ခ်စ္တယ္ဆိုတာထက္ပိုသက္ေသျပမဲ့ စကားမ်ား

သင့္ခ်စ္သူမိန္းကေလးကို ခ်စ္တယ္ဆိုခ်ည္းပဲ ေျပာေနရတာ ႐ိုးလာၿပီလား။ ခ်စ္တယ္ဆိုတ့ဲ စကားထက္ပိုၿပီး ေက်နပ္ေစတဲ့ စကားေတြ ေျပာၾကည့္လိုက္ရေအာင္။

၁။ အရမ္းလွေနပါလား
ဒီလိုေျပာေပးျခင္းေၾကာင့္ သူမက သင့္ကိုဆြဲေဆာင္ထားႏိုင္ေၾကာင္း ေဖာ္ျပရာေရာက္ၿပီး သူမစိတ္ကို ေက်နပ္ေနေစမွာျဖစ္ပါတယ္။

၂။ ေန႔တိုင္းကို ခ်စ္နဲ႔တူတူရွိခ်င္တယ္
လူေတြဟာ တစ္ခါတစ္ရံမွာ ဘယ္သူနဲ႔မွ မပတ္သတ္ပဲ ေနခ်င္ၾကပါတယ္။ ဒါေပမယ့္ သင္ကေတာ့ ဒီလိုမဟုတ္ပဲ အခ်ိန္တိုင္း ေန႔ရက္တိုင္းကို သူမတေယာက္တည္းနဲ႔သာ ကုန္ဆုံးသြားခ်င္တယ္ဆိုတာမ်ိဳးက သင့္ကိုအမွတ္တ႐႐ွိေနစမယ့္ စကားမ်ိဳးပဲျဖစ္ပါတယ္။

၃။ ခ်စ္နဲ႔ စကားေျပာေနရတာကိုေရာ တိတ္တိတ္ေလးအတူရွိေနကိုေရာ သေဘာက်တယ္
တစ္ခါတစ္ေလမွာ တစ္ဦးနဲ႔တစ္ဦး ဘာစကားမွမေျပာပဲ အၾကည့္ေတြအျပံဳးေတြနဲ႔ပဲ နားလည္မႈေတြတည္ေဆာက္ၾကရပါတယ္။ သူမရဲ႕တိတ္ဆိတ္မႈေတြကို နားလည္ဖို႔လိုအပ္သလို ဒီလိုေနရတာကိုလည္း သေဘာက်တယ္ဆိုတာ ေျပာေပးရပါမယ္။

၄။ ကိုယ္တို႔ေတြ႕ခြင့္ရတ့ဲ ဒီအခိုက္အတန္႔ေလးေတြကိုလည္း ခ်စ္တယ္
အျပင္မွာ ခ်ိန္းဆိုေတြ႕ဆုံတာပဲျဖစ္ျဖစ္ အိပ္ရာထဲမွာ ေတြ႕တာပဲျဖစ္ျဖစ္ အဲ့ဒီအခ်ိန္ေလးေတြကို အသိအမွတ္ျပဳ ျပန္ေျပာေပးဖို႔ လိုပါတယ္။ ဒီလိုကိစၥေလးေတြကို ျပန္ေျပာေပးျခင္းက အမွတ္တရေတြကို ပိုၿပီးခိုင္ျမဲေစမွာျဖစ္ပါတယ္။

ခ်စ္ျခင္းတရားေတြ ခုိင္ၿမဲၾကပါေစေနာ္။

[ Unicode ]

သင့်ချစ်သူမိန်းကလေးကို ချစ်တယ်ဆိုချည်းပဲ ပြောနေရတာ ရိုးလာပြီလား။ ချစ်တယ်ဆိုတဲ့ စကားထက်ပိုပြီး ကျေနပ်စေတဲ့ စကားတွေ ပြောကြည့်လိုက်ရအောင်။

၁။ အရမ်းလှနေပါလား
ဒီလိုပြောပေးခြင်းကြောင့် သူမက သင့်ကိုဆွဲဆောင်ထားနိုင်ကြောင်း ဖော်ပြရာရောက်ပြီး သူမစိတ်ကို ကျေနပ်နေစေမှာဖြစ်ပါတယ်။

၂။ နေ့တိုင်းကို ချစ်နဲ့တူတူရှိချင်တယ်
လူတွေဟာ တစ်ခါတစ်ရံမှာ ဘယ်သူနဲ့မှ မပတ်သတ်ပဲ နေချင်ကြပါတယ်။ ဒါပေမယ့် သင်ကတော့ ဒီလိုမဟုတ်ပဲ အချိန်တိုင်း နေ့ရက်တိုင်းကို သူမတယောက်တည်းနဲ့သာ ကုန်ဆုံးသွားချင်တယ်ဆိုတာမျိုးက သင့်ကိုအမှတ်တရရှိနေစမယ့် စကားမျိုးပဲဖြစ်ပါတယ်။

၃။ ချစ်နဲ့ စကားပြောနေရတာကိုရော တိတ်တိတ်လေးအတူရှိနေကိုရော သဘောကျတယ်
တစ်ခါတစ်လေမှာ တစ်ဦးနဲ့တစ်ဦး ဘာစကားမှမပြောပဲ အကြည့်တွေအပြုံးတွေနဲ့ပဲ နားလည်မှုတွေတည်ဆောက်ကြရပါတယ်။ သူမရဲ့တိတ်ဆိတ်မှုတွေကို နားလည်ဖို့လိုအပ်သလို ဒီလိုနေရတာကိုလည်း သဘောကျတယ်ဆိုတာ ပြောပေးရပါမယ်။

၄။ ကိုယ်တို့တွေ့ခွင့်ရတဲ့ ဒီအခိုက်အတန့်လေးတွေကိုလည်း ချစ်တယ်
အပြင်မှာ ချိန်းဆိုတွေ့ဆုံတာပဲဖြစ်ဖြစ် အိပ်ရာထဲမှာ တွေ့တာပဲဖြစ်ဖြစ် အဲ့ဒီအချိန်လေးတွေကို အသိအမှတ်ပြု ပြန်ပြောပေးဖို့ လိုပါတယ်။ ဒီလိုကိစ္စလေးတွေကို ပြန်ပြောပေးခြင်းက အမှတ်တရတွေကို ပိုပြီးခိုင်မြဲစေမှာဖြစ်ပါတယ်။

ချစ်ခြင်းတရားတွေ ခိုင်မြဲကြပါစေနော်။

Ref; rsgoals

 

3K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.