တစ်မျိုးလေးစားကောင်းစေမယ့် နှမ်းတို့ဟူးလေးလုပ်စားရအောင်

လုပ်ရလွယ်ပြီး အရသာကောင်းကောင်းလေးစားချင်သူတွေအတွက် အိမ်မှာကိုယ်တိုင်လုပ်လို့ရမယ့် ဂျပန်လူမျိုးတွေရဲ့အခေါ်အရ ဂေါ်မဒိုးဖူး လို့ခေါ်တဲ့ တို့ဟူးပြုလုပ်နည်းလေးကို ပြောပြလိုက်ပါတယ်။

လိုအပ်တာတွေကတော့ –
. နှမ်းဖြူအနှစ် ၂၅ ဂရမ်
. ပြောင်းဖူးကော်မှုန့်(ကွန်စတာ့ခ်ျ) ၂၅ ဂရမ်
. ရေ ၃၇၅ မီလီလီတာ
. ဆား သင့်ရုံ
ထည့်စားရန်
. ချင်း ၁ စိတ်
. ရှောယုဂျပန်ပဲငံပြာရည် သင့်ရုံ


၁။ ပြောင်းဖူးကော်မှုန့်၊ ဆားနဲ့ ရေ ၁၂၅မီလီလီတာကို ရောမွှေပြီး အရည်လုပ်ထားပါ။ ကျန်တဲ့ရေ ၂၅ဝမီလီလီတာကိုတော့ ဆူအောင်တည်ထားပါ။ အိုးတစ်လုံးမှာ နှမ်းဖြူအနှစ်ကိုထည့်ပါ။ အဲဒီအထဲကို ကော်မှုန့်အရည်ကို နည်းနည်းချင်းထည့်ရပါမယ်။ နှမ်းမှာ အဆီဓာတ်ပါတာမို့ ရေနဲ့ ရောသွားဖို့ ခက်တာကြောင့် အစပိုင်း၃-၄ကြိမ်မှာ ကော်မှုန့်ရည်ကို စားပွဲဇွန်း ၁ဇွန်းစာ ထည့်မွှေပြီး ရောသွားတော့မှ နောက်၁ဇွန်းစာကို ထည့်မွှေတဲ့ ပုံစံနဲ့ လုပ်သွားရပါမယ်။ တဖြည်းဖြည်း ရောတဲ့ပမာဏကို တိုးတိုးသွားရင်း ကော်မှုန့်ရည် တစ်ဝက်လောက် ကျန်တဲ့အခါမှ အားလုံး ထည့်လိုက်ပြီး မွှေပါ။ အဲဒီနောက် ဆူအောင် တည်ထားတဲ့ ရေ ၂၅ဝမီလီလီတာကို နည်းနည်းချင်းစီ ထည့်မွှေပေးပါ။

၂။ အိုးကို မီးအနေတော်နဲ့ တည်ထားပြီး သစ်သားယောက်မနဲ့ အောက်ဘက်ကနေ လှန်မွှေပေးပါ။ ဆူပွက်လာရင် မီးကိုလျော့ချပြီး မပြတ်မွှေပေးပါ။ တဖြည်းဖြည်း အရည်ကခဲလာမှာမို့ ခဲလာရင် ခဲလာသလောက် မြန်မြန်မွှေပေးပါ။ မွှေရင်း အလျင်မမီတော့ပဲ ခဲလာရင် အိုးကို မီးဖိုပေါ်က ခဏချပြီး ခဲနေတာတွေ တပြေးညီဖြစ်သွားအောင် မွှေပေးပါ။ ပြီးရင် မီးဖိုပေါ်ပြန်တင်ပြီး ဆက်မွှေပါ။ အောက်ဘက်ကနေ လှန်ပြီးမွှေတဲ့အခါ အိုးကနေကွာလာပြီး အိုးအောက်ခြေကို မြင်ရလာပြီဆိုရင် တိုဟူးအနှစ် ရပါပြီ။

၃။ ရေစွတ်ထားတဲ့ ပုံစံခွက်မှာ တိုဟူးအနှစ်တွေကို လောင်းထည့်ပြီး အပေါ်ကနေ ရေစွတ်ထားတဲ့ ပလတ်စတစ်စနဲ့ အုပ်ပါ။ ရေထည့်ထားတဲ့ ဇလုံ (သို့) သံဗန်းထဲကို တိုဟူးအနှစ်တွေထဲ ရေမဝင်အောင် ပုံစံခွက်ကို ထည့်ပြီး အအေးခံပါ။ ရေခဲသေတ္တာထဲ ထည့်မယ်ဆိုရင် ၁နာရီကနေ ၂နာရီလောက် ထားပါ။ တိုဟူးအနှစ်ကို လက်နဲ့ဖိကြည့်လို့ မာမာတင်းတင်းဖြစ်နေရင် ရပါပြီ။

၎။ ပုံစံခွက်ကနေ တိုဟူးကိုထုတ်ပြီး အရွယ်ကြီးရင် လေးထောင့်ပုံလှီးပါ။ ခြစ်ပြီး အနှစ်လုပ်ထားတဲ့ ချင်းနည်းနည်းကိုတို ဟူးပေါ်မှာတင်ပြီး အပေါ်ကနေ ရှောယုကို သင့်ရုံ ဆမ်းလိုက်ရင် “ဂေါ်မဒိုးဖူး”ရပါပြီ။


REF;NHK

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.