K-Pop Audition တစ်ယောက်ဖြစ်ဖို့အတွက် (အပိုင်း-၁)

ကိုရီးယားရဲ့ Big 3 Entertainment မှာ Audition ဖြေချင်တဲ့သူတွေအနေနဲ့ကတော့သိထားရမယ့်အကြောင်းအရာလေးတွေကို ပြောပြလိုက်ပါတယ်။

SM Entertainment

ပထမဆုံးအနေနဲ့ SM Entertainment ရဲ့သတ်မှတ်ချက်ကတော့ သဘာဝအတိုင်းချစ်စရာကောင်းနေရမယ်၊ပြေပြစ်ရမယ်။ SM ကတော့ Talent ကို 20 % ကြည့်ပြီး Visual ကို 80% ကြည့်ပါတယ်။တကယ်လို့ SM ရဲ့ Trainee တစ်ယောက်ဖြစ်သွားခဲ့မယ်ဆိုရင် အနည်းဆုံး ၃ နှစ်ကနေ ၆ နှစ်အထိ အပြင်းအထန် Trainee ပေးပြီးမှ Debut လုပ်ခွင့်ရမှာပါ။ ဒါပေမယ့် အရည်အချင်းတွေက တိုးတတ်မှုမရှိဘူးဆိုရင် ထုတ်ပယ်ခံရမှာပါ။ P.S SM က 2000 ကနေ 2010 ကြားကိုပဲ ရွေးတာပါ။
SM Entertainment ကတော့ အင်္ဂလိပ်၊တရုတ်၊ဂျပန် စတဲ့ ဘာသာစကားတွေကို တတ်မြောက်ထားတဲ့သူတွေကို ပိုသဘောကျပါတယ်။

JYP Entertainment

JYP Entertainment ကတော့ Talent နှင့် ရုပ်ရည်ကို 50% စီ ကြည့်ပြီးရွေးပါတယ်။
တစ်ခါတလေမှာလည်း အခြေအနေအရမ်းမဆိုးပဲ ကြည့်ကောင်းတဲ့လူတွေကိုလဲ ရွေးလေ့ရှိပါတယ်။
Training ကတော့ ၃ နှစ်ကနေ ၆ နှစ် လေ့ကျင့်ပြီးမှ Debut လုပ်ရပါတယ်။ Talent ရှိရင်တော့ လပိုင်းနဲ့ Training ဆင်းပြီး Debut လုပ်လို့ရပါတယ်။

JYP ကလဲ Big 3 Entertainment တွေထဲက တစ်ခုဖြစ်တဲ့အတွက် ဝင်ပြိုင်မယ်ဆိုရင်တော့ Vocal or Rap or Dance တွေကို ပိုင်ပိုင်နိုင်နိုင် သေချာပြင်ဆင်သွားဖို့လိုအပ်ပါတယ်။
JYP ကတော့ Foriegner တွေအတွက် အကောင်းဆုံး Entertainment တစ်ခုလို့ပြောလို့ရပါတယ်။

YG Entertainment


YG အတွက် Audition ကတော့ နဲနဲစိတ်ဝင်စားစရာပိုကောင်းပါတယ်။ YG ကတော့ Talent 100% ကို ရုပ်ရည်ကြည့်ပြီး မဆုံးဖြတ်ပါဘူး။ YG ကတော့ Big 3 ထဲမှာ စည်းကမ်းအကြီးဆုံး Entertainment တစ်ခုလဲဖြစ်ပါတယ်။ YG က Idols တွေကိုတော့ လုံလောက်တဲ့ Talent တွေရှိမှာ Debut ပေးပါတယ်။
Trainee သက်တမ်းကတော့ ၄ နှစ်ကနေ ၇ နှစ်အထိကြာနိုင်ပါတယ်။ နောက်ပြီး YG က Cute Type တွေကို ရွေးပါတယ်တဲ့နော်။

Website Audition မှာဖြည့်ရမှာတွေကတော့
1. Nationnality
2. Name
3. Sex (Male or Female)
4. Email
5. Phone Number
6. Photo (အနီးကပ်တစ်ပုံ/ ခန္ဓာကိုယ်အပြည့်ပါတဲ့ပုံ(အလှပုံ) တစ်ပုံ)
7. Weigh
8. High
9.Vocal video (1 min – 3 min)
10. Dance video (1 min – 3 min)
တို့လိုအပ်ပါတယ်။ ဖောင်တင်ပြီးလို့ ၂ ပတ်ကနေ ၄ ပတ်အတောအတွင်းမှာ E-mail ကနေ အောင်တယ်၊ကျတယ်ဆိုတာပြန်ပြောပေးမှာပါ။

Ref;젤리피쉬엔터테인먼트 아티스개발실

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.