ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာတဲ့ K-pop အမျိုးသား အိုင်ဒေါလ်များ

1. Siwon (Super Junior)


Super Junior အဖွဲ့ဝင် Siwonရဲ့ ဖခင်ကတော့ Boryung Medicine ရဲ့ စီအီးအို တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် Hyundai Department Store Chain ကလဲ သူတို့မိသားစုပိုင်ပဲဖြစ်ပါတယ်။

2. Hyungsik (ZE:A)


မင်းသားချော Park Hyungsik ရဲ့ဖခင်ကတော့ BMW Korea ရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရာထူးအမြင့်ဆုံးလဲဖြစ်ပါတယ်။

3. Suho (EXO)


Suho ရဲ့ဖခင်ကတော့ ပါမောက္ခတစ်ဦးဖြစ်ပါတယ်။သူ့ရဲ့ မိခင်ကတော့ ကရင်က သချာင်္ဘာသာရပ်ကို သင်ကြားတဲ့ ဆရာမတစ်ဦးဖြစ်ခဲ့ပါတယ်။ Suho ကလဲ ကိုရီးယားရဲ့လူချမ်းသာတွေနေတဲ့ Apgujeong မှာကြီးပြင်းခဲ့တာပါ။

4. Jinwoon (2AM)


Jinwoon ရဲ့ဖခင်ကတော့ ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူကတော့ အိမ်တွင်းအလှဆင်ခြင်းလုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။

5. Chenle (NCT)


Chenle ရဲ့အဘိုးကလဲ တရုတ်နိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၂၀ ဦးမှာပါဝင်တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

6. VIINI/Kwon Hyunbin


VIINI ကတော့ ငယ်ငယ်ကတည်းက နိုင်ငံခြားမှာနေထိုင်ပြီး ပညာသင်ခဲ့ပြီး သူကလဲ မိသားစု အသိုင်းအဝိုင်းကောင်းထဲက မွေးဖွားခဲ့တယ်လို့ဆိုပါတယ်။

7. Ten (NCT)


Ten ကတော့ လူဆယ်ဦးသာတတ်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ရှိတဲ့ Shrewsbury International School မှာ တတ်ရောက်ပညာသင်ခဲ့တာပါ။ အဲ့ဒီကျောင်းရဲ့ ပျှမ်းမျှ ကျူရှင်ဈေးနှုန်းက ၁၀နှစ်အတွင်း ဝင်ငွေ ကိုရီးယားဝမ်၂၀၀ မီလီယမ်ရှိတယ်လို့ဆိုပါတယ်။

8. Mark (GOT7)


GOT7 အဖွဲ့ဝင် Mark ရဲ့ ဖခင်ကတော့ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ GOT7 အဖွဲ့ဝင်တွေကတော့ Mark ရဲ့ အိမ်မှာ မြက်ခင်းအကျယ်ကြီးနဲ့ ရေကူးကန်ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

9. Nichkhun (2PM)


Nichkhun ရဲ့ မိဘနှစ်ဦးလုံးက ကုန်သွယ်ရေးနှင့် ဆေးဝါးကုမ္ပဏီရဲ့ စီအီးအိုတွေဖြစ်ကြပါတယ်။

10. Jaehyun (NCT)


Jaehyun ကတော့ Gangman မှာရှိတဲ့ လူချမ်းသာအသိုင်းအဝိုင်းကနေ မွေးဖွားလာတာပဲဖြစ်ပါတယ်။

11. Kyuhyun (Super Junior)


Kyuhyun ရဲ့ဖခင်ကတော့ တောင်ကိုရီးယားနိုင်ငံမှာ ပညာရေးဆိုင်ရာအသက်မွေးဝမ်းကြောင်း ကျောင်းအများစုကို ဖွင့်လှစ်ထားပြီး မိခင်ဖြစ်သူကလဲ အနုပညာအကယ်ဒမီသင်တန်းကျောင်းလိုမျိုး လုပ်ငန်းအများကိုလဲ တည်ထောင်ထားပါတယ်။

12. Sungjae (BTOB)


Sungjae ရဲ့ဖခင်ကတော့ semiconductor ကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပါတယ်။

13. P.O (Block B)


Block B အဖွဲ့ဝင် P.O ရဲ့ဖခင်ကတော့ Large Online department store ရဲ့ စီအီးအိုတစ်ယောက်ဖြစ်ပါတယ်။

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.