စကားလုံးတွေဆိုတာ စာရေးဆရာကောင်းတစ်ယောက် အတွက်တော့ စာဖတ်သူတွေရဲ့ အသည်းနှလုံးကို ကိုင်လှုပ်နိုင်ဖို့ လိုအပ်တဲ့အရာတွေပါ။
ဒီဂျစ်တယ်လ်ခေတ် က စာဖတ်သူတွေအဖို့တော့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်တော့မယ်ဆိုရင် စာကြောင်းတွေထက် ပိုပြီးလိုအပ်တဲ့ အရာတွေရှိမယ်လို့ MIT(မန်ဆာချူးဆက် နည်းပညာတက္ကသိုလ်) ရဲ့ မီဒီယာဓာတ်ခွဲခန်းက သူတွေက ယုံကြည်ပါတယ်။ “Sensory Fiction” လို့ အမည်ပေးထားတဲ့ စီမံကိန်းအရ သူတို့ဟာ ဇာတ်ကောင်းခံစားရသမျှ စာဖတ်သူတို့ ခံစားစေနိုင်မယ့် ၀တ်ဆင်ရ (Wearable) စာအုပ်ကို တီထွင်ခဲ့ကြပါတယ်။ စာအုပ်နဲ့အတူ ရုပ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေကို ထုတ်လွှတ်ပေးမယ့် ၀တ်စုံကို စာဖတ်သူက ၀တ်ဆင်ထားရမှာပါ။
ဇာတ်ရှိန်မြင့်လာတာနဲ့အမျှ ဒီစာအုပ်ဟာ ဇာတ်ကောင်ရဲ့ ခံစားချက်တွေကို တုပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ခံစားမှုတွေ ထုတ်လွှတ်ပေးပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်က ကြောက်ပြီဆိုပါစို့၊ ၀တ်စုံမှာပါတဲ့ လေဖိအားသုံး အိတ်တွေဟာ စာဖတ်သူကို ဖျစ်ညှစ်တော့မှာပါ။ ရင်ဘတ်တွေ ကျပ်လာပြီး စာဖတ်သူလည်း ကြောက်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ဝမ်းနည်းရတဲ့ အခြေအနေမှာတော့ စာအုပ်အဖုံးပေါ်က ရာနဲ့ချီတဲ့ LED မီးတွေဟာ ခံစားချက်ကို ထင်ဟပ်စေဖို့ ပတ်ဝန်းကျင်မီးရောင်တွေ ထိန်းညှိ ထုတ်လွှတ်ပေးပါလိမ့်မယ်။
စိတ်လှုပ်ရှားတဲ့ အခန်းရောက်ပြီဆိုရင် ၀တ်စုံဟာ စာဖတ်သူရဲ့ နှလုံးကို စိုးမိုးပြီး နှလုံးခုန်နှုန်း မြန်လာစေမှာပါ။ ဇာတ်ကောင်က အကျပ်ရိုက်တဲ့အခါ စာဖတ်သူရဲ့ အရေပြားအပူချိန်ကို ပြောင်းပေးပါလိမ့်မယ်။
နမူနာဇာတ်လမ်း အနေနဲ့ James Tiptree Junior ရဲ့ “The Girl Who was Plugged in” ၀တ္ထုကို အသုံးပြုထားပါတယ်။
Ref: dailymail.co.uk