မအောင်မြင်ခင်မှာ သူတို့ဘာတွေလုပ်ခဲ့ကြရတာလဲ

သာမန်လူတွေအလုပ်လုပ်ကိုင်ကြသလိုပဲ K-pop Idols အများစုကလဲ မအောင်မြင်ခင်မှာ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့ရတာတွေလဲရှိသလို၊ အနုပညာနယ်ပယ်တွေထဲမှာအလုပ်လုပ်ခဲ့ဖူးတဲ့ အနုပညာရှင်တွေလဲ များစွာရှိပါတယ်။ ဒီတစ်ခါမှာတော့ အောင်မြင်မှုမရခင်မှာ မော်ဒယ်အဖြစ်လုပ်ခဲ့ဖူးတဲ့ အနုပညာရှင်တစ်ချို့ကို ပြောပြပေးသွားမှာပါ။

1. Ong Seongwu (Former member of WANNA ONE)


Ong Seongwu ကတော့ အလုပ်လုပ်ကိုင်ခဲ့တဲ့ ကုမ္ပဏီတော်တော်များများအတွက် စံပြတစ်ယောက်ဖြစ်ခဲ့တယ်လို့ပြောလို့ရပါတယ်။ သူက အွန်လိုင်းရှော့ပင်းမောလ်တွေအတွက် မော်ဒယ်တစ်ယောက်လုပ်ခဲ့ဖူးသလို၊ pre-wedding ဒီဇိုင်းအတွက် ဓာတ်ပုံရိုက်ခြင်းနဲ့ ဆံပင်ပုံဖော်တဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ဖူးပါတယ်။

2. Nana (Former member of After School)


Nana ကတော့ ၂၀၀၉ ခုနှစ်မှာ ကျင်းပတဲ့ Asia Pacific Super Model အဖြစ် လုပ်ခဲ့ဖူးပါတယ်။

3. Suzy (Former member of Miss A)


Suzy ကတော့ အွန်လိုင်းရှော့ပင်းမောလ်တွေအတွက် မော်ဒယ်အဖြစ်လုပ်ကိုင်ပေးခြင်းကနေ လူသိများလာခဲ့တာပါလို့ သိရပါတယ်။

4. Jin (BTS)


BTS အဖွဲ့ဝင်မဖြစ်ခင် လအနည်းငယ်အလိုမှာ Jin ကတော့ Etude House Korea မှာ မော်ဒယ်အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။

5. Jisoo (BLACKPINK)


Jisoo ကတော့ ကျောင်းဝတ်စုံရောင်းချတဲ့ Brand ဖြစ်တဲ့ Smart မှာ မော်ဒယ်လုပ်ခဲ့ပါတယ်။

6. Seolhyun (AOA)


၂၀၁၀ မှာ ကျင်းပတဲ့ Smart Uniform Model Competition မှာ Seolhyun က မော်ဒယ်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

7. Hyomin (T-ara)


T-ara အဖွဲ့ဝင် Hyomin ကတော့ ပွဲဦးမထွက်ခင် ကုမ္ပဏီတော်တော်များများမှာ မော်ဒယ်လုပ်ဖူးတယ်လို့ ပြောပါတယ်။

8. Vivi (LOONA)


LOONA အဖွဲ့ဝင်အဖြစ် ပွဲဦး မထွက်ခင်မှာ Vivi တစ်ယောက်ကတော့ ကုမ္ပဏီအတော်များများအတွက် freelance model ဖြစ် လုပ်ကိုင်ဖူးပါတယ်။

9. Jeongyeon, Jihyo, and Nayeon (TWICE)


၂၀၁၂ ခုနှစ်မှာ ပြုလုပ်တဲ့ Ji Chun Hee’s Collection Runway မှာ Jeongyeon, Jihyo နှင့် Nayeon တို့အားလုံးက မော်ဒယ်အဖြစ် ခဏတာပေါ်ထွက်ခဲ့ပါတယ်။


Ref;Koreaboo

241 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.