အဓိပတိဖြား အေဟာ

ZAWGYI

အဓိပတိဖြားေတြက အေၾကာက္အလန္႕ နည္းသူေတြျဖစ္ၾကျပီး ရဲရင့္ျပတ္သား ကာ စြန္႕စားလို စိတ္ရွိ တတ္သူမ်ားျဖစ္သည္။ မခံခ်င္စိတ္လည္း မ်ားတတ္ျပီး တစ္ခါ တစ္ရံ တစ္ဇြတ္ထိုး လုပ္တတ္ေပ သည္။ သို႕ေသာ္ စိတ္သေဘာထားေကာင္းသူမ်ား လည္းျဖစ္ၾကသည္။ အၾကီး အကဲျဖစ္တတ္ျပီး မည္သည့္ နယ္ ပယ္တြင္ မဆို ေနာက္လိုက္ထက္ေခါင္းေဆာင္ျဖစ္လိုသူ အမိန္႕ေပးတတ္သူ ဦးစီးေဆာင္ရြက္သူ မ်ားျဖစ္ျပီး အေပါင္းအသင္း မိတ္ေဆြမ်ားေတြၾကားတြင္လည္း ဦးေဆာင္တတ္သူ ဆရာလုပ္တတ္သူမ်ား လည္းျဖစ္ သည္။
ထို႕ေၾကာင့္ သူတို႕သည္ ပညာရပ္ေတာ္ေတာ္ မ်ားမ်ားကို သိရွိေအာင္ေလ့လာ တတ္ၾကေလသည္။ သို႕ေသာ္ စိတ္ယိုင္တတ္ စိတ္ အေျပာင္းအလဲျမန္ အေရာင္ေျပာင္းျမန္ၾကသည္။ ထို႕သို႕ လုပ္ေနဆဲမွ တစ္ၿခား အလုပ္မ်ားကို ေျပာင္းလဲ လုပ္ကိုင္တတ္ၾကသျဖင့္ တစ္ခ်ိဳ႕ အလုပ္မ်ားတြင္ တစ္ပိုင္း တစ္စ က်န္ ရွိေနတတ္သည္။ အေဟာ အေျပာေကာင္းသူျဖစ္သျဖင့္ ကုန္သည္ လုပ္ငန္း အက်ိဳးေဆာင္ လုပ္ငန္း အဓိက အားျဖင့္ စီးပြားေရး လုပ္ငန္းမ်ားတြင္ ေအာင္ျမင္မွဳမ်ား ရရွိတတ္သည္။ စည္းရံုးေရး ကိစၥမ်ား သူတစ္ပါးအား ဆံုးမျခင္း ကိစၥမ်ားတြင္ လည္းေအာင္ျမင္တတ္ေပသည္။

အဓိပတိ ဆိုတဲ့အတိုင္းပဲ သူ႔တို႔ေတြဟာ ေခါင္းေဆာင္ လုပ္လိုၾကတယ္။ ၾသဇာေပးလို႔ၾကတယ္။ အၾကံေပး ခ်င္ၾကတယ္။ သူမ်ားေနာက္လိုက္ မလုပ္လို။ လူ႔ေအာက္က်ိဳ႕ သိပ္မခံခ်င္ၾကဘူး။ မိမိ သာ ဘယ္အရာကို မဆို စိတ္ပါ လက္ပါ လုပ္မယ္ဆို ထိပ္ဆံုးေရာက္ႏိုင္တဲ့ သူေတြပါ။ လက္ေတြ႕မွာေတာ့ စိတ္ကူးမ်ားေန တတ္တယ္ ၊ေလထဲ တိုက္အိမ္ေဆာက္ေနတတ္ၾကတယ္။ စီမံကိန္းေတြခ် ၊ plan ေတြ ခ်ၿပီး လက္ေတြ႔ မလုပ္ျဖစ္တတ္ပါ။ မိမိ ဉာဏ္ရည္ ထက္ျမက္သည္။ အေတြးအေခၚေကာင္းသည္။ သင္ျပရ လြယ္သည္။ သူမ်ား တစ္ႏွစ္ေလာက္ သင္ရတဲ့ပညာကို မိမိက တစ္လေလာက္ သင္တာနဲ႔ တတ္ေျမာက္သည္။ ထီထြင္ ဖန္တီးလိုစိတ္ ျပင္းထန္သည္။

