ဟုမ္းမိတ္ၾကက္သားလုံးစစ္စစ္ ျပဳလုပ္နည္း

ရယ္ဒီမိတ္မဟုတ္ဘဲ အိမ္မွာ ၾကက္သားအသားလုံးကို အဝဆြဲဖို႔ ဟုမ္းမိတ္ၾကက္သားလုံးစစ္စစ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား

၁။ ၾကက္ရင္ဖုံသား..၅၀သား
၂။ ပဲငံျပာရည္ အၾကည္..ထမင္းစားဇြန္း၂ဇြန္း
၃။ သၾကား…ထမင္းစားဇြန္းဝက္
၄။ င႐ုပ္ေကာင္းမႉန႔္.. လက္ဖက္စားဇြန္း၁ဇြန္း
၅။ ၾကက္သားမႈန႔္…ဇြန္းဝက္
၆။ ေျပာင္းဖူးမႉန႔္.. ထမင္းစားဇြန္း ၂ဇြန္း
၇။ ေဆာ္ဒါမႉန႔္ လက္ဖက္ဇြန္း ၁ဇြန္း
၈။ ေရခဲေရ…150ml..(၁ခြက္စာဖန္ခြက္)
၉။ ၾကက္သြန္ၿမိတ္ – အနည္းငယ္

ျပဳလုပ္နည္း
၁။ ပထမဦးစြာ အသားကို အေနေတာ္ေလးေတြ လွီးျဖတ္ၿပီး အသားႀကိတ္စက္ျဖင့္ ညက္ေနေအာင္ႀကိတ္ေပးပါ။
၂။ ခြက္တခုထဲသို႔ ေရခဲေရႏွင့္ ေျပာင္းဖူးမႈန႔္\ င႐ုပ္ေကာင္းမႉန႔္\ သၾကား\ ၾကက္သားမႈန႔္\ ပဲငံျပာရည္\ ေဆာ္ဒါမႈန႔္တို႔ထည့္ကာ..သမေအာင္ေဖ်ာ္ၿပီး ႀကိတ္ထားတဲ့ အသားထဲသို႔ထည့္၍ သမေအာင္ ႀကိတ္စက္ျဖင့္ ၅ မိနစ္ခန႔္ ဆက္ႀကိတ္ၿပီး ရရွိလာေသာ ေရာစပ္ၿပီးသား ႀကိတ္သားမ်ားကို ဗူးထဲထည့္ၿပီး အဖုံးလုံေအာင္ဖုံးၿပီး ေရခဲေသတၱာ ခဲတဲ့အထပ္မွာ ၂နာရီခန႔္ ထည့္ထားပါ။
၃။ ၂နာရီျပည့္ပါက ႀကိတ္စက္ထဲသို႔ တေခါက္ျပန္ထည့္ၿပီး စီးေနေအာင္ ၅မိနစ္ခန႔္ ထပ္ႀကိတ္ပါ။ အန႔ံေမႊးေအာင္လို႔ ၾကက္သြန္ၿမိတ္လွီးျဖတ္ၿပီးသားအနည္းငယ္ကို ေရာေပးပါ။ ၿပီးပါက အသားလုံးျပဳတ္ရန္ ျပင္ဆင္ပါ။
၄။ အိုးတစ္ခုထဲသို႔ ေရထည့္ၿပီး မီးေအးေအးနဲ႔ တည္ထားတဲ့ အထဲကို အသားလုံးမ်ား ျဖည္းျဖည္းျခင္း လုံး၍ ထည့္ပါ။ အသားလုံးမ်ား က်က္လာပါက ေရေပၚသို႔ ေပၚလာမွာျဖစ္ပါတယ္။
၅။ ၅မိနစ္ခန႔္ ထားၿပီးမွ ဆယ္ယူပါ။ ေပၚလာသည့္ အသားလုံးမ်ားကို ေရခဲေရ ထဲသို႔ ထည့္ၿပီး နာရီဝက္ခန႔္ စိမ္ထားၿပီးမွ ဆယ္ယူ၍ ေလလုံဗူးထဲ ထည့္၍ ေရခဲေသတၱာထဲ ထည့္၍ သိမ္းထားၿပီးရင္ေတာ့ ဟုမ္းမိတ္ၾကက္သားလုံးစစ္စစ္ ရပါၿပီေနာ္။

