ဒူးရင်းမလိုင်ချိုဆိမ့်မွှေးလေးပြုလုပ်နည်း

ဒူးရင်းသီးကြိုက်သူတွေအတွက်တော့ ဒီတစ်ခါမှာ အရသာစိမ့်စိမ့်လေးနဲ့ ဒူးရင်းမလိုင်ပြုလုပ်နည်းလေးကို ပြောပြပေးသွားမှာပါ။

လိုအပ်သည်များ-

ဒူးရင်းသီး၊ နွားနို့၊ ဆား၊
သကြား၊ နို့ဆီ၊ နို့စိမ်း တို့ လိုအပ်ပါတယ်။

ပထမဦးဆုံး ဒူးရင်းသီးကို အခွံနွှာပြီး အသားကို နွှင်ထားပေးပါ။
အဲ့ဒါလေးပြီးရင်တော့ နွားနို့ကို မလိုင်ဖတ်ကလေးတက်လာသည်အထိ ကျိုပေးထားပါ။
ပြီးလျှင် မလိုင်ဖတ်ကလေးတွေကို ဇွန်းဖြင့် ဆယ်ယူပြီး ဖန်ခွက်တစ်လုံးထဲ ထည့်ပေးထားပါ။

ကိုယ့်စိတ်ကြိုက် မလိုင်ရပြီဆိုရင်တော့ ကျိုနေတဲ့ နွားနို့ထဲကိုဆား၊ သကြား၊ နို့ဆီ၊ နို့စိမ်းတို့ကို ထည့်ပြီး ကျိုပေးထားပါ။

ဆူပွက်လာလျှင် အသားနွှင်ထားတဲ့ ဒူးရင်းသီးကိုထည့်ပြီး မီးအရှိန်လျှော့ကာ ပြန်ကျိုပေးထားပါ။ဆယ့်ငါးမိနစ်လောက်ကျိုပြီးရင် ဒူးရင်းသီးအရသာနဲ့ နို့အရသာ စိတ်ကြိုက်အရသာရပြီဆိုရင် ရပါပြီ။
အားလုံးပြီးရင်တော့ ကျိုထားပြီးတဲ့ဒူးရင်းသီးနဲ့ နို့ကိုဖန်ခွက်တစ်ခုထဲသို့ ကြိုက်သလောက်ထည့်လိုက်ပါ။

ပြီးလျှင် စောစောက ခပ်ယူထားတဲ့ မလိုင်ဖတ်များကို အပေါ်မှထည့်ပြီး နို့စိမ်းအနည်းငယ်ထည့် ရေခဲတုံးလေးထည့်ပြီးရင်တော့ အရသာအလွန်ကောင်းမွန်တဲ့ ချို၊ ဆိမ့်၊ မွှေး၊ အေးအေးလေးနဲ့ ဒူးရင်းမလိုင်လေးကို အသင့်သုံးဆောင်နိုင်ပါပြီ။


Ref;Foodie

65 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.