၂၀၂၀ ခုနှစ်မှာ ကြွေလွင့်သွားခဲ့တဲ့ ဘောလိဝုဒ်ကြယ်ပွင့်များ

အခုလိုမျိုးအကြွေစောသွားခဲ့တဲ့အတွက် ဘောလိဝုဒ်အနုပညာလောကအတွက်အတော်လေးကို စိတ်မကောင်းစရာဖြစ်ခဲ့ရမှာပါ။


၁. Suhant singh rajput


သရုပ်ဆောင်၊ Dancer နှင့် philanthropist တစ်ယောက်ဖြစ်တဲ့ Suhant singh rajut ကိုတော့ ၁၉၈၆ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့၊ Patna, Bihar, အိန္ဒိယမှာ မွေးဖွားခဲ့ပါတယ်။၂၀၀၈ ခုနှစ်ကစပြီး အနုပညာအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ Kai Po Che! ဒရမ်ကားဖြင့် ပွဲဦးထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Detective Byomkesh!/ M.S. Dhoni:The Untold Story (2016) စတဲ့ဇာတ်ကားတွေက အတော်လေးကိုအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေဖြစ်ပြီး Flimfare Award For Best Actor ဆုကိုလဲ ရရှိထားတဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် ဇွန်လ ၁၄ ရက်၊ သူ့အသက် ၃၄ နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၊ Maharashtra မှာ ကိုယ့်ကိုကိုယ် Suicide လုပ်သွားခဲ့တယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒီလိုအောင်မြင်မှုတွေရရှိထားတဲ့ မင်းသားတစ်ယောက်က ကိုယ့်ကိုကိုယ် သက်သေသွားခဲ့တယ်ဆိုတာကတော့ ဘောလိဝုဒ်အတွက်အတော်လေးကို စိတ်မကောင်းစရာပါ။

၂. Irrfan Khan


မင်းသားကြီး Irfan Khan ကိုတော့ ၁၉၆၇ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့၊ အိန္ဒိယနိုင်ငံ Tonk, Rajasthan မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး Salaam Bombayဇာတ်ကားဖြင့် (1998) မှာပွဲဦးထွက်ခဲ့ပါတယ်။ အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့တဲ့ မင်းသားကြီး Irrfan Khan ကတော့ ၂၀၂၀ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့၊ Maharashtra မှာ အူမကြီးရောဂါဖြင့် ဆုံးပါးသွားခဲ့ပြီပဲဖြစ်ပါတယ်။

၃. Rishi Kapoor

Rishi Kapoor လို့ခေါ်တဲ့ နာမည်ကျော်မင်းသားဘောလိဝုဒ်မင်းသားကြီးကိုတော့ ၁၉၅၂ ခုနှစ်၊စက်တင်ဘာလ ၄ ရက်နေ့ အိန္ဒိယနိုင်ငံ၊ ဘုံဘေ၊Matunga မှာမွေးဖွားခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာအနုပညာအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး အောင်မြင်မှုတွေကို ဆက်တိုက်ရရှိခဲ့တဲ့ မင်းသားကြီးပါ။ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Aurangzeb / Mulk (2018) တို့ကလဲ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုအပါအဝင်ပါ။ မင်းသားကြီးက Filmfare Critics Award for Best Actor ဆုကြီးကိုလဲ ရရှိခဲ့ပါတယ်။ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်ထားတဲ့ မင်းသားကြီး Rishi Kapoor ကတော့ ၂၀၂၀ ခုနှစ် ဧပြီ ၃၀၊ သူ့အသက် ၆၇ နှစ်မှာ အိန္ဒိယနိုင်ငံ၊မွန်ဘိုင်းမြို့၊ Maharashtra၊ Girgaon မှာ သွေးကင်ဆာ ဖြင့်ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးနာမည်ကြီး ဘောလိဝုဒ်ရဲ့ ကြယ်ပွင့်တွေထဲကမှ ဆုံးရှုံးသွားခဲ့ရတဲ့ သူတွေအတွက်အတော်လေးကို စိတ်မကောင်းစရာပါ။
Ref;JESSIEYEUNG &vEDIKA SUD,CNN

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.