[ Unicode ]

ရယ်ဒီမိတ်မဟုတ်ဘဲ အိမ်မှာ ကြက်သားအသားလုံးကို အဝဆွဲဖို့ ဟုမ်းမိတ်ကြက်သားလုံးစစ်စစ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

၁။ ကြက်ရင်ဖုံသား..၅၀သား
၂။ ပဲငံပြာရည် အကြည်..ထမင်းစားဇွန်း၂ဇွန်း
၃။ သကြား…ထမင်းစားဇွန်းဝက်
၄။ ငရုပ်ကောင်းမှူန့်.. လက်ဖက်စားဇွန်း၁ဇွန်း
၅။ ကြက်သားမှုန့်…ဇွန်းဝက်
၆။ ပြောင်းဖူးမှူန့်.. ထမင်းစားဇွန်း ၂ဇွန်း
၇။ ဆော်ဒါမှူန့် လက်ဖက်ဇွန်း ၁ဇွန်း
၈။ ရေခဲရေ…150ml..(၁ခွက်စာဖန်ခွက်)
၉။ ကြက်သွန်မြိတ် – အနည်းငယ်

ပြုလုပ်နည်း
၁။ ပထမဦးစွာ အသားကို အနေတော်လေးတွေ လှီးဖြတ်ပြီး အသားကြိတ်စက်ဖြင့် ညက်နေအောင်ကြိတ်ပေးပါ။
၂။ ခွက်တခုထဲသို့ ရေခဲရေနှင့် ပြောင်းဖူးမှုန့်\ ငရုပ်ကောင်းမှူန့်\ သကြား\ ကြက်သားမှုန့်\ ပဲငံပြာရည်\ ဆော်ဒါမှုန့်တို့ထည့်ကာ..သမအောင်ဖျော်ပြီး ကြိတ်ထားတဲ့ အသားထဲသို့ထည့်၍ သမအောင် ကြိတ်စက်ဖြင့် ၅ မိနစ်ခန့် ဆက်ကြိတ်ပြီး ရရှိလာသော ရောစပ်ပြီးသား ကြိတ်သားများကို ဗူးထဲထည့်ပြီး အဖုံးလုံအောင်ဖုံးပြီး ရေခဲသေတ္တာ ခဲတဲ့အထပ်မှာ ၂နာရီခန့် ထည့်ထားပါ။
၃။ ၂နာရီပြည့်ပါက ကြိတ်စက်ထဲသို့ တခေါက်ပြန်ထည့်ပြီး စီးနေအောင် ၅မိနစ်ခန့် ထပ်ကြိတ်ပါ။ အနံ့မွှေးအောင်လို့ ကြက်သွန်မြိတ်လှီးဖြတ်ပြီးသားအနည်းငယ်ကို ရောပေးပါ။ ပြီးပါက အသားလုံးပြုတ်ရန် ပြင်ဆင်ပါ။
၄။ အိုးတစ်ခုထဲသို့ ရေထည့်ပြီး မီးအေးအေးနဲ့ တည်ထားတဲ့ အထဲကို အသားလုံးများ ဖြည်းဖြည်းခြင်း လုံး၍ ထည့်ပါ။ အသားလုံးများ ကျက်လာပါက ရေပေါ်သို့ ပေါ်လာမှာဖြစ်ပါတယ်။
၅။ ၅မိနစ်ခန့် ထားပြီးမှ ဆယ်ယူပါ။ ပေါ်လာသည့် အသားလုံးများကို ရေခဲရေ ထဲသို့ ထည့်ပြီး နာရီဝက်ခန့် စိမ်ထားပြီးမှ ဆယ်ယူ၍ လေလုံဗူးထဲ ထည့်၍ ရေခဲသေတ္တာထဲ ထည့်၍ သိမ်းထားပြီးရင်တော့ ဟုမ်းမိတ်ကြက်သားလုံးစစ်စစ် ရပါပြီနော်။

 

Ref; asianfood

 

762 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.