ဖက်ရှင်လို့ပြောလိုက်တာနဲ့ ပိုက်ဆံကုန်ဖို့ချည်းပဲ တွေးမနေပါနဲ့။ အခုဖော်ပြပေးမယ့် အရာတွေက သင့်ဆီမှာ အတော်လေးကြာပြီး ထုတ်မသုံးဖြစ်တဲ့ ရှိထားပြီးသားတွေပဲ ဖြစ်မှာပါ။ တစ်ခါတစ်လေ ကိုယ့်မှာရှိပြီးသားအရာတွေကို မသုံးစွဲတတ်ဘဲ မေ့လျော့နေမိကြပါတယ်။
ဒီတော့ ငွေကုန်ရတဲ့နေ့တွေကို မေ့ပြစ်ပြီး ဘီရိုထဲက ရှိပြီးသား အဟောင်းလေးတွေ ပြန်ရှာကြည့်ရအောင်။
(၁) ဒီသားမွှေးကော်လံက သင့်ကို ဘယ်ကုတ်အင်္ကျံနဲ့မဆို လိုက်ဖက်စေနိုင်မှာဖြစ်ပြီး ပိုပြီးစမတ်ကျတဲ့အသွင်ကို ပေးပါတယ်။ ဒါကြောင့် အချိန်အတော်ကြာ မေ့ထားဖြစ်တဲ့ ဒီလို သားမွှေး ကုတ်ကော်လံမျိုးကို ပြန်ထုတ်သုံးပေးပါ။
(၂) ဘယ်တော့မှ ထုတ်မကြည့်မိဖူးတဲ့ ဒီ နေဗီပြာရောင် ဆွဲသားအင်္ကျံလေးကို ဗီရိုထဲက ဆွဲထုတ်လိုက်ပါ။
(၃) ဒီနွေရာသီမှာ ကွင်းစွပ်ဖိနပ်တွေ ခေတ်စားမယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ ဒီဖိနပ် တစ်ရံကတော့ ELLE ရဲ့ အကြိုက်ဆုံးတစ်ခုပေါ့။
(၄) Accessories အယ်ဒီတာ Donna ရဲ့အကြိုက်တစ်ခုဖြစ်တဲ့ စကတ်ဘောင်းဘီတွေက ကြိုက်တတ်သူများအတွက် အမြဲတမ်းခေတ်စားပါတယ်။ ရုံးဝတ်ဖို့ပဲဖြစ်ဖြစ် ၊ အပြင်ပဲသွားသွား သင့်တော်တာ ကြောင့် အတော်လေး ပြည့်စုံကောင်းမွန်တယ်လို့ ဆိုရမှာပါ။
(၅) ဒီနားကပ်တစ်စုံက သင့်ကို ပြည့်စုံသွားအောင် အနားသတ်ပေးပါလိမ့်မယ်။ ခေတ်ဟောင်းထဲက အဆင်အယင်တွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလိုဖြစ်နေရင်တော့ ဒီနားကပ်ကို ရွေးချယ်လိုက်ပါ။ သင့်မှာလည်း ရှိထားပြီးသားဖြစ်မှာပါ။
(၆) ငြီးငွေ့ဖွယ်ကောင်းတဲ့ ဇန်န၀ါရီလက ကုန်တော့မှာပါ။ စနေနေ့လိုညမျိုးတွေမှာ ဘယ်ကိုသွားမလဲ။ သွားကကြမယ် ၊ cocktail တွေသောက်မယ် ။ အဲဒီအတွက်တော့ ဒီ Jazzy လက်ကိုင်အိတ်ကို ရွေးချယ်သွားလိုက်ပါ။
ဒါဆိုရင်တော့ ငွေကုန်ကြေးကျ မများဘဲ ဖက်ရှင်ကျလိုသူတွေအတွက် နည်းလမ်းကောင်းလေး ရပြီပေါ့။
Ref:elleuk.com