ဂဏန္းေပ်ာ့ႂကြပ္ႂကြပ္ေၾကာ္နည္း

ဂဏန္းကို တေကာင္လုံးအပီဆြဲဖို႔ ပူေမႊးၾကြပ္ရြ အရသာရွိရွိဂဏန္းေပ်ာ့ေၾကာ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

လိုအပ္ေသာပစၥည္းမ်ား
၁) ဂဏန္းေပ်ာ့ ၂၅၀ဂရမ္ (ေလးေကာင္ခန႔္)
၂) တမ္ပူရာအမႈန႔္ (႐ိုး႐ိုးအေၾကာ္မႈန႔္သုံးလည္း ရပါတယ္)
၃) ၾကက္ဥတစ္လုံး
၄) ဆားအနည္းငယ္
၅) ေပါင္မုန႔္ေျခာက္မႈန႔္
၆) ဆီ ၁၀သားခန႔္

ျပဳလုပ္နည္း
၁) ပထမဦးစြာ ဂဏန္းေပ်ာ့မ်ားကို ေရ ၅မိနစ္ခန႔္စိမ္ပါ။

၂) ထို႔ေနာက္ ထက္ျခမ္းျခမ္းၿပီး ျခမ္းထားသည့္ဘက္ကို ေအာက္စိုက္ၿပီး ထားပါ။ ဂဏန္းေပ်ာ့အတြင္းပိုင္းမွာ ေရက်န္လွ်င္ ေၾကာ္သည့္အခါ ေထါပက္တတ္ပါသည္။

၃) ၾကက္ဥတစ္လုံးကို ဆားအနည္းငယ္ထည့္ၿပီး ႏွံ႔ေအာင္ ေခါက္ေမႊေပးထားပါ။

၄) ဂဏန္းေပ်ာ့တြင္ ေရမေျခာက္တေျခာက္အခ်ိန္၌ တမ္ပူရာအမႈန႔္ျဖင့္ ႏွံ႔ေအာင္လူးၿပီး ၾကက္ဥေခါက္ထားေသာအရည္ထဲသို႔ ခဏထည့္စိမ္ပါ။

၅) ၿပီးလွ်င္ ဆယ္ယူၿပီး ေပါင္မုန႔္မႈန႔္မ်ားျဖင့္ တဘက္စီလွည့္ၿပီး ျဖဴးေပးပါ။ ေပါင္မုန႔္မႈန႔္ထဲသို႔ ထည့္ၿပီးလူးလွ်င္ ၾကက္ဥအရည္မ်ားျဖင့္ ေပါင္မုန႔္အမႈန႔္မ်ားကပ္ၿငိၿပီး အေလအလြင့္ မ်ားပါသည္။

၆) ဆီကို ဆူေအာင္တည္ၿပီး ဂဏန္းေပ်ာ့ကို ထည့္ေၾကာ္ပါ။

၇) ဂဏန္းေပ်ာ့မ်ား အနည္းငယ္ရဲလာလွ်င္ ရပါၿပီ။

ခုဆိုရင္ေတာ့ ပူေမႊးၾကြပ္ရြတဲ့ ဂဏန္းေပ်ာ့ေၾကာ္ကို အခ်ဥ္ရည္ေလးနဲ႔ပဲတို႔မလား၊ ေရေႏြးၾကမ္းနဲ႔ပဲ ျမည္းမလား၊ ဘီယာနဲ႔ပဲ ေသာက္မလား ဘယ္လုိပဲျဖစ္ျဖစ္ အရသာရွိရွိသံုးေဆာင္ႏုိင္ပါၿပီေနာ္။

[ Unicode ]

ဂဏန်းကို တကောင်လုံးအပီဆွဲဖို့ ပူမွှေးကြွပ်ရွ အရသာရှိရှိဂဏန်းပျော့ကြော်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

လိုအပ်သောပစ္စည်းများ
၁) ဂဏန်းပျော့ ၂၅၀ဂရမ် (လေးကောင်ခန့်)
၂) တမ်ပူရာအမှုန့် (ရိုးရိုးအကြော်မှုန့်သုံးလည်း ရပါတယ်)
၃) ကြက်ဥတစ်လုံး
၄) ဆားအနည်းငယ်
၅) ပေါင်မုန့်ခြောက်မှုန့်
၆) ဆီ ၁၀သားခန့်

ပြုလုပ်နည်း
၁) ပထမဦးစွာ ဂဏန်းပျော့များကို ရေ ၅မိနစ်ခန့်စိမ်ပါ။

၂) ထို့နောက် ထက်ခြမ်းခြမ်းပြီး ခြမ်းထားသည့်ဘက်ကို အောက်စိုက်ပြီး ထားပါ။ ဂဏန်းပျော့အတွင်းပိုင်းမှာ ရေကျန်လျှင် ကြော်သည့်အခါ ထေါပက်တတ်ပါသည်။

၃) ကြက်ဥတစ်လုံးကို ဆားအနည်းငယ်ထည့်ပြီး နှံ့အောင် ခေါက်မွှေပေးထားပါ။

၄) ဂဏန်းပျော့တွင် ရေမခြောက်တခြောက်အချိန်၌ တမ်ပူရာအမှုန့်ဖြင့် နှံ့အောင်လူးပြီး ကြက်ဥခေါက်ထားသောအရည်ထဲသို့ ခဏထည့်စိမ်ပါ။

၅) ပြီးလျှင် ဆယ်ယူပြီး ပေါင်မုန့်မှုန့်များဖြင့် တဘက်စီလှည့်ပြီး ဖြူးပေးပါ။ ပေါင်မုန့်မှုန့်ထဲသို့ ထည့်ပြီးလူးလျှင် ကြက်ဥအရည်များဖြင့် ပေါင်မုန့်အမှုန့်များကပ်ငြိပြီး အလေအလွင့် များပါသည်။

၆) ဆီကို ဆူအောင်တည်ပြီး ဂဏန်းပျော့ကို ထည့်ကြော်ပါ။

၇) ဂဏန်းပျော့များ အနည်းငယ်ရဲလာလျှင် ရပါပြီ။

ခုဆိုရင်တော့ ပူမွှေးကြွပ်ရွတဲ့ ဂဏန်းပျော့ကြော်ကို အချဉ်ရည်လေးနဲ့ပဲတို့မလား၊ ရေနွေးကြမ်းနဲ့ပဲ မြည်းမလား၊ ဘီယာနဲ့ပဲ သောက်မလား ဘယ်လိုပဲဖြစ်ဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

92 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.