လူနက္ခတ်အဟော

စကားအပြောအဆို မာတတ်ကြပါတယ်။ပြတ်ပြတ်သားသားပြောဆိုတတ်ပြီး လက်တွေ့ဆန်တဲ့ ဘဝကိုဖြတ်သန်းရသောသူတွေဖြစ်ကြပါတယ်။

စကားကို ကွေ့ဝှိုက်ပြောနေရတာထက် တည့်တည့် မခြွင်းမချန်ပြောတတ်ကြတဲ့ စိတ်ထားပိုင်ရှင်လေးတွေပါ။အပြောမာပေမယ့်လည်း စိတ်နှလုံးသိမ်မွေ့ကြပါတယ်။ ကိုယ်ကာယအားဖြင့်လည်း မည်သူ့အပေါ်မှ ရန်ပြု့လိုစိတ်မရှိကြတဲ့သူတွေပါ။

ဘဝအတွေ့အကြုံများပြားသူများဖြစ်ပြီး လက်တွေ့ဆန်သောဘဝကို ဖြတ်သန်းရသူများဖြစ်ပြီး စိတ်ကူးယဉ်မှု နည်းပါးသူများဖြစ်ကြသည်။
အရာရာကိုလေ့လာလိုက်စားလိုစိတ်မျိုးစူးစမ်းလိုစိတ်မျိုးရှိကြပါတယ်။
ညီအကိုမောင်နှမဆွေမျိုးများနှင့် ခွဲခွာရခြင်းများ ကြုံတွေ့ရသူများဖြစ်ပါတယ်။ ဘဝမှာလည်း ပြောင်းလဲခြင်းများစွာ ရှိနေတတ်ပြီး မွေးရပ်မြေမှ ပြောင်းရွေ့နေထိုင်ရခြင်း ရုတ်တရက် အိမ်ထောင်ကျခြင်းများကြုံတွေ့ရသူတွေများကြပါတယ်။ ဥာဏ်ရည်ဥာဏ်သွေးကောင်းသောသူများလည်းဖြစ်ပါတယ်။ မိမိအပေါ်ကိုတင်စီးသောစကား မာနထောင်လွှားစွာပြောဆိုသာစကားများကို မခံချင်သူများဖြစ်ပြီး အများစုမှာ ချက်ချင်းလိုပင် ပြန်လည်၍တုန့်ပြန်တတ်ကြသည်။ လူနက္ခတ်ရှင်တွေပြုပြင်ရမယ့် အရာတွေကတော့ အိုးရွဲ့လို့စလောင်းလိုက်ရွဲ့တဲ့အကျင့်မျိုး သူဆိုးလျှင်ကိုယ်လိုက်ဆိုးမည်ဆိုသည့်အချက်မျိုးများပင်ဖြစ်ပါတယ်။

လူနက္ခတ်ရှင်များသည် ချစ်သူရည်းစားများပြားကြသူတွေဖြစ်ပြီး အချစ်ရေးမှာလည်းအမြဲလိုလို အပြိုင်အဆိုင်များနဲ့ တွေ့ကြုံတွေ့ရတတ်ပါတယ်။ လူနက္ခတ်ရှင်တွေက များသောအားဖြင့်တော့ ညီအကိုမောင်နှမတွေနဲ့ မသင့်မြတ်ကြတဲ့ သူတွေများပါတယ်။


Ref;Baydin

612 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.