တချို့ကေပေါ့အဖွဲ့တွေမှာဆိုရင် အဖွဲ့ရဲ့ Leader ရယ်လို့ သတ်မှတ်ထားတဲ့အဖွဲ့တွေရှိပါတယ်။ ဒါပေမယ့်လဲ အခုပြောပြမယ့် group လေးတွေမှာတော့ Leader လို့ ခွဲခြားထားခြင်းမရှိတဲ့ အဖွဲ့လေးတွေပဲဖြစ်ပါတယ်။
1. BLACKPINK
BLACKPINK အဖွဲ့ဝင်တွေကတော့ အတူတူလေ့ကျင့်ခဲ့ကြပြီး ပွဲဦးထွက်ခဲ့တဲ့အချိန်မှာလဲ ခေါင်းဆောင်ရယ်လို့ သတ်မှတ်ထားခဲ့ခြင်းမရှိပါဘူး။
2. K.A.R.D
K.A.R.D အဖွဲ့ကတော့ သူတို့အဖွဲ့ဝင်တွေက တစ်ယောက်စီတိုင်းမှာ ခေါင်းဆောင်တစ်ယောက်လိုမျိုးပဲ အားလုံးသောအရည်အချင်းတွေရှိတာကြောင့်ပါလို့ သိရပါတယ်။
3. Secret Number
သိပ်မကြာသေးခင်ကမှ ပွဲဦးထွက်ခဲ့တဲ့ Secret Number အဖွဲ့မှာ Leader မရှိဘူးဆိုတာကတော့ အံ့သြစရာပါ။
4. 2PM
2PM ပွဲဦးစထွက်ခဲ့တဲ့အချိန်မှာတော့ Jay Park က Leader တစ်ယောက်အနေနဲ့ ရှိနေခဲ့တာပါ။အဖွဲ့ကနေ Jay Park ထွက်သွားပြီးတဲ့နောက်မှာတော့ Leader နေရာကို တခြားဘယ်သူ့ကိုမှ အစားထိုးခဲ့ခြင်းမရှိပါဘူး။
5. JYJ
JYJ အဖွဲ့ကတော့ သူတို့ပွဲဦးမထွက်ခင်မှာ SM Entertainment နဲ့အငြင်းပွားမှုတစ်ချို့ရှိခဲ့ပြီး ပွဲဦးထွက်တဲ့အချိန်မှာတော့ သူတို့သုံးယောက်အဖွဲ့မှာ leader ရယ်လို့ သတ်မှတ်ထားခြင်းမရှိခဲ့ပါဘူး။
6. AKMU
K-pop အဖွဲ့အတော်များများမှာ အဖွဲ့ရဲ့သတ်မှတ်ထားတဲ့ Leaderကတော့ ရှိနေတတ်ပါတယ်။ဒါပေမယ့် AKMU အဖွဲ့ဝင်ဖြစ်တဲ့ Lee Chan-hyuk နဲ့သူညီမဖြစ်သူ Lee Su-hyun တို့ကတော့ Leader ထားစရာမလိုအောင် တော်ကြပါတယ်။
7. iKON
iKON ရဲ့ original leader ကတော့ B.I ပါ။ ဒါပေမယ့် B.I နုတ်ထွက်ပြီးနောက်မှာတော့ သူတို့အဖွဲ့က leader အဖြစ်ထပ်ပြီး သတ်မှတ်ခဲ့တာမရှိပါဘူး။
8. Wooseok X Kuanlin
Wooseok နဲ့ Kuanlin တို့နှစ်ယောက်ကတော့ Leader မထားတာအကောင်းဆုံးပဲလို့ ဆုံးဖြတ်ခဲ့ပါတယ်။
9. Miss A
ဒီအဖွဲ့ကတော့ ဖျတ်သိမ်းလိုက်ပြီဖြစ်ပေမယ့်လည်း သူတို့ပွဲဦးထွက်ခဲ့တုန်းက leader မရှိပဲ ပွဲဦးထွက်ခဲ့တဲ့ K-pop ရဲ့ group တစ်ခုပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးနေကြပြီး leader မထားဖို့အတွက် ရွေးချယ်ခဲ့ကြပါတယ်။
Ref;Koreaboo