ခ်စ္သူရည္းစားမထားပါနဲ႔

ZAWGYI

တစ္ေယာက္တည္းေနတာလည္း ေအးခ်မ္းပါတယ္။တကယ္လို႔ အေပးအယူမညီမွ်တဲ့ relationship တစ္ခုဆိုရင္လည္း ရပ္တန္႔ပစ္လိုက္ပါ။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ကိုကိုယ္ ေပ်ာ္ေအာင္ထားဖို႔က အရမ္းအေရးႀကီးလို႔ပါ။ေကာ္ဖီတစ္ခြက္ရဲ႕အရသာကိုခံစားဖို႔အတြက္အေဖာ္မလိုပါဘူး ေကာ္ဖီကိုတကယ္ႀကိဳက္ရင္ တစ္ေယာက္တည္းေသာက္လည္း အရသာမေျပာင္းလဲသြားသလို ေကာ္ဖီအေပၚရူးသြပ္တဲ့ခံစားမႈကလည္း ေျပာင္းလဲသြားမွာမဟုတ္ပါဘူး။

အဲ့ဒီလိုမ်ိဳးပါပဲ single ဘ၀ရဲ႕လြတ္လပ္မႈကို ခံုမင္ႏွစ္သက္သြားၿပီဆိုရင္ ဘာလုပ္လုပ္အေဖာ္မလိုပါဘူး တစ္ခါတစ္ေလမွာ အထီးက်န္မႈေလးေတြအတြက္ေတာ့ သူငယ္ခ်င္းေတြလည္းရွိရုံနဲ႔တင္ လုံေလာက္ပါၿပီ။ ဒါမွမဟုတ္ရင္လည္း သီခ်င္းေတြနဲ႔အေဖာ္ျပဳလို႔ရပါတယ္။

စကားလာေျပာမယ့္သူမရွိျခင္းက နားၾကပ္တစ္ဖက္ျဖဳတ္ၿပီး သူတို႔ေျပာသမွ် လိုက္နားေထာင္ေပးစရာမလိုေတာ့တဲ့အတြက္ ကိုယ့္စိတ္ကို ပိုၿပီး လန္းဆန္းေစမွာပါ။ လိုခ်င္တာေတြ၀ယ္ပါ စားခ်င္တာေတြစားပါ။သြားခ်င္တဲ့ေနရာသြားပါ အိပ္ခ်င္တဲ့အခ်ိန္အိပ္ပါ။ ဖုန္းပိတ္ထားၿပီး စာအုပ္ေတြဖတ္ပါ ဘ၀အတြက္ message ေပးတဲ့ဇာတ္လမ္းေကာင္းေလးေတြၾကည့္ပါ။ ပ်င္းေနရင္ fancy ကားေလးေတြၾကည့္ၿပီးရယ္ပါ။
အဲ့ဒီလိုလုပ္တာကိုမွ စိတ္ေက်နပ္မႈမရေသးရင္ drama ကားေတြၾကည့္ၿပီး တစ္ေယာက္တည္းအက်ယ္ႀကီးငိုလို႔ရေသးတယ္။

ပိတ္ပင္မယ့္သူမရွိျခင္းက ကိုယ္ကိုယ္တိုင္ဘာလုပ္ေနမွန္း မသိေတာ့တဲ့အထိ လြတ္လပ္ပါတယ္။ ကိုယ့္ဘ၀ရဲ႕ေပ်ာ္စရာကို ကိုယ္တိုင္ရွာတာအေကာင္းဆုံးပဲျဖစ္လို႔
ကိုယ့္ရဲ႕ေပ်ာ္႐ႊင္ျခင္းအတြက္ တစ္စံုတစ္ဦးရဲ႕လႊမ္းမိုးမႈကိုမွမခံပါနဲ႔။

