ကိုရီးယားငါးအူေခ်ာင္း ျပဳလုပ္နည္း

ကိုရီးယားဆန္ဖို႔ တုံယမ္းဟင္းရည္ေလးနဲ႔ ကိုရီးယားငါးအူေခ်ာင္း ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ ငါးဖယ္ျခစ္
၂။ ၾကက္သြန္နီ
၃။ ၾကက္သြန္ျဖဴ
၄။ ရသာမႈန္
၅။ သၾကား
၆။ ဆီ
၇။ ယိုးဒယားငံျပာရည္
၈။ ၾကက္ဥအကာ
၉။ ေျပာင္းေကာ္မႈန႔္၊ ဂ်ဳံမႈန႔္

ျပဳလုပ္နည္း
၁။ ၾကက္သြန္နီဥ တစ္လုံးႏူတ္ႏူတ္စင္း၊ ၾကက္သြန္ျဖဴေျခာက္မႊာကိုအရင္ႀကိတ္ပါမယ္။
၂။ ႀကိတ္ပီးရင္ လတ္ဆတ္ေသာ ငါးဖယ္ျခစ္ ၃၀ က်ပ္သားကိုဆက္ထည့္ပါ။ ၿပီးရင္ထပ္ၿပီးေရာႀကိတ္ေပးပါ။
၃။ ဟင္းခတ္မူန႔္ ၊ သၾကား၊ င႐ုတ္ေကာင္းမူန္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း စီ
ဆီအနည္းငယ္ ထည့္ပါ။
၄။ ယိုးဒယား ငံျပာရည္ ထမင္းစားဇြန္း တစ္ဇြန္း၊ ဆားအနည္းငယ္၊ ၾကက္ဥအကာ တစ္လုံး
ထည့္ပါ။
၅။ အရသာသမသြားေအာင္ထပ္ႀကိတ္ပါ။ ဒီအဆင့္ဆိုရင္.ငါးဖယ္အသားကအေတာ္စီးေနပါၿပီ။
၆။ အရသာသမၿပီဆိုရင္ ေျပာင္းေကာ္မူန႔္ နဲ႔ဂ်ဴံမူန႔္ ထမင္းစားဇြန္း သုံးဇြန္းစီေရအၾကမ္းပန္းကန္လုံးတစ္လုံးစာခန႔္ထည့္ပါ။
၇။ ထပ္ၿပီးသမေအာင္ႀကိတ္ပါ။ အားလုံးစီးပိုင္ၿပီးသမပါၿပီ။ ေရလက္မလြန္ေအာင္ဂ႐ုျပဳပါ။ ေရမ်ားရင္ ၿပဲၿပဲႀကီးျဖစ္ၿပီးပုံသြင္းရတာအလြန္ခက္ပါလိမ့္မယ္။

၈။ ငါးအူေခ်ာင္း ပုံသြင္းရန္အတြက္..
မီးဖိုေခ်ာင္ သုံးပလတ္စတစ္ ဒါမွမဟုတ္ ငွက္ေပ်ာဖက္ကို အျပားႀကီးႀကီးျဖန႔္ပါ။ ၿပီးရင္စုတ္တံျဖင့္ဆီလိုက္ဆြတ္ေပးပါ။အရသာနယ္ထားေသာ ငါးအသားေတြကို ထည့္ပါ။ေယာင္းမအေသးအျပားေလးျဖင့္လိုက္ဖိေပးၿပီးျဖန႔္ပါ။ အေပၚကေနပလတ္စတစ္ဆြဲအုပ္ပါ။ပလတ္စတစ္ အေပၚကေန ဒလိမ့္တုံးျဖင့္ အျပားညီညီခပ္ပါးပါးျဖစ္ေအာင္ ထိန္း၍လွိမ့္ေပးပါ။ငါးအသားလႊာေပါင္းဖို႔ ပုံမပ်က္အသာေလးခုလိုဆြဲခြာၿပီးေပါင္းလို႔ရပါၿပီ။

၉။ ငါးအသားလႊာကို ေပါင္းခံအိုးထဲထည့္ၿပီးေပါင္းလိုက္ပါ။ ၈ မိနစ္ေလာက္ဆိုရင္ ရပါၿပီ။

၁၀။ ငါးအူေခ်ာင္းတုတ္ထိုးျပဳလုပ္ရန္အတြက္.ငါးအသားလႊာေတြအဆင္သင့္ရပါၿပီ။
အသားလႊာေတြကို အရွည္လိုက္လွီးျဖတ္ၿပီး တုတ္နဲ႔ အတြန႔္ပုံထိုးလိုက္ပါ။ ဟင္းရည္ကိုေတာ့ တုံယမ္းအႏွစ္ခဲ၊ နံနံပင္၊ င႐ုတ္သီးထည့္ကာ ငါးအူေခ်ာင္းတုတ္ထိုးထည့္ျပဳတ္ၿပီးရင္ သုံးေဆာင္လို႔ ရပါၿပီေနာ္။

