အမျိုးသမီးတွေအနေနဲ့ စိတ်ပူစရာမလိုတဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ

အမျိုးသမီးတွေရင်ထဲမှာ အမြဲပူပန်နေရတဲ့ ကိစ္စတခုရှိကြပါတယ်။ ယောကျာ်းဖြစ်သူက ဘယ်သူနဲ့များ သွားငြိနေမလဲ။ ကိုယ်မသိဘဲနဲ့ ဘယ်သူနဲ့များ တိတ်တိတ်ကလေး ခရီးဆက်နေမလဲ။ အတွေးပေါင်းစုံနဲ့ စိတ်မချတဲ့စိတ်တွေနဲ့၊ တချို့ဆို ယောကျာ်းဘယ်သွားသွား နောက်ကနေလိုက်နေတဲ့အဖြစ်ရောက်ကြရတယ်။

အမြဲတမ်း စိတ်မချတဲ့စိတ်နဲ့ ယောကျာ်းအကောင့်ကို လာအပ်တဲ့သူတွေကို ရန်တွေ့ရတာနဲ့၊facebook ပေါ်ကနေ စောင်းမြောင်းဆဲရတာနဲ့ ကိုယ်ရောစိတ်ပါ ပင်ပန်းကြရပါတယ်။ စနှိုက်အကျော်ခံရမှာ စိုးရိမ်တဲ့စိတ်က များနေတဲ့အခါမှာ စိတ်ချမ်းသာစရာ မရှိကြပါဘူး။ တကယ်တော့ မိန်းမတွေ ဒီလိုစိတ်ပူရတယ်ဆိုတာ ခေတ်စနစ်အခြေအနေအရကိုက စိတ်ပူစရာကို ဖြစ်နေလို့ပါပဲ။

ဒါပေမယ့် တချို့အိမ်ထောင်သည်အမျိုးသမီးတွေ အိမ်က ယောကျာ်းဘယ်ကိုသွားသွား စိတ်ပူစရာမလိုဘဲ စိတ်အေးလက်အေးနေနိုင်ကြတဲ့သူတွေ ရှိကြပါတယ်။ သူတို့ကား စနှိုက်အကျော်ခံရမှာကို မကြောက်လို့လားဆိုတော့ သူတို့ကိုယ်တိုင်က ကိုယ့်ခင်ပွန်းရဲ့စိတ်သဘာဝကိုသိထားတဲ့အခါ စိတ်ချလက်ချနေထိုင်နိုင်တာပဲ ဖြစ်ပါတယ်။


တချို့အမျိုးသားတွေဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်၊ ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကို နိုင်နင်းပြီး ထိန်းသိမ်းနိုင်စွမ်းရှိကြပါတယ်။ ဘယ်လိုမြူဆွယ်မြူဆွယ် မပါတတ်ဘဲ ကိုယ့်ဇနီးဆီမှာပဲစိတ်ရှိတဲ့ ယောကျာ်းသားတွေရှိသလို ကိုယ့်မိသားစုလေး အသိုက်အမြုံလေးကို အစွန်းအထင်းမခံတဲ့ယောကျာ်းသားတွေလည်း ရှိကြပါတယ်။

ကိုယ့်မိသားစုရဲ့တန်ဖိုးတို့ကို ကိုယ့်ရဲ့တခဏတာစိတ်ပျော်ပါးမှုအတွက် မလဲနိုင်ကြသူတွေ ရှိကြပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်ပြီး၊ တည်ကြည်လေးနက်တဲ့စိတ်ထားပိုင်ဆိုင်ထားကြတဲ့ အမျိုးသားကောင်းတွေဟာ လိင်မှုကိစ္စပျော်ပါးမှုကို ထိန်းသိမ်းနိုင်စွမ်းရှိကြသူတွေ ဖြစ်ပါတယ်။

အမြဲသတိကောင်းပြီး ကိုယ့်ကိုကိုယ်ရန်ပြုတော့မယ့် ကိစ္စရပ်တွေကနေအလွယ်တကူ ရှောင်တတ်ကြသူတွေ ဖြစ်ကြပါတယ်။

ဒီလို ကြံ့ခိုင်တဲ့ အမျိုးသားကောင်းတို့ကို ခင်ပွန်းတော်ထားရတဲ့ ဇနီးသည်တို့ဟာ စနှိုက်ကျော်ခံရမှာကို စိတ်မပူစရာမလိုဘဲ နေနိုင်ကြသူတွေဖြစ်ကြောင်းတွေ့ရလေ့ရှိပါတယ်။ အဓိကတော့ စနှိုက်ကျော်ခံရတယ်ဆိုတာ ယောကျာ်းသားတို့က စိတ်မထိန်းနိုင်ဘဲယိမ်းယိုင်မိတဲ့အခါ ဇနီးဖြစ်သူတို့က စိတ်သောကရောက်ကြရတာ ဖြစ်ပါတယ်။ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ဘယ်သူက ဘယ်လောက်ထိပဲ လာပြီး အထာတွေပေး(စိတ်ဝင်စားနေတယ်)ဆိုဦးတော့ ၊ ကိုယ်မပါရင် စနှိုက်ကျော်လက်ထဲလည်းပါစရာ အကြောင်းမရှိပါဘူးနော်။


Ref;Relationships goals

379 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.