သဘာဝအတိုင်း အဆီချနည်း

ခန္ဓာကိုယ် ၀လာတာပဲဖြစ်ဖြစ်၊ အဆီများလာတာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းမလုပ်ချင်ပဲ အဆီကျချင်ရင်တော့  အောက်ပါ သဘာဝဆေးနည်းကို အသုံးပြုကြည့်ကြရအောင်ပါ။

သံပရာသီးကို ပိန်ဆေးအဖြစ် လူအများသိထားသလိုပါပဲ ဒီနည်းဟာလည်း ပျားသံပရာဖြင့် အဆီကျသွားအောင် သောက်ပေးရတဲ့နည်းလမ်းလေးပါ။

ပျားသံပရာကို သောက်ပေးပါက ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အဆီများကို လျှော့ချပေးတဲ့အပြင် သွေးတိုးရောဂါကိုလည်း သက်သာသွားစေပါတယ်။ ဆီးချိုသွေးချိုရှိသူများအနေနဲ့ ပျားရည်တို့ သကြားတို့ မထည့်ပဲ ဒီအတိုင်း စိမ်ပြီး သောက်ပေးနိုင်ပါတယ်။

ပျားရည်နှင့် သံပရာသီးရဲ့ အစွမ်းကြောင့် ၀မ်းကို ပုံမှန်ဖြစ်စေပြီး အသားအရေကိုလည်း ကြည်လင်စေပြီး လှပစေပါတယ်။ အစာလည်းကြေစေတဲ့အတွက်ကြောင့် ကျန်းမာဖွံ့ဖြိုး အလှတိုးစေပါတယ်။

မောပမ်းနွမ်းနယ်တာတွေကိုလည်း ပြေပျောက်စေပါတယ်။ ခေါင်းမူး ခေါင်းနှောက်သူတွေအနေနဲ့ မကြာခဏ သောက်ပေးသင့်ပါတယ်။

ပြုလုပ်နည်းလေးကတော့

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးကျောပြီး အခွံနှင့်အတူ အကွင်းလိုက်ဖြစ်အောင် လှီးလိုက်ပါ။

၂။ ရေနွေးခွက်တစ်ခွက်ထဲကို ၄င်းသံပရာသီးကွင်းများထည့်လိုက်ပါ။

၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့် ထည့်လိုက်ပါ။

၎။ ရေနွေးပူပူ ထည့်ပြီး အဖုံးအုပ်ကာ နာရီဝက်ခန့် နှပ်ထားလိုက်ပါ။

၅။ ရေနွေးများ အေးသွားပါက ၄င်းပျားသံပရာရေနွေးကြမ်းကို သောက်ပေးနိုင်ပါတယ်။ နေ့၊ ည၊ မနက် ကြိုက်တဲ့အချိန် သောက်နိုင်ပါတယ်။ ဒီနည်းလေးကိုတော့ တစ်ပတ်ကို ၃ ရက်ခန့် သောက်ပေးနိုင်ပါတယ်။

အခွံထဲမှ အခါးဓါတ်က အဆီများကို လျှော့ချပေးနိုင်သလို သွေးတိုးကိုလည်း ကျစေနိုင်ပါတယ်။ သံပရာရည်နှင့် ပျားရည်ကတော့ ခွန်အားကိုဖြစ်စေပါတယ်။

ဆီးချိုသွေးချိုရှိသူများ ပျားရည်နှင့် သကြားမထည့်ပဲ ဒီအတိုင်း စိမ်ပြီး သောက်နိုင်ပါတယ်။

ပျားရည်ကို မွေးမြူရေးပျားမဟုတ်ပဲ သဘာဝပျားရည်ဖြစ်ရပါမယ်။ ပျားရည်အသစ်က လူကိုဝစေနိုင်သည့်အတွက် ၁ နှစ်ကျော်ပြီးသား ပျားရည်အဟောင်းကို သုံးပါ။

အချဉ်ဓါတ်နှင့် အခါးဓါတ်များ မကုန်မချင်း ၂ ခါ၊ ၃ ခါလောက် ရေနွေးထပ်ထည့်ပြီး သောက်ပေးနိုင်ပါတယ်။ ဒါပေမယ့်၂၄ နာရီထက်ကျော်သွားရင်တော့ မသောက်ပေးသင့်ပါဘူး။


Ref;HEALTH GROUP

172 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.