အခုတလောအရမ်းတွေ ကြွေနေရတဲ့ မင်းသမီး Seo Ye-Ji အကြောင်း

လတ်တလောပြသနေဆဲဖြစ်တဲ့ It’s okay to not be okay ဇာတ်လမ်းတွဲမှာ မင်းသား Kim Soo-hyun နဲ့ တွဲဖက်သရုပ်ဆောင်နေတဲ့ မင်းသမီး Seo Ye-ji အကြောင်းကို ပြောပြပေးသွားမှာပါ။


Seo Ye-ji ကို ၁၉၉၀ ခုနှစ် ဧပြီ ၆ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် အသက် ၃၀ ပြည့်သွားခဲ့ပါပြီ။ အို သွေးအမျိုးအစား တစ်ယောက်ဖြစ်ပြီး အရပ်ကတော့ ၅ ပေ၅ လက်မပါ။ သူမရဲ့ အေဂျင်စီတွေကတော့ Made in Chan Entertainment(2013 to 2016)၊ King Entertainment(2016 to2019) နှင့် Gold Medialist(2020) တို့ပဲဖြစ်ပါတယ်။

ငယ်ငယ်က Youngwon အလယ်တန်းကျောင်းနှင့် Youngshin အထက်တန်းကျောင်းတို့မှာ ပညာသင်ယူခဲ့ပါတယ်။ သူမသရုပ်ဆောင်မဖြစ်ခင်တုန်းက Presenter ဖြစ်ချင်တာကြောင့် စပိန်နိုင်ငံမှာ Journalism ပညာကို သွားရောက်ပညာသင်ယူခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကိုလဲ ပရိသတ်တွေပြန်ကြည့်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။
Movies:

1.Quantum Physics
2.warning Do Not Play
3.The Bros
4.Another Way
5.Seondal: The Man Who Sells the River
6.Circle of Atonement
7.The Throne

Ye Ji ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Drama Series တွေကတော့
1.It’s Okay to Not Be Okay (main role)
2.Lawless Lawyer (main role)
3.Save Me (main role)
4.Hwarang (support role)
5.Another Miss Oh (guest role)
6.Moorim School(main role)
7.Last (support role)
8.Super Daddy Yul (support role)
9.Diary Of A Night Watchman(main role)
10.Potato Star 2013QR3 (support role)

Yeji Guestအနေနဲ့ပါဝင်ခဲ့တဲ့ TV Shows များ
1.Knowing Brothers /Episode 65
2.Hello Counselor: Season 1 /Episode 25
3.Running Man /Episode 244

Ye Jiက 2014 33rd MBC Drama Awards မှာ
Best New Actress Awardကို(Diary of A Night Watchman )နဲ့ Nominated ဝင်ခဲ့ပါတယ်။


Ref;ALLKPOP

3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.