Apple, Google နဲ့ Samsung တို့ဟာ သူတို့ရဲ့ကိုယ်ပိုင်တီထွင်မှုကို အချင်းချင်းဝေငှ သုံးစွဲဖို့ သဘောတူစာချုပ် ချုပ်ဆိုလိုက်ကြပါတယ်။ ဒီစာချုပ်ဟာ နောက်ဆယ်နှစ်အထိ တည်မြဲနေမှာပါ။ စမတ်ဖုန်းလောကမှာ ဘာတွေများ အဆန်းကြီး ထပ်ဖြစ်လာမလဲဆိုတာကို တွေ့မြင်ကြရဦးမှာပါ။
ဘယ် ကိုယ်ပိုင်တီထွင်မှုမျိုးတွေဟာ စာချုပ်မှာအကျုံးဝင်လဲဆိုတာ မရှင်းပါဘူး။ ယေဘုယျနည်းပညာ တွေနဲ့ စီးပွားရေးနယ်ပယ်တွေ အကျုံးဝင်တယ်လို့တော့ Samsung ကပြောပါတယ်။
“Google နဲ့ သဘောတူ စာချုပ်ချုပ်ဆိုရတာဟာ နည်းပညာလောကအတွက်တော့ သိပ်ကိုအရေးပါပါတယ်။” လို့ Samsung ရဲ့ ပညာရှင်အိမ်ရာစင်တာ အကြီးအကဲ Dr. Seungho Ahnက ပြောခဲ့ပါတယ်။
စမတ်ဖုန်းထုတ် ကုမ္ပဏီ အများစုဟာ ပူးပေါင်းထုတ်လုပ်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ ဥပမာပြောရရင် Googleရဲ့ Nexus 5 ကို LGကလုပ်ပေးပြီး Nexus 7ကိုတော့ Asus ကထုတ်ပါတယ်။ Apple ထုတ်ကုန်တချို့မှာ သုံးထားတဲ့ ချပ်စ် တွေကိုလည်း Samsung က ထုတ်ပေးခဲ့ဖူးပါတယ်။
Ref: dailymail.co.uk