မိမိက ကာယ အားမကိုးခ်င္။ ဉာဏ္ သာ စိုက္ထုတ္လုပ္ခ်င္သည္။ ေက်ာပူ မခံႏိုင္ေပမဲ့ ေခါင္းပူ ခံႏိုင္ၾက တယ္။ မိမိက အရာရာ စိတ္ဝင္တစ္စား ေလ့လာ လိုက္စား တတ္သည္။ အလုပ္တစ္ခုကို လဲ ေဇာက္ခ် မလုပ္ခ်င္ၾကေပ။ ပညာရပ္ေတြကိုလဲ နည္းနည္းစီ လိုက္စားထားသည္။ ဒါေၾကာင့္ သူ႔တို႔ မသိတဲ့ က႑မရွိ ၊ အတြင္းက်က် သိသည္လဲ မဟုတ္ေပ။ အေပၚယံသာ သိသည္။

အဓိပတိ ဖြားေတြဟာ စကားေျပာေကာင္းၾကသည္၊ ကိုယ့္ဘက္ပါေအာင္စည္းရံုးတတ္သည္။ ပီယဝါစာ စကားေတြနဲ႔ လူအမ်ားကို ဆြဲေဆာင္ႏိုင္ၾကတယ္။ အဓိပတိ ဖြားေတြဟာ အႏုပညာဗီဇပါၾကသည္။ စန္း ရွိသည္။ အႏုပညာ လက္မႈပညာေတြ နဲ႔ ေအာင္ျမင္တတ္သည္။ စိတ္ရွည္ ဇြဲသန္ဖို႔ေတာ့ လိုတာေပါ့။ အဓိပတိ ဖြားေတြကေငြနဲ႔ေဝးတဲ့ ဇာတာပါတယ္။ လိုက္ေလေဝးေလျဖစ္ေနတတ္တယ္။

ေငြ အစုလိုက္ရမယ္ ဆိုၿပီး မရဘဲျဖစ္ေနတတ္တယ္။ အေမြ ရရင္ေတာင္ မိမိ ခြဲတမ္းကနည္းေန တတ္ တယ္။ ထီေပါက္ရင္ အဖတ္ မတင္ဘဲ ကုန္သြားတတ္တယ္၊ မိမိရဲ႕ ျပင္ရမဲ့ အခ်က္ေတြထဲမွာ သနားတတ္ တာေရာ အားနာတတ္တာေရာ ပါတယ္။ သနားလို႔ ေငြေခ်းရင္ ဆံုးမွာပဲ။ အားနာလို႔ ေခ်းလိုက္ရင္လဲ လႉ လိုက္တယ္ လို႔ပဲ သေဘာထားရလိမ့္မယ္။ မိမိ က သူမ်ားငိုျပရင္ လြန္စြာသနားတတ္သည္။ ရွိတာေလး ထုတ္ေပးတတ္တယ္။

ေငြ အေခ်း အဌားေၾကာင့္ ဘဝမွာ ခဏခဏ စိတ္ဆင္းရဲရမည္။ အေႂကြးျပန္မရလို႔ အကူအညီလာေတာင္း တဲ့ သူေတြဟာ အဓိပတိဖြားေတြ အမ်ားဆံုးျဖစ္ေနတာ ေတြ့ရတတ္တယ္။ မိမိ ကံဇာတာေအာက္ လက္ ငယ္သားေတာ္လွန္မဲ့ ဇာတာပါ၊ တပည့္ေမြးလို႔ မရဘူး၊ ကိုယ္က ေစတနာ နဲ႔ တပည့္ ကို လိုက္ လိုက္ေရာေရာေနၿပီး ပညာကုန္ သင္ေပးရင္ မိမိကို အာခံလိမ့္မယ္ ၊ ကိုယ္ေမြးတဲ့ေမ်ာက္က ကိုယ့္ ကိုျပန္ေျခာက္ တတ္တယ္။ မိမိေစတနာကို နားမလည္ဘူး၊ မိမိ ကို ပမာမခန္႔ လုပ္တတ္တယ္။

