အချစ်ကို သက်သေပြခဲ့ကြတဲ့ ဆယ်လီစုံတွဲများ

နာမည်ကြီးအနုပညာရှင်တွေရဲ့ Relationship သတင်းတွေက မကြာခဏဆိုသလိုတတ်လာပြီး လပိုင်း၊ နှစ်ပိုင်းမှာပဲ အလုပ်တွေမအားတာကြောင့်၊အချိန်မပေးနိုင်တာကြောင့်၊စိတ်သဘောထားမတိုက်ဆိုင်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းခွဲလိုက်ကြတဲ့ couples relationship အတွဲတွေဆိုတာအများကြီးပါ။ အဲ့ဒီထဲကမှ ဘယ်လိုအခက်အခဲပဲရှိရှိ ရင်ဆိုင်ကျော်ဖြတ်မယ်ဆိုတဲ့ Relationship အတွဲတွေကလဲ အားကျစရာပါ။
1. Yoo Jae Suk & Na Kyung Eun


Running Man အဖွဲ့ဝင် Yoo Jae Suk နဲ့ announcer Na Kyung Eun တို့ကတော့ Infinite Challenge မှာ အလုပ်လုပ်ရင်းစတွေ့ခဲ့ကြပြီး ၂၀၀၈ ခုနှစ်မှာ လက်ထက်ခဲ့ကြပါတယ်။အခုဆိုရင်တော့ ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်ဖွယ်မိသားစုလေးကို ရရှိထားပါတယ်။

2. Han Ga In & Yeon Jung Hoon


Han Ga In တို့အတွဲလေးကတော့ K-Drama ရိုက်ကူးရင်းစတင်တွဲခဲ့ကြတာပါ။ ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး အခုဆိုရင် ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါပြီ။

3. Tablo (Epik High) & Kang Hye Jung


Couples အတွဲလေးဖြစ်တဲ့ Kang Hye Jung တို့ကတော့ အရမ်းကို ရင်းနှီးတဲ့ သူငယ်ချင်းတွေကနေ ချစ်သူဖြစ်နေပါပြီလို့ ကြေငြာခဲ့တာပါ။အဲ့ဒီလိုကြေငြာချက်ထွက်ပြီး သိပ်မကြာခင် ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ အခုဆိုရင် ချစ်စရာသမီးနှစ်ယောက်နဲ့ ပျော်ရွှင်စရာမိသားစုလေးဖြစ်နေပါပြီ။

4. Tiger JK & Yoon Mi Rae


သူတို့ရဲ့ Dating သတင်းကတော့ လုံးဝ ထွက်ပေါ်လာခြင်းမရှိခဲ့ပဲ ၂၀၀၀ ခုနှစ်မှာသူတို့ရဲ့ Relationship ကိုတရားဝင်ကြေငြာခဲ့ပါတယ်။ တရားဝင်ကြေငြာပြီးနောက် ၇ နှစ်အကြာ ၂၀၀၇ ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။

5. Kwon Sang Woo & Son Tae Young


Kwon Sang Woo တို့ဇနီးမောင်နှံကတော့ Relationship သက်တမ်းလပိုင်းအကြာမှာပဲ လက်ထပ်ခဲ့ကြတာပါ။ ပရိသတ်တွေရဲ့ ဝေဖန်မှုကို အတော်လေးခံခဲ့ရပေမယ့်လည်း လက်ထပ်ပြီးဖြစ်တဲ့ သတင်းကို ၂၀၀၈ ခုနှစ်မှာ တရားဝင်ကြေငြာခဲ့ပါတယ်။

6. Kim Seung Woo & Kim Nam Joo


အနုပညာအစည်းအဝေးပွဲတစ်ခုမှာ စတင်တွေ့ဆုံခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် ပျော်ရွှင်စရာမိသားစုလေးနဲ့အတူ ကလေးနှစ်ယောက်ကိုလဲပိုင်ဆိုင်ထားပါပြီ။

7. Ricky Kim & Ryu Seung Joo


စေတနာ့ဝန်ထမ်းအလုပ်တွေ လုပ်ကိုင်ခဲ့ရာမှ ဖူးစာဆုံခဲ့ကြတဲ့ Ricky Kim တို့ကတော့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သားသမီး ၃ ယောက်နှင့်အတူ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။

8. Shoo (Former member of S.E.S) & Im Hyo Sung


Shoo နဲ့ Im Hyo Sung တို့ကတော့ ၂၀၁၀ ခုနှစ်မှာလက်ထပ်ခဲ့ကြပြီး အမွှာသမီးလေးနှစ်ယောက်ကို မွေဖွားထားပါတယ်။

9. Kim Hee Sun & Park Ju Young


မင်းသမီး Kim Hee Sun ကတော့ သူ့ရဲ့အမျိုးသားဖြစ်သူနဲ့ ၂၀၀၆ ခုနှစ်မှာ Dating စလုပ်ခဲ့တာပါ။ တစ်နှစ်ကျော်အကြာ Dating လုပ်ပြီးနောက်မှာတော့ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။

10. Cha Tae Hyun & Choi Suk Eun


ပရိသတ်ရှေ့ကို ထုတ်မပြောပဲ ဆယ်စုနှစ်တစ်ခုအကြာ သူတို့နှစ်ဦးကတော့ Dating လုပ်ခဲ့တာပါလို့ သိရပါတယ်။ ဒီအတွဲလေးကတော့ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင် ကလေး ၃ ယောက်နဲ့ ပျော်ရွှင်စရာအိမ်ထောင်ရေးကို ပိုင်ဆိုင်နေပါပြီ။
Ref;Koreaboo

888 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.