားေတြမွာ ဒီလိုစိတ္ေတြရွိတတ္ၾကျပီး ဖယ္ရွားဖို႔လည္း ခက္ခဲတတ္ၾကျပန္ပါတယ္။ လူေတြသင့္အေပၚမွာေျပာခဲ့တဲ့ ခ်ီးက်ဴးစကားေလးေတြကို ေရးမွတ္ထားျပီး သင္စိတ္ဓာတ္က်ေနခ်ိန္မွာ ျပန္ဖတ္ၾကည့္ပါ။ မိန္ရာသီဖြားေတြက လူခ်စ္လူခင္ေပါပါတယ္။

[ Unicode ]

၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂၀) ရက်အတွင်းမွေးဖွားသူများ
– မိဿရာသီဖွားတွေဟာ အမှီအခိုကင်းကင်းနဲ့ စွန့်စားလိုသူတွေဖြစ်ပါတယ်။ တစ်ကိုယ်တော် စွန့်စားခန်းတွေ ဘယ်လောက်လုပ်လုပ် ဘယ်တော့မှ ဒုက္ခမရောက်ကြပါဘူး။ ဒါပေမယ့် ဘဝရဲ့အဓိကရည်မှန်းချက်တွေကို အာရုံစိုက်ထားဖို့လိုပါတယ်။ အကျိုးမရှိဘူးထင်ပြီး အကြံဉာဏ်ကောင်းတွေကို စွန့်လွှတ်တတ်တဲ့အားနည်းချက်ကို ပြင်သင့်ပါတယ်။

၂။ ပြိဿ ရာသီဖွား (Taurus )
ဧပြီလ (၂၁ )မှ မေလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ
– ပြိဿရာသီဖွားတွေသတိထားရမယ့် အားနည်းချက်ကတော့ သင့်ပတ်ဝန်းကျင်ကိုရောက်လာတဲ့ လူတွေကို ချုပ်ချယ်ခြင်းပါပဲ။ သင့်ကြောင့် သူတစ်ပါးရဲ့ လွတ်လပ်မှုပျောက်ဆုံးသွားတယ်ဆိုတာ မဖြစ်သင့်ပါဘူး။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၁) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ
– မေထုန်ရာသီဖွားတွေရဲ့ အားနည်းချက်ကတော့ အလွယ်တကူဆုံးဖြတ်ချက်ချခြင်းပါပဲ။ သူတို့ကောင်းတယ်ထင်ရင် သေချာမစဉ်းစားဘဲလုပ်တတ်ကြတယ်။ ဝါသနာတွေ၊ စိတ်ကူးအိပ်မက်တွေကို အင်္ကျီလဲသလို အလွယ်တကူပြောင်းလဲတတ်ကြတယ်။ ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကို ခံစားချက်ကိုဦးစားပေးတတ်တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

၄။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂)ရက်မှ ဂျူလိုင်လ (၂၂)အတွင်းမွေးဖွားသူများ
– လူတိုင်းကို စိတ်ရင်းနဲ့ချစ်တတ်တယ်။ စိတ်ရင်းနဲ့ ခင်မင်တတ်တယ်။ ချစ်ခင်မိသလောက်လည်း နာကျင်ခံစားရတာ ကရကဋ်ရာသီဖွားတွေပါ။ အတိတ်ကနာကျင်ခြင်းတွေကနေရုန်းထွက်ပြီး လှပတဲ့အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ဖို့ကြိုးစားပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ(၂၃)ရက်မှ သြဂုတ်လ(၂၂)အတွင်းမွေးဖွားသူများ
– ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ သူများတွေရဲ့ချီးမွမ်းစကားသံတွေကို လိုချင်နေတဲ့စိတ်ကို ဖျောက်လိုက်ပါ။ လူတွေရဲ့စကားသံတွေဆိုတာ ကိုယ့်ဘဝအပေါ် တစ်စိတ်တစ်ဒေသအကျိုးဖြစ်ထွန်းစေနိုင်ပေမယ့် ဘဝအောင်မြင်ဖို့ တကယ်လိုအပ်တဲ့အရာတစ်ခုမဟုတ်ပါဘူး။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) အတွင်းမွေးဖွားသူများ
– အရာရာကို ကြိုတင်စီစဉ်ရုံနဲ့ လုံးဝအောင်မြင်စွာပြီးဆုံးသွားမယ်လို့ ယုံကြည်နေတာတွေကို စွန့်လွှတ်သင့်ပါတယ်။ အစီအစဉ်ကောင်းတစ်ခုဆိုတာ ကောင်းကောင်းကြိုးစားပြီး လက်တွေ့လုပ်မှ အောင်မြင်နိုင်မှာပါ။ “ငါ” စွဲကြီးတဲ့ အတ္တဆန်ဆန်အတွေးအခေါ်လေးတွေကိုလည်း စွန့်လွှတ်သင့်ပါပြီ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၂) ရက်အတွင်း မွေးဖွားသူများ
– သင်ချစ်တဲ့သူတွေရဲ့ ကြုံလာသမျှပြဿနာတိုင်းကို သင့်ပြဿနာလို့သတ်မှတ်ပြီး သင့်အလုပ်တွေပျက်လောက်တဲ့အထိ ကူညီဖြေရှင်းပေးတာတွေ လျှော့ပါ။ တချို့ကိစ္စတွေက သူတို့ကိုယ်တိုင်ဖြေရှင်းလို့ရတာကြောင့် သင်နေရာတကာဝင်ရှင်းပေးနေဖို့မလိုပါဘူး။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်အတွင်းမွေးဖွားသူများ
– အမှန်တရားဘက်က အမြဲရပ်တည်တတ်တဲ့ တစ်ဇွတ်ထိုးစိတ်လေးတွေကို လျှော့ပါ။ နည်းနည်းခါးတဲ့ အမှန်တရားလေးတွေလည်းရှိနေတတ်တာကြောင့် တစ်ခါတစ်လေမှာ အမှန်တရားကို လျစ်လျူရှုပေးသင့်တဲ့အချိန်လည်းရှိပါတယ်။ အမှန်တရားကို တစ်ယူသန်ဖက်တွယ်ပြီး အများနဲ့တစ်ယောက် ငြင်းခုန်တတ်တဲ့အကျင့်တွေကို ပယ်ရှားသင့်ပါတယ်။

