သာမန်ထက် နောက်ကျပြီးမှ Debuted လုပ်ခဲ့တဲ့ အနုပညာရှင်များ

တောင်ကိုရီးယားရဲ့ အနုပညာရှင်အများစုက အသက်ငယ်ငယ်လေးတွေ (ဥပမာ- အသက် ၂၀)နဲ့ ပွဲဦးထွက်ကြသူတွေများပါတယ်။ဒါပေမယ့် အခုပြောပြမယ့် ဆယ်လီတွေကတော့ ပုံမှန်ထက်နဲနဲလေးနောက်ကျပြီး ပရိသတ်ရှေ့ကို ရောက်ရှိခဲ့တဲ့သူတွေပါ။

1. Jung Hae In


မင်းသားချော Jung Hae In ကတော့ သူစစ်မှုထမ်းနေတဲ့ အတောအတွင်းမှာ သရုပ်ဆောင်လုပ်ဖို့ စိတ်ကူးရခဲ့တာပါ။ စစ်မှုထမ်းပြီးနောက် အသက် ၂၆ နှစ်အရွယ်မှာတော့ Debut လုပ်ခဲ့ပြီး ပရိသတ်ရှေ့ကို ရောက်ရှိလာတာပါ။

2. Yoo In Na


အစပိုင်းမှာတော့ K-pop Idols တစ်ယောက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ပေမယ့် choreographies တွေက သူမအတွက်ခက်ခဲတာကြောင့် သရုပ်ဆောင်လိုင်းဘက်ကို ပြောင်းခဲ့ပြီး သူမအသက် ၂၈ နှစ်မှာ ပွဲဦးထွက်ခဲ့တာပါ။

3. Sung Hoon


ပရော်ဖက်ရှင်နယ် ရေကူးသမားတစ်ယောက်ဖြစ်ခဲ့တဲ့ Sung Hoon ကတော့ ဒဏ်ရာရရှိခဲ့တာကြောင့် ရေကူးသမားဘဝကို ရပ်တန့်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သရုပ်ဆောင်ပိုင်းကို စိတ်ဝင်စားခဲ့ပြီး အသက် ၂၈ မှာ ပရိသတ်ရှေ့ကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။

4. Jin Ki Joo


သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်မှာ Jin Ki Joo တစ်ယောက်ကတော့ အလုပ်မျိုးစုံကို လုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သရုပ်ဆောင်အပိုင်းကို လုပ်ဖို့ဆုံးဖြတ်ခဲ့ပြီး အသက် ၂၆ နှစ်အရွယ်မှာ အနုပညာအလုပ်ကို စတင်လုပ်ကိုင်ခဲ့တာပါ။

5. Ahn Jae Hyun


ပွဲဦးမထွက်ခင်မှာ Ahn Jae Hyun တစ်ယောက်ကတော့ မော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့တာပါ။ မော်ဒယ်အဖြစ် နှစ်အနည်းအကြာ လုပ်ကိုင်ခဲ့တာပါ။သရုပ်ဆောင်လိုင်းကို ပြောင်းလာပြီး ပွဲဦးထွက်ခဲ့တဲ့ အချိန်မှာတော့ သူ့ရဲ့အသက်က ၂၆ နှစ်ဖြစ်နေပါပြီ။

6. Lee Sung Kyung


Lee Sung Kyung ကတော့ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ ပရိသတ်ရှေ့ကို ရောက်ရှိခဲ့တာပါ။ နောက်ပိုင်း သရုပ်ဆောင် အဖြစ်နဲ့ ပွဲဦးထွက်လာတော့ သူမအသက် ၂၄ နှစ်ဖြစ်နေပါပြီ။

7. Park Seo Joon


Park Seo Joon ကတော့ အသက်၂၆ နှစ်မှာ ပရိသတ်ရှေ့ကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။

8. Min Hyo Rin


အစပိုင်းမှာတော့ K-pop Idol တစ်ယောက်အဖြစ် trained ခဲ့ပေမယ့်လည်း အသက် ၂၃ နှစ်အရွယ်မှာ သရုပ်ဆောင်ပိုင်းဘက်ကို ရောက်ရှိခဲ့တာပါ။

9. Lee Kwang Soo


ပရိသတ်အချစ်တော် Kwang Soo ကတော့ အသက် ၂၃ နှစ်မှာ သရုပ်ဆောင်ပိုင်းကို စလုပ်ခဲ့တာပါ။

10. Hwang Jung Eum


K-pop girl group တစ်ခုဖြစ်တဲ့ Sugar ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အဖွဲ့ဖျတ်သိမ်းပြီးတဲ့နောက် သူမအသက် ၂၂ နှစ်မှာ သရုပ်ဆောင်လုပ်ခြင်းကို စတင်လုပ်ကိုင်ခဲ့တာပါ။
Ref;KOREABOO

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.