မိမိေစတနာကို ေစာ္ကားတတ္တယ္။ မိမိဟာ ေအးေအး ခ်မ္းခ်မ္းေနတတ္ၾကတယ္။ ႐ိုး႐ိုးသားသားေန မယ္။ ဒါေၾကာင္႔ပဲ မိမိကိုယ္ ပတ္ဝန္းက်င္က ေငြ ရွိတယ္။ ခ်မ္းသာတယ္ဟု ထင္တတ္ၾကသည္။ လက္ေတြ႕ မွာေတာ့ အၿမဲတမ္း ဘိုင္က်ေနမည္။ ေငြမၾကာခဏျပတ္ေနတတ္သည္။ မိမိ က လူမႈေရး ႏိုင္ငံေရး စိတ္ဝင္ စားမည္။ ဒါေၾကာင့္ပဲ ရပ္ကြက္ေကာင္းစားေရးက စၿပီး လုပ္ေနမိတတ္သည္။

အမ်ားအတြက္ ေစတနာ႔ ဝန္ထမ္း လုပ္ေနရတတ္သည္။ မိမိသည္ ေငြ အစုလိုက္ ဝင္သည္။ လူမႈေရး ပရဟိတ ရပ္ရြာေကာင္း စားေရး အတြက္ နဲ႔ပဲ ထိုေငြျပန္ကုန္ တတ္သည္။ မိမိ ဘဝမွာေအာင္ျမင္လိုရင္ ႀကိဳးစားပါ။ အတၱနဲ႔ ပရမွ်တ စြာလုပ္ပါ။ ဇြဲရွိပါ။ ကံ ဉာဏ္ ဝီရိယ သံုးပါးမွာ မိမိက ကံေကာင္း ဉာဏ္ေကာင္းၿပီး ဝီရိယ နည္းေန ပါလိမ့္ မည္။
Ref;Baydin

UNICODE

အဓိပတိဖွားတွေက အကြောက်အလန့် နည်းသူတွေဖြစ်ကြပြီး ရဲရင့်ပြတ်သား ကာ စွန့်စားလို စိတ်ရှိ တတ်သူများဖြစ်သည်။ မခံချင်စိတ်လည်း များတတ်ပြီး တစ်ခါ တစ်ရံ တစ်ဇွတ်ထိုး လုပ်တတ်ပေ သည်။ သို့သော် စိတ်သဘောထားကောင်းသူများ လည်းဖြစ်ကြသည်။ အကြီး အကဲဖြစ်တတ်ပြီး မည်သည့် နယ် ပယ်တွင် မဆို နောက်လိုက်ထက်ခေါင်းဆောင်ဖြစ်လိုသူ အမိန့်ပေးတတ်သူ ဦးစီးဆောင်ရွက်သူ များဖြစ်ပြီး အပေါင်းအသင်း မိတ်ဆွေများတွေကြားတွင်လည်း ဦးဆောင်တတ်သူ ဆရာလုပ်တတ်သူများ လည်းဖြစ် သည်။
ထို့ကြောင့် သူတို့သည် ပညာရပ်တော်တော် များများကို သိရှိအောင်လေ့လာ တတ်ကြလေသည်။ သို့သော် စိတ်ယိုင်တတ် စိတ် အပြောင်းအလဲမြန် အရောင်ပြောင်းမြန်ကြသည်။ ထို့သို့ လုပ်နေဆဲမှ တစ်ခြား အလုပ်များကို ပြောင်းလဲ လုပ်ကိုင်တတ်ကြသဖြင့် တစ်ချို့ အလုပ်များတွင် တစ်ပိုင်း တစ်စ ကျန် ရှိနေတတ်သည်။ အဟော အပြောကောင်းသူဖြစ်သဖြင့် ကုန်သည် လုပ်ငန်း အကျိုးဆောင် လုပ်ငန်း အဓိက အားဖြင့် စီးပွားရေး လုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိတတ်သည်။ စည်းရုံးရေး ကိစ္စများ သူတစ်ပါးအား ဆုံးမခြင်း ကိစ္စများတွင် လည်းအောင်မြင်တတ်ပေသည်။

အဓိပတိ ဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင် လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်။ အကြံပေး ချင်ကြတယ်။ သူများနောက်လိုက် မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိ သာ ဘယ်အရာကို မဆို စိတ်ပါ လက်ပါ လုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေ တတ်တယ် ၊လေထဲ တိုက်အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ plan တွေ ချပြီး လက်တွေ့ မလုပ်ဖြစ်တတ်ပါ။ မိမိ ဉာဏ်ရည် ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရ လွယ်သည်။ သူများ တစ်နှစ်လောက် သင်ရတဲ့ပညာကို မိမိက တစ်လလောက် သင်တာနဲ့ တတ်မြောက်သည်။ ထီထွင် ဖန်တီးလိုစိတ် ပြင်းထန်သည်။

