အချစ်တွေ ရိုးမသွားရအောင်…
၁။ Surprise လုပ်ပါ
၂။ Ro ဆန်ပါ
၃။ အချစ်အကြောင်း
[ Unicode ]
ချစ်သူဘဝဆိုတာ လွယ်လွယ်နဲ့တည်ဆောက်လို့မရသလို ခိုင်မြဲရင်လည်း ဘယ်တော့မှ မလွတ်တဲ့ခိုင်မြဲတဲ့လက်နှစ်စုံပါ။ အချစ်ဆိုတာကလည်း အချိန်တွေကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေပေါ်လာတယ်။ ဒါပေမယ့် သေချာစဉ်းစားရင် မချစ်တော့တဲ့လူတွေလည်းမဟုတ်ဘူး။ ဒါပေမယ့် အချိန်ကြာလာတော့ အချစ်တွေကို ဘယ်အချိန်ကစ ရပ်တန့်လိုက်မိလည်း ကိုယ့်ကိုယ်ကိုတွေးမရဘူး။ ဒါတွေကိုပြောင်းလဲချင်တယ်။ အရင်တုန်းကလို ကြည်နူးတဲ့ အချိန်ကိုပြန်ရဖို့ နည်းလမ်းကောင်းတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျျလိုက်တယ်နော်။
၁။ Surprise လုပ်ပါ
ကြိုတင်တိုင်ပင်ထားတာမဟုတ်တဲ့ အရာတွေကို စမ်းကြည့်ပါ။ ဥပမာ နှစ်ယောက်လုံးမရောက်ဖူးတဲ့နေရာမျိုး ကို ရုတ်တရက်စဉ်းစားကြည့်ပြီး သွားတာမျိုး။ အတူတူလျှောက်လည်ရင်း မလုပ်ဖူးတဲ့အရာတွေကိုတွေ့ရင် လက်မတွန့်ပဲ စမ်းလုပ်ကြည့်ပါ။ မစားဖူးတဲ့အရာတွေကို စမ်းစားကြည့်ပါ။ ဘဝက အံသြစရာတွေနဲ့ပြည့်နေသလို ချစ်သူနဲ့အတူတူ ထိုအရာတွေကို စမ်းသပ်ကြည့်ရတာ ပျော်စရာကောင်းသွားမှာပါနော်။
၂။ Ro ဆန်ပါ
ချစ်သူအလုပ်လုပ်တဲ့နေရာကို ပန်းစည်းပို့တာမျိုး။ ချစ်သူကို ညစာ ခေါ်သွားတာမျိုး။ ဒီလို Ro ဆန်တာတွေကို တခါတလေ လုပ်ပေးရင် အရင်ချစ်ဦးစအချိန်က ခံစားချက်တွေကို ပြန်သတိရလာပါလိမ့်မယ်နော်။
၃။ အချစ်အကြောင်း
ချစ်သူတွေဖြစ်လာတာကြာလာတာနဲ့အမျှအချစ်ဆိုတဲ့အရာရှိနေတယ်ဆိုတာကိုမေ့မေ့နေတတ်လာတယ်။ အဲလိုမဖြစ်ပါစေနဲ့။ အချစ်ကို ချစ်တဲ့အကြောင်းပြောပါ။ ချစ်သူကို တကယ်ရည်ရွယ်တယ်ဆိုတာကို ခံစားမိပါစေ။
ဒီအချက်လေးတွေနဲ့ဆို ပျော်ရွှင်တဲ့ ချစ်သူဘဝကို ပြန်လည်ရရှိနိုင်ပြီပေါ့။
Ref; rsgoals
433 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.