လက်ထပ်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား

သင်က လက်ထပ်ဖို့အဆင်သင့်ဖြစ်မဖြစ်ကို ပုံစံအမျိုးမျိုးနဲ့ စဉ်းစားကြည့်ပါ။ လူတစ်ယောက်အိမ်ထောင်ပြုတော့မယ်ဆိုရင် အခုပြောပြမယ့်အချက်လေးတွေ အဆင့်သင့်ရှိနေပြီလားဆိုတာကို အရင်စဉ်းစား ကြည့်သင့်ပါတယ်။

– ပညာရေးအားဖြင့် ပြည့်စုံမှုရှိမရှိ
ကျောင်းပညာရေး (သို့) အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုတတ်ကျွမ်းပြီးမှသာအိမ်ထောင်ပြုသင့်ပါတယ်။အဲ့ဒီပညာရပ်တွေကအိမ်ထောင်တစ်ခုထူထောင်ရာမှာ လိုအပ်တဲ့ ငွေကြေးပြည့်စုံမှုအတွက် စီးပွားရှာဖွေရာမှာ အထောက်အကူ ပြုမှာပဲဖြစ်ပါတယ်။

– စီးပွားရေးအားဖြင့်အဆင်သင့်ဖြစ်မဖြစ်
အိမ်ထောင်တစ်ခုထူထောင်မယ်ဆိုတာနဲ့ အိမ်ထောင်တစ်ခုရပ်တည်ရန်လိုအပ်သောစားဝတ်နေရေးနှင့်အခြားသောကျန်းမာရေး၊ပညာရေး၊လူမှုရေးကိစ္စအ၀၀အတွက်လိုအပ်သောသုံးစွဲမှုများကိုအထောက်အကူပြုရန်သင့်တင့်လျောက်ပတ်သောဝင်ငွေရနိုင်မည့်စီးပွားရေးလုပ်ငန်း (သို့) ခိုင်မာတဲ့ အလုပ်အကိုင်တစ်ခုခုရှိထားပြီးမှသာအိမ်ထောင်ပြုသင့်ပါတယ်။

– ကျန်းမာရေးအားဖြင့် ပြည့်စုံခြင်းရှိမရှိ
အိမ်ထောင်ပြုတော့မယ့် အမျိုးသား၊အမျိုးသမီးနှစ်ဦးစလုံးကပျော်ရွင်တဲ့ မိသားစုဘ၀ကိုဖန်တီးဖို့အတွက် ကျန်းမာရေးကောင်းမွန်အောင်ဂရုစိုက်ဖို့လိုအပ်ပါတယ်။

– အသက်အားအရွယ် အဆင်သင့် ဖြစ်၊မဖြစ်
အမျိုးသမီးများအနေနှင့်အသက် (၁၈)နှစ် ပြည့်ပြီးမှသာအိမ်ထောင်ပြုသားမွေးလုပသင့်ပါတယ် … အသက် ၁၈ နှစ်မပြည့်သေးခင် အိမ်ထောင်သားမွေးပြုပါက ကျန်းမာရေးရှူ့ထောင့်အရလည်း အဆင်မပြေနိုင်ပါဘူး။

– အိမ်ထောင်တစ်ခုကို ထိန်းသိမ်းနိုင်စွမ်းရှိမရှိ
အိမ်ထောင်တစ်ခုထူထောင်ပြီဆိုရင် အဲ့ဒီအိမ်ထောင်ရပ်တည်နိုင်ဖို့အတွက် အိမ်မှုကိစ္စတွေ ဆောင်ရွက်ခြင်း၊၀င်ငွေရှာခြင်း၊သားသမီးများကို ပြုစုစောင့်ရှောက်ခြင်း၊ လင်နှင့်မယားဆက်ဆံပေါင်းသင်းရေး အစရှိသည့် အိမ်ထောင့်တာဝန်များကို အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးစလုံးက လက်တွဲတာဝန်ယူနိုင်ဖို့လိုအပ်ပါတယ်။

– ရင့်ကျက်မှုရှိမရှိ
လူတစ်ယောက်ရဲ့ ရင့်ကျက်မှုက အသက်အရွယ်နှင့်မဆိုင်ပါဘူး။ရင့်ကျက်မှုဆိုတာက ဆင်ခြင်ပိုင်းခြားနိုင်စွမ်း၊စဉ်းစားတွေးခေါ်နိုင်စွမ်း၊အခက်အခဲပြဿနာများကိုရင်ဆိုင်ဖြေရှင်းနိုင်စွမ်းနှင့်လိုအပ်ပါကနားလည်ခွင့်လွှတ်နိုင်စွမ်းစသည့်အရည်အချင်းတွေဖြစ်ပါတယ်။

အိမ်ထောင်တစ်ခုထူထောင်ပြီဆိုလျှင်မိမိကြိုတင်မှန်းဆထားခြင်းမရှိသည့်အခက်အခဲများ၊ ပြဿနာများကို ရင်ဆိုင်ရမည်မှာမလွဲဧကန် ဖြစ်တဲ့အတွက် ရင့်ကျက်မှုမရှိသေးတဲ့ ဆယ်ကျော်သက်တွေအနေနှင့်လည်း အိမ်ထောင်ပြုမယ်ဆိုလျှင် အိမ်ထောင်ကို ထိန်းသိမ်းဖို့အတွက် အခက်အခဲတွေ ရှိနိုင်ပါတယ်။ အိမ်ထောင်တစ်ခုပြိုကွဲပြီဆိုရင် ဇနီးနှင့်ခင်ပွန်းသည်သာမကသားသမီးများအတွက်လဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် အိမ်ထောင်ပြုမယ်ဆိုရင် ရင့်ကျက်မှုရှိဖို့ အထူးလိုအပ်ပါတယ်။ ရင့်ကျက်မှုရှိခြင်းက ဘဝအခက်အခဲတွေကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံး လက်နက်တစ်ခုပဲဖြစ်ပါတယ်။


Ref;RELATIONSHIPS GOALS

101 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.