မိမိက ကာယ အားမကိုးချင်။ ဉာဏ် သာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူ မခံနိုင်ပေမဲ့ ခေါင်းပူ ခံနိုင်ကြ တယ်။ မိမိက အရာရာ စိတ်ဝင်တစ်စား လေ့လာ လိုက်စား တတ်သည်။ အလုပ်တစ်ခုကို လဲ ဇောက်ချ မလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီ လိုက်စားထားသည်။ ဒါကြောင့် သူ့တို့ မသိတဲ့ ကဏ္ဍမရှိ ၊ အတွင်းကျကျ သိသည်လဲ မဟုတ်ပေ။ အပေါ်ယံသာ သိသည်။

အဓိပတိ ဖွားတွေဟာ စကားပြောကောင်းကြသည်၊ ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်း ရှိသည်။ အနုပညာ လက်မှုပညာတွေ နဲ့ အောင်မြင်တတ်သည်။ စိတ်ရှည် ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိ ဖွားတွေကငွေနဲ့ဝေးတဲ့ ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။

ငွေ အစုလိုက်ရမယ် ဆိုပြီး မရဘဲဖြစ်နေတတ်တယ်။ အမွေ ရရင်တောင် မိမိ ခွဲတမ်းကနည်းနေ တတ် တယ်။ ထီပေါက်ရင် အဖတ် မတင်ဘဲ ကုန်သွားတတ်တယ်၊ မိမိရဲ့ ပြင်ရမဲ့ အချက်တွေထဲမှာ သနားတတ် တာရော အားနာတတ်တာရော ပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူ လိုက်တယ် လို့ပဲ သဘောထားရလိမ့်မယ်။ မိမိ က သူများငိုပြရင် လွန်စွာသနားတတ်သည်။ ရှိတာလေး ထုတ်ပေးတတ်တယ်။

ငွေ အချေး အဌားကြောင့် ဘဝမှာ ခဏခဏ စိတ်ဆင်းရဲရမည်။ အကြွေးပြန်မရလို့ အကူအညီလာတောင်း တဲ့ သူတွေဟာ အဓိပတိဖွားတွေ အများဆုံးဖြစ်နေတာ တွေ့ရတတ်တယ်။ မိမိ ကံဇာတာအောက် လက် ငယ်သားတော်လှန်မဲ့ ဇာတာပါ၊ တပည့်မွေးလို့ မရဘူး၊ ကိုယ်က စေတနာ နဲ့ တပည့် ကို လိုက် လိုက်ရောရောနေပြီး ပညာကုန် သင်ပေးရင် မိမိကို အာခံလိမ့်မယ် ၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့် ကိုပြန်ခြောက် တတ်တယ်။ မိမိစေတနာကို နားမလည်ဘူး၊ မိမိ ကို ပမာမခန့် လုပ်တတ်တယ်။

မိမိစေတနာကို စော်ကားတတ်တယ်။ မိမိဟာ အေးအေး ချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေ မယ်။ ဒါကြောင့်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေ ရှိတယ်။ ချမ်းသာတယ်ဟု ထင်တတ်ကြသည်။ လက်တွေ့ မှာတော့ အမြဲတမ်း ဘိုင်ကျနေမည်။ ငွေမကြာခဏပြတ်နေတတ်သည်။ မိမိ က လူမှုရေး နိုင်ငံရေး စိတ်ဝင် စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။

အများအတွက် စေတနာ့ ဝန်ထမ်း လုပ်နေရတတ်သည်။ မိမိသည် ငွေ အစုလိုက် ဝင်သည်။ လူမှုရေး ပရဟိတ ရပ်ရွာကောင်း စားရေး အတွက် နဲ့ပဲ ထိုငွေပြန်ကုန် တတ်သည်။ မိမိ ဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ ပရမျှတ စွာလုပ်ပါ။ ဇွဲရှိပါ။ ကံ ဉာဏ် ဝီရိယ သုံးပါးမှာ မိမိက ကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယ နည်းနေ ပါလိမ့် မည်။
Ref;Baydin

678 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.