၉။ ဓနုရာသီဖွား (Sagittarius)
နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ
– ရှုပ်ပွေတတ်တဲ့အကျင့်၊ သူတစ်ပါးကြွေလောက်အောင် ပြောတတ်တဲ့အကျင့်တွေကို ဖျောက်လိုက်ပါ။ ကိုယ်ကျွမ်းကျင်လွန်းတဲ့ အကျင့်ကိုဖျောက်ဖို့ဆိုတာကလည်း အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် သင့်ရဲ့ဒီအကျင့်တွေကြောင့် သင့်နားကလူတွေ စိတ်ထိခိုက်ခံစားရတတ်ပါတယ်။

၁၀။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်အတွင်းမွေးဖွားသူများ
– လူတွေကို အေးတိအေးစက် ဆက်ဆံတတ်တဲ့အကျင့်တွေကို ပြင်ပါ။ သင်ဆက်ဆံနေရတဲ့ လူတိုင်းကို ပိုပြီး ခင်ခင်မင်မင်၊ နွေးနွေးထွေးထွေးဆက်ဆံလိုက်ရင် သင့်အတွက်ရော၊ သင့်ပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးတွေရှိလာနိုင်ပါတယ်။ သင့်ဘဝထဲကို ဝင်လာချင်တဲ့သူတွေကို တံခါးအနည်းငယ်ဖွင့်ပေးလိုက်ပါ။

၁၁။ ကုံရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈) တွင်းမွေးဖွားသူများ
– အရာရာတိုင်းကို သင်ဂရုစိုက်သလောက် အခြားလူတွေကဂရုမစိုက်လို့ အားမလိုအားမရဖြစ်နေတတ်တဲ့အကျင့်လေးတွေကို ပြင်ပါ။ သင့်ရဲ့ဂရုစိုက်တတ်တဲ့စိတ်က ဘုရားပေးတဲ့အထူးလက်ဆောင်ပါ။ လူတိုင်းမှာသာ သင့်လိုစိတ်ရှိနေရင် သင်ကထူးခြားတဲ့သူဘယ်ဖြစ်လိမ့်မလဲ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်အတွင်းမွေးဖွားသူများ
– ကိုယ့်ကိုယ်ကို အကောင်းဆုံးလုပ်နိုင်ပါ့မလားဆိုပြီး သံသယဝင်နေတာတွေ ရပ်လိုက်ပါ။ တီထွင်ဖန်တီးနိုင်စွမ်းရင့်သန်တဲ့ မိန်ရာသီဖွားတွေမှာ ဒီလိုစိတ်တွေရှိတတ်ကြပြီး ဖယ်ရှားဖို့လည်း ခက်ခဲတတ်ကြပြန်ပါတယ်။ လူတွေသင့်အပေါ်မှာပြောခဲ့တဲ့ ချီးကျူးစကားလေးတွေကို ရေးမှတ်ထားပြီး သင်စိတ်ဓာတ်ကျနေချိန်မှာ ပြန်ဖတ်ကြည့်ပါ။ မိန်ရာသီဖွားတွေက လူချစ်လူခင်ပေါပါတယ်။

Ref; zodiac_signs

 

474 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.