[ Unicode ]

ကိုရီးယားဆန်ဖို့ တုံယမ်းဟင်းရည်လေးနဲ့ ကိုရီးယားငါးအူချောင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ငါးဖယ်ခြစ်
၂။ ကြက်သွန်နီ
၃။ ကြက်သွန်ဖြူ
၄။ ရသာမှုန်
၅။ သကြား
၆။ ဆီ
၇။ ယိုးဒယားငံပြာရည်
၈။ ကြက်ဥအကာ
၉။ ပြောင်းကော်မှုန့်၊ ဂျုံမှုန့်

ပြုလုပ်နည်း
၁။ ကြက်သွန်နီဥ တစ်လုံးနူတ်နူတ်စင်း၊ ကြက်သွန်ဖြူခြောက်မွှာကိုအရင်ကြိတ်ပါမယ်။
၂။ ကြိတ်ပီးရင် လတ်ဆတ်သော ငါးဖယ်ခြစ် ၃၀ ကျပ်သားကိုဆက်ထည့်ပါ။ ပြီးရင်ထပ်ပြီးရောကြိတ်ပေးပါ။
၃။ ဟင်းခတ်မူန့် ၊ သကြား၊ ငရုတ်ကောင်းမူန် လက်ဖက်ရည်ဇွန်းတစ်ဇွန်း စီ
ဆီအနည်းငယ် ထည့်ပါ။
၄။ ယိုးဒယား ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ဆားအနည်းငယ်၊ ကြက်ဥအကာ တစ်လုံး
ထည့်ပါ။
၅။ အရသာသမသွားအောင်ထပ်ကြိတ်ပါ။ ဒီအဆင့်ဆိုရင်.ငါးဖယ်အသားကအတော်စီးနေပါပြီ။
၆။ အရသာသမပြီဆိုရင် ပြောင်းကော်မူန့် နဲ့ဂျူံမူန့် ထမင်းစားဇွန်း သုံးဇွန်းစီရေအကြမ်းပန်းကန်လုံးတစ်လုံးစာခန့်ထည့်ပါ။
၇။ ထပ်ပြီးသမအောင်ကြိတ်ပါ။ အားလုံးစီးပိုင်ပြီးသမပါပြီ။ ရေလက်မလွန်အောင်ဂရုပြုပါ။ ရေများရင် ပြဲပြဲကြီးဖြစ်ပြီးပုံသွင်းရတာအလွန်ခက်ပါလိမ့်မယ်။

၈။ ငါးအူချောင်း ပုံသွင်းရန်အတွက်..
မီးဖိုချောင် သုံးပလတ်စတစ် ဒါမှမဟုတ် ငှက်ပျောဖက်ကို အပြားကြီးကြီးဖြန့်ပါ။ ပြီးရင်စုတ်တံဖြင့်ဆီလိုက်ဆွတ်ပေးပါ။အရသာနယ်ထားသော ငါးအသားတွေကို ထည့်ပါ။ယောင်းမအသေးအပြားလေးဖြင့်လိုက်ဖိပေးပြီးဖြန့်ပါ။ အပေါ်ကနေပလတ်စတစ်ဆွဲအုပ်ပါ။ပလတ်စတစ် အပေါ်ကနေ ဒလိမ့်တုံးဖြင့် အပြားညီညီခပ်ပါးပါးဖြစ်အောင် ထိန်း၍လှိမ့်ပေးပါ။ငါးအသားလွှာပေါင်းဖို့ ပုံမပျက်အသာလေးခုလိုဆွဲခွာပြီးပေါင်းလို့ရပါပြီ။

၉။ ငါးအသားလွှာကို ပေါင်းခံအိုးထဲထည့်ပြီးပေါင်းလိုက်ပါ။ ၈ မိနစ်လောက်ဆိုရင် ရပါပြီ။

၁၀။ ငါးအူချောင်းတုတ်ထိုးပြုလုပ်ရန်အတွက်.ငါးအသားလွှာတွေအဆင်သင့်ရပါပြီ။
အသားလွှာတွေကို အရှည်လိုက်လှီးဖြတ်ပြီး တုတ်နဲ့ အတွန့်ပုံထိုးလိုက်ပါ။ ဟင်းရည်ကိုတော့ တုံယမ်းအနှစ်ခဲ၊ နံနံပင်၊ ငရုတ်သီးထည့်ကာ ငါးအူချောင်းတုတ်ထိုးထည့်ပြုတ်ပြီးရင် သုံးဆောင်လို့ ရပါပြီနော်။

Ref; asianfood

 

459 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.