စမတ်ကျကျနေထိုင်ဖို့ ဒီနည်းလမ်းလေးတွေ ကျင့်သုံးစို့

နေ့စဉ်ဘ၀မှာ၊ လုပ်ငန်းတာဝန်တွေ ရှင်သန်လှုပ်ရှား ဆောင်ရွက်ကြတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စမတ်ကျအောင် နေတတ်ဖို့ကဘ၀မှာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ အလွန်အရေးပါပါတယ်။

၁။ ၀တ်စားဆင်ယင်မှု
အနောက်တိုင်းဝတ်စုံပဲဝတ်ဝတ်၊ မြန်မာဝတ်စုံပဲဝတ်ဝတ်၊ ခေတ်ပေါ်လူငယ်စတိုင်လ်ပဲဝတ်ဝတ်၊ ကိုယ်နဲ့ Fittingကျပြီး သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျအောင် ဂရုလေးစိုက်ပြီး ၀တ်ဆင်ပါ။

(၂) ပြောဆိုပုံ

တစ်ဦးနဲ့တစ်ဦး အပြန်အလှန် စကားပြောဆိုကြတဲ့အခါမှာ လည်း ကာလဒေသအလိုက် တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ ပြောဆိုတတ်ရပါမယ်။ ကိုယ်က စကားကျယ်ကျယ်အော်ပြောလိုက်လို့ အနှောက်အယှက်ဖြစ်မယ့် နေရာမျိုးတွေမှာဆိုရင် အထူးဂရုစိုက်ရပါမယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ
ဘယ်နေရာပဲသွားသွား၊ ဘာပဲလုပ်လုပ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့က အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် မယုံရဲဖြစ်နေသူ၊ ရှက်ကိုးရှက်ကန်းဖြစ်နေသူတစ်ယောက်က ဘယ်လိုမှ စမတ်မကျနိုင်ဘူးဆိုတာကတော့ အသေအချာပါပဲ။

(၄) နားထောင်တတ်အောင် သင်ယူပါ
စမတ်ကျလိုသူတွေဟာ နေရာတကာမှာ သူတို့ချည်းပဲ စကားကို လုပြောလေ့မရှိပါဘူး။ သူတစ်ပါးပြောဆိုနေတာကို စိတ်ဝင်တစားနားထောင်တတ်ခြင်းဟာလည်း စမတ်ကျခြင်းရဲ့ လက္ခဏာတစ်ရပ်ပါ။

၅) လမ်းလျှောက်ရင် မတ်မတ်လျှောက်ပါ
စမတ်ကျတဲ့သူတွေဟာ ကုတ်ချောင်းကုတ်ချောင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ ဘယ်တော့မှ လမ်းမလျှောက်ကြပါဘူး။ ဒါပေမယ့် စမတ်ကျကျ လမ်းလျှောက်ကြတဲ့နေရာမှာ ဆောင့်ကြွားဆောင့်ကြွားပုံစံမျိုး ဖြစ်မနေအောင်လည်း အထူးသတိပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ခြေလှမ်းတိုင်းဟာ ကိုယ့်ရဲ့ယုံကြည်မှုနဲ့ Personality ကို ဖော်ပြနေတယ်ဆိုတာကို အမြဲ သတိရပါ။

(၆) တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ
တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုကလည်း စမတ်ကျနေဖို့အတွက် အလွန် အရေးပါပါတယ်။ ခြေသည်းလက်သည်း၊ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးကအစ စမတ်ကျကျ သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ နောက်အရေးကြီးတာက ခံတွင်းနံ့ပါ။ ဥပမာ ကိုယ်က ကော်ဖီလိုမျိုး ခံတွင်းနံ့ဆိုးစေတဲ့ အစားအစာမျိုးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ပီကေ၊ ငုံဆေး စကားမျိုးတွေကို ဆောင်ထားသင့်ပါတယ်။


Ref;Stylist

106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.