ကိုရီးယားၾကက္ဥငံျပာရည္စိမ္နည္း

ထမင္းပူပူေလးနဲ႔စားမလား၊ ေခါက္ဆြဲနဲ႔ပဲဆြဲမလား အရမ္းအရသာရွိတဲ့ ကိုရီးယားၾကက္ဥငံျပာရည္စိမ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ ၾကက္ဥ(သို႔)ဘဲဥ
၂။ ၾကက္သြန္ျဖဴ
၃။ ငရုတ္သီးစိမ္း၊နီ
၄။ ၾကက္သြန္နီၿမိတ္
၅။ နွမ္း
၆။ ပဲငံျပာရည္

ျပဳလုပ္နည္း
၁။ ၾကက္ဥျပဳတ္ရန္ ေရေႏြးဆူလာရင္ ဆားထည့္၊ ရွာလကာရည္ထည့္ပါ။ ႀကက္ ဥ ဘဲဥ မိမိႀကဳိက္ႏွစ္သက္ရာဥလုပ္ႏုိင္ပါတယ္။ ၆ မိနစ္ ျပဳတ္ရင္ရပါၿပီ။ မက်က္တက်က္ျပဳတ္တာႀကိုက္ရင္ေတာ့ အႏွစ္မက်က္ေအာင္ ျပဳတ္ထားပါ။
၂။ ဆယ္ယူၿပီး ေရေအးထဲမွာစိမ္ထားပါ။
၃။ အခြံခါပါ။
၄။ ၾကက္သြန္ျဖဴ ငရုတ္စိမ္း နီ ႀကက္သြန္နီမိတ္ စသည္တုိ႔ကုိ ပါးပါးလွီးပါ။
၅။ ဖန္ ဇလုံ သုိ႔ micro wave ဗူး (သို႔)အဆင္ေျပရာတစ္ခု သုံးပါ။ ပဲငံျပာရည္ ထည့္၊ ေရက်က္ေအးထည့္၊ သႀကားထည့္ ၊ႏွမ္းဆီထည့္၊ လွီးျဖတ္ထားေသာ ႀကက္သြန္နီမိတ္ ငရုတ္စိမ္းနီ ႀကက္သြန္ျဖဴတုိ႔ထည့္ ႏွမ္းထည့္ၿပီး အရသာျမည္းၾကည့္ပါ။
၆။ အရမ္းငန္ေနရင္ ေရက်က္အးနဲနဲထည့္ပါ။ ျပဳတ္ထားေသာ ဥမ်ားစိမ္ထားပါ။
၇။ အနည္းဆုံး 5 နာရီစိမ္ပါ။ ေရခဲေသတၱာရွိရင္ ေအာက္ထပ္မွာထားႏုိင္ပါတယ္။ မရွိရင္ အုပ္ေဆာင္း အုပ္ၿပီးထားပါ။
၈။ ၅ နာရီျပည့္ၿပီဆို အရမ္းအရသာရွိတဲ႕ ကုိရီးယား ႀကက္ဥျပဳတ္ ငံျပာရည္စိမ္ရရွိပါၿပီေနာ္။

[ Unicode ]

ထမင်းပူပူလေးနဲ့စားမလား၊ ခေါက်ဆွဲနဲ့ပဲဆွဲမလား အရမ်းအရသာရှိတဲ့ ကိုရီးယားကြက်ဥငံပြာရည်စိမ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်ဥ(သို့)ဘဲဥ
၂။ ကြက်သွန်ဖြူ
၃။ ငရုတ်သီးစိမ်း၊နီ
၄။ ကြက်သွန်နီမြိတ်
၅။ နှမ်း
၆။ ပဲငံပြာရည်

ပြုလုပ်နည်း
၁။ ကြက်ဥပြုတ်ရန် ရေနွေးဆူလာရင် ဆားထည့်၊ ရှာလကာရည်ထည့်ပါ။ ကြက် ဥ ဘဲဥ မိမိကြိုက်နှစ်သက်ရာဥလုပ်နိုင်ပါတယ်။ ၆ မိနစ် ပြုတ်ရင်ရပါပြီ။ မကျက်တကျက်ပြုတ်တာကြိုက်ရင်တော့ အနှစ်မကျက်အောင် ပြုတ်ထားပါ။
၂။ ဆယ်ယူပြီး ရေအေးထဲမှာစိမ်ထားပါ။
၃။ အခွံခါပါ။
၄။ ကြက်သွန်ဖြူ ငရုတ်စိမ်း နီ ကြက်သွန်နီမိတ် စသည်တို့ကို ပါးပါးလှီးပါ။
၅။ ဖန် ဇလုံ သို့ micro wave ဗူး (သို့)အဆင်ပြေရာတစ်ခု သုံးပါ။ ပဲငံပြာရည် ထည့်၊ ရေကျက်အေးထည့်၊ သကြားထည့် ၊နှမ်းဆီထည့်၊ လှီးဖြတ်ထားသော ကြက်သွန်နီမိတ် ငရုတ်စိမ်းနီ ကြက်သွန်ဖြူတို့ထည့် နှမ်းထည့်ပြီး အရသာမြည်းကြည့်ပါ။
၆။ အရမ်းငန်နေရင် ရေကျက်အးနဲနဲထည့်ပါ။ ပြုတ်ထားသော ဥများစိမ်ထားပါ။
၇။ အနည်းဆုံး 5 နာရီစိမ်ပါ။ ရေခဲသေတ္တာရှိရင် အောက်ထပ်မှာထားနိုင်ပါတယ်။ မရှိရင် အုပ်ဆောင်း အုပ်ပြီးထားပါ။
၈။ ၅ နာရီပြည့်ပြီဆို အရမ်းအရသာရှိတဲ့ ကိုရီးယား ကြက်ဥပြုတ် ငံပြာရည်စိမ်ရရှိပါပြီနော်။

Ref; asianfood

 

698 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.