အရှုပ်တော်ပုံတွေကြောင့် Hiatus သို့ အတင်းအကြပ်ပို့ခံလိုက်ရတဲ့ အနုပညာရှင်များ

အောင်မြင်ကျော်ကြားနေတဲ့ တောင်ကိုရီးယားအနုပညာရှင်တချို့ရဲ့ နောက်ကွယ်မှာလဲ အတိတ်ဟောင်းအရှုပ်တော်ပုံတစ်ချို့ရှိခဲ့ကြပါတယ်။ဒီလိုမျိုးအရှုပ်တွေကြောင့်လဲ တစ်ချို့ကတော့ စစ်အုပ်ချုပ်ရေးထဲကို ဝင်ရောက်သွားကြတဲ့အနုပညာရှင်တစ်ချို့လဲ ရှိပါတယ်။

1. Oh Hyun Kyung


၁၉၉၈ ခုနှစ်မှာ Oh Hyun Kyung ကတော့ သူမရည်းစားနဲ့ လိင်ဆက်ဆံခဲ့တဲ့ ဗီဒီယိုတစ်ခုက အွန်လိုင်းပေါ်မှာပြန့်နှံ့ခဲ့တာကြောင့် အရမ်းကိုတုန်လှုပ်သွားခဲ့သူပါ။ ဒီ ဗီဒီယိုကို ရည်စားဖြစ်သူက သူမခွင့်ပြုချက်မရှိပဲရိုက်ကူးခဲ့ပြီး ပြန့်သွားခဲ့တာကြောင့် ပရိသတ်တွေနဲ့ ပြည်သူတွေရဲ့ ပြစ်တင်ရှုတ်ချဝေဖန်မှုတွေကို များစွာခံခဲ့ရပါတယ်။ အဲ့ဒီလိုတွေဖြစ်ပြီးနောက်မှာတော့ Oh Hyun Kyung တစ်ယောက် တောင်ကိုရီးယားကနေ နှစ်နှစ်နီးပါးလောက်ပျောက်သွားခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ ရုပ်ရှင်လောကကို အောင်မြင်မှုတွေနဲ့ အတူ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

2. Han Ye Seul


Han Ye Seul ကတော့ K-Drama မှာ Spy Myung-Wol အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ဒါပေမယ့် ရိုက်ကူးရေးမပြီးခင်မှာပဲ producer တွေနဲ့ အခက်အခဲနဲနဲရှိခဲ့ပြီး အမေရိကန်ကို ထွက်သွားခဲ့တာကြောင့် ဝေဖန်မှုကို ခံခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ မပြီးသတ်သေးတဲ့ ရိုက်ကူးရေးကို အပြီးသတ်ဖို့အတွက် ပြန်လာတဲ့အချိန်မှာတော့ ဝေဖန်မှုကို အတော်ခံခဲ့ရပြီး စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးဘက်ကို ဝင်ရောက်သွားခဲ့ပါတယ်။

3. Kim Hyun Joong

Kim Hyun Joong ကတော့ သူ့ရဲ့ ရည်းစားဟောင်းကို ရိုက်နှက်မှု၊ဒဏ်ရာရစေမှုတွေကြောင့် တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ အနာဂတ်ပုံရိပ်ကတော့ အရမ်းကို ဆိုးရွားသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရိုက်ကူးတဲ့ K-Drama ဇာတ်လမ်းတွဲတစ်ခုမှာပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လဲ ပရိသတ်ရဲ့ ဝေဖန်မှုကိုသာ ရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ အများရဲ့ အတင်းအကြပ်ခိုင်းစေမှုမရှိပဲနဲ့ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးကို ဝင်ရောက်ခဲ့ပါတယ်။

4. Han Ji Sun


၂၀၁၉ ခုနှစ်တော့ မင်းသမီး Han Ji Sun တစ်ယောက် တက္ကစီမောင်းသမားတစ်ယောက်အား ကိုယ်ထိလက်ရောက် ပြုမူပြောဆိုမှုတွေကိုလုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာ ထိုယာဉ်မောင်းအားတောင်းပန်ဖို့အတွက် ကြိုးစားခဲ့စဉ်မှာတော့ ဒီပြဿနာက သူမအတွက်အတော်လေးကို အရှက်ရစေခဲ့ပြီး ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ ဒီပြဿနာတွေဖြစ်ပြီးမှာ နေထိုင်မှုပုံစံကို လျှို့ဝှက်ခဲ့ပြီး အခုချိန်လဲ ပရိသတ်ရှေ့ကို ပြန်ရောက်မလာသေးတာဖြစ်ပါတယ်။

5. Lee Kyung Young


မင်းသားကြီး Lee Kyung Young ကတော့ ၂၀၀၂ ခုနှစ်မှာ ပြည့်တန်ဆာ လုပ်ငန်းနှင့် အသက်မပြည့်တဲ့မိန်းကလေးအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုများကြောင့် ထောင် ၁၀ လကျခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး MBC ရုပ်သံလိုင်းအပါအဝင် တခြား Channels တွေရဲ့ တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရပါတယ်။
Ref; Koreaboo

635 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.