အလုပ္ႀကိဳးစားၿပီး ပိုက္ဆံစုပါ။ ၿပီးရင္ ကမ႓ာပတ္ဖို႔မေတြးပါနဲ႔ဦး ကိုယ့္နိုင္ငံမွာတင္လည္ပတ္စရာေတြအမ်ားႀကီးရွိပါေသးတယ္။ အရင္ႏွံ႔ေအာင္လည္ပါ သမိုင္း၀င္ေနရာေတြကိုသြားၿပီးေလ့လာပါ။

အမွတ္တရေတြယူတဲ့အခါ ဓာတ္ပုံေတြရုိက္ၿပီး မွတ္တမ္းလုပ္ထားပါ။ ၿပီးရင္ေတာ့ လိုခ်င္တဲ့ပန္းတိုင္ကို အာရံုစိုက္လိုက္ပါ။
ကိုယ့္အတြက္ အက်ဳိးရွိမယ့္အရာေတြကိုေလ့လာပါ။
ရည္႐ြယ္ထားတဲ့ပန္းတိုင္ဆီေရာက္ေအာင္သြားပါ
ေအာင္ျမင္လာတဲ့တစ္ေန႔ ကို္ယ္ကိုယ္တိုင္
single ဘဝႀကီးကို ၿငီးေငြ႕လာတဲ့အခါ တစ္စံုတစ္ေယာက္ရဲ႕လက္ကိုတြဲလိုက္ပါ။ဘယ္အရာမွေနာက္က်သြားတယ္ဆိုတာမရွိပါဘူး။
အခ်ိန္မတိုင္ခင္သာ အိမ္ေထာင္မက်ေစပါနဲ႔။ လူတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကို အထီးက်န္တယ္လို႔ေတြးေနသမွ်ကာလပတ္လံုး ဘယ္သူ႔အခ်စ္ေတြနဲ႔ ဘယ္လိုပဲသုိက္သုိက္၀န္း၀န္းေနရေနရ အထီးက်န္တယ္လို႔ပဲခံစားေနရမွာပါ။ အဲ့ဒီလိုမ်ိဳး အထီးက်န္တဲ့ လူလို႔ မခံယူထားသေရြ႕ေတာ့ ဘဝမွာ တစ္ေယာက္တည္း (single)အျဖစ္ေနဖို႔ဆိုတာ မခက္ခဲပါဘူး။


Ref;Relationships goals

UNICODE

တစ်ယောက်တည်းနေတာလည်း အေးချမ်းပါတယ်။တကယ်လို့ အပေးအယူမညီမျှတဲ့ relationship တစ်ခုဆိုရင်လည်း ရပ်တန့်ပစ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုကိုယ် ပျော်အောင်ထားဖို့က အရမ်းအရေးကြီးလို့ပါ။ကော်ဖီတစ်ခွက်ရဲ့အရသာကိုခံစားဖို့အတွက်အဖော်မလိုပါဘူး ကော်ဖီကိုတကယ်ကြိုက်ရင် တစ်ယောက်တည်းသောက်လည်း အရသာမပြောင်းလဲသွားသလို ကော်ဖီအပေါ်ရူးသွပ်တဲ့ခံစားမှုကလည်း ပြောင်းလဲသွားမှာမဟုတ်ပါဘူး။

အဲ့ဒီလိုမျိုးပါပဲ single ဘဝရဲ့လွတ်လပ်မှုကို ခုံမင်နှစ်သက်သွားပြီဆိုရင် ဘာလုပ်လုပ်အဖော်မလိုပါဘူး တစ်ခါတစ်လေမှာ အထီးကျန်မှုလေးတွေအတွက်တော့ သူငယ်ချင်းတွေလည်းရှိရုံနဲ့တင် လုံလောက်ပါပြီ။ ဒါမှမဟုတ်ရင်လည်း သီချင်းတွေနဲ့အဖော်ပြုလို့ရပါတယ်။

