ပြည်ပက အနုပညာရှင်တွေကိုပဲ Leader အဖြစ်ထားထားတဲ့ K-pop အဖွဲ့များ

K-pop Groups တွေမှာ သူတို့ရဲ့ Leader ကို သတ်မှတ်တဲ့အခါမှာ အများစုကတော့ ကိုရီးယား လူမျိုးကိုပဲ Leader အဖြစ်သတ်မှတ်တဲ့ အခါမျိုးတွေလဲရှိပါတယ်။ အခုပြောပြပေးသွားမယ့်အဖွဲ့တွေကတော့ သူတို့ရဲ့ Leader ကိုပြည်ပက အနုပညာရှင်တွေကို leader အဖြစ်သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

1. Victoria [f(x)]

Victoria ကတော့ တရုတ်နိုင်ငံရဲ့အိုင်ဒေါလ်တစ်ယောက်အဖြစ်နဲ့ SM Entertainment group ကနေ ပွဲဦးထွက်ခဲ့တာပါ။ ပုံမှန်ဆို SM Entertainment ကတော့အဖွဲ့ထဲမှာ အသက်အကြီးဆုံးသူကို Leader အဖြစ်ထားလေ့ရှိပေမယ့်လည်း Victoria ရဲ့မယုံနိုင်လောက်တဲ့ ခေါင်းဆောင်မှုတွေကြောင့် သူမကို SM ကနေ f(x) ရဲ့ Leader အဖြစ်နဲ့ ပွဲဦးထွက်စေခဲ့တာပါ။

2. Weiyang (O21)


O21 အဖွဲ့ကတော့ ဖျတ်သိမ်းလိုက်ပြီဆိုပေမယ့်လည်း သူတို့ပွဲဦးထွက်ခဲ့တုန်းကအကြောင်းနဲ့ပတ်သတ်ပြီး ပြန်လည်ပြောပြခဲ့ပါတယ်။ ဖိလပိုင်သူလေး Weiyang ကတော့ O21 ရဲ့ Leader အဖြစ်နဲ့ ပွဲဦးထွက်ခဲ့တာပဲဖြစ်ပါတယ်။အဖွဲ့ဖျတ်သိမ်းပြီးတဲ့နောက်ပိုင်း အခုချိန်ထိကိုတော့ သူမက မော်ဒယ်လုပ်ငန်းကိုပဲ လုပ်ကိုင်လျှက်ရှိပါတယ်။

3. Alex (BP Rania)

Alex ကတော့ K-pop girl group ရဲ့Leader အဖြစ်ပွဲဦးထွက်ခဲ့တဲ့ ပထမဆုံးသော African-America နိုင်ငံသူပဲဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ၂၀၁၅ တုန်းက Rania မှာ ပွဲဦးထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အပြောင်းအလဲလေးတချို့ရှိခဲ့ပြီး အဖွဲ့နာမည်ကို BP Rania လို့ အမည်ပေးခဲ့ပြီး အဖွဲ့ရဲ့ Leader တစ်ယောက်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

4. Takuya (Cross Gene)


Takuya ကိုတော့ ဂျပန်နိုင်ငံ၊ Ibaraki Prefecture၊ Moriya မှာမွေးဖွားခဲ့တာပါ။ ၂၀၁၂ မှာတော့ Cross Gene ရဲ့ Leader တစ်ယောက်အဖြစ် ရွေးချယ်ခံရပြီး ပွဲဦးထွက်ခဲ့ပါတယ်။ ဒါပေမယ့်လဲ နောက်ပိုင်းမှာတော့ သူ့ရဲ့ Leader နေရာကို Shin ကို လွှဲပေးခဲ့ပါတယ်။

5. Yixuan (UNIQ)


UNIQ အဖွဲ့ဝင် တရုတ်နိုင်ငံသား Yixuan ကိုတော့ တောင်ကိုရီးယားမှာရော တရုတ်နိုင်ငံမှာပါ အဖွဲ့ရဲ့ leader တစ်ယောက်အဖြစ်နဲ့ သတ်မှတ်ထားခဲ့တာပါ။
Ref;Koreaboo

154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.