စကားလာပြောမယ့်သူမရှိခြင်းက နားကြပ်တစ်ဖက်ဖြုတ်ပြီး သူတို့ပြောသမျှ လိုက်နားထောင်ပေးစရာမလိုတော့တဲ့အတွက် ကိုယ့်စိတ်ကို ပိုပြီး လန်းဆန်းစေမှာပါ။ လိုချင်တာတွေဝယ်ပါ စားချင်တာတွေစားပါ။သွားချင်တဲ့နေရာသွားပါ အိပ်ချင်တဲ့အချိန်အိပ်ပါ။ ဖုန်းပိတ်ထားပြီး စာအုပ်တွေဖတ်ပါ ဘဝအတွက် message ပေးတဲ့ဇာတ်လမ်းကောင်းလေးတွေကြည့်ပါ။ ပျင်းနေရင် fancy ကားလေးတွေကြည့်ပြီးရယ်ပါ။
အဲ့ဒီလိုလုပ်တာကိုမှ စိတ်ကျေနပ်မှုမရသေးရင် drama ကားတွေကြည့်ပြီး တစ်ယောက်တည်းအကျယ်ကြီးငိုလို့ရသေးတယ်။

ပိတ်ပင်မယ့်သူမရှိခြင်းက ကိုယ်ကိုယ်တိုင်ဘာလုပ်နေမှန်း မသိတော့တဲ့အထိ လွတ်လပ်ပါတယ်။ ကိုယ့်ဘဝရဲ့ပျော်စရာကို ကိုယ်တိုင်ရှာတာအကောင်းဆုံးပဲဖြစ်လို့
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းအတွက် တစ်စုံတစ်ဦးရဲ့လွှမ်းမိုးမှုကိုမှမခံပါနဲ့။

အလုပ်ကြိုးစားပြီး ပိုက်ဆံစုပါ။ ပြီးရင် ကမ္ဘာပတ်ဖို့မတွေးပါနဲ့ဦး ကိုယ့်နိုင်ငံမှာတင်လည်ပတ်စရာတွေအများကြီးရှိပါသေးတယ်။ အရင်နှံ့အောင်လည်ပါ သမိုင်းဝင်နေရာတွေကိုသွားပြီးလေ့လာပါ။

အမှတ်တရတွေယူတဲ့အခါ ဓာတ်ပုံတွေရိုက်ပြီး မှတ်တမ်းလုပ်ထားပါ။ ပြီးရင်တော့ လိုချင်တဲ့ပန်းတိုင်ကို အာရုံစိုက်လိုက်ပါ။
ကိုယ့်အတွက် အကျိုးရှိမယ့်အရာတွေကိုလေ့လာပါ။
ရည်ရွယ်ထားတဲ့ပန်းတိုင်ဆီရောက်အောင်သွားပါ
အောင်မြင်လာတဲ့တစ်နေ့ ကိုယ်ကိုယ်တိုင်
single ဘဝကြီးကို ငြီးငွေ့လာတဲ့အခါ တစ်စုံတစ်ယောက်ရဲ့လက်ကိုတွဲလိုက်ပါ။ဘယ်အရာမှနောက်ကျသွားတယ်ဆိုတာမရှိပါဘူး။
အချိန်မတိုင်ခင်သာ အိမ်ထောင်မကျစေပါနဲ့။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အထီးကျန်တယ်လို့တွေးနေသမျှကာလပတ်လုံး ဘယ်သူ့အချစ်တွေနဲ့ ဘယ်လိုပဲသိုက်သိုက်ဝန်းဝန်းနေရနေရ အထီးကျန်တယ်လို့ပဲခံစားနေရမှာပါ။ အဲ့ဒီလိုမျိုး အထီးကျန်တဲ့ လူလို့ မခံယူထားသရွေ့တော့ ဘဝမှာ တစ်ယောက်တည်း (single)အဖြစ်နေဖို့ဆိုတာ မခက်ခဲပါဘူး။
Ref;Relationships goals

692 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.