ႏြားႏွစ္ဖြားအေဟာ

၁၉၆၁၊ ၁၉၇၃၊ ၁၉၈၅၊ ၁၉၉၇၊ ၂၀၀၉ ခုႏွစ္ဖြားမ်ားသည္ ႏြားႏွစ္ဖြားမ်ား ျဖစ္ၾကသည္။

ႏြားႏွစ္ဖြားေတြရဲ႕ စ႐ိုက္သဘာဝကိုၾကည့္ရင္ အျပင္ပန္းအေျပာင္းအလဲေတြကို သူတို႔မႀကိဳက္ဘူး။ သူတို႔က ေအးေအးေဆးေဆးသမားေတြ၊ ခ်စ္ဖို႔ခင္ဖို႔ေကာင္းတယ္။ တည္ၿငိမ္တယ္၊ ဆက္ဆံရတာ လက္ေပါက္ကပ္တယ္။ ဉာဏ္ေကာင္းတယ္။ ပြင့္လင္းမႈရွိၿပီး အေကာင္းျမင္တတ္တယ္။ အေပါင္းအသင္းမ်ားတယ္၊ ေႏြးေထြးတတ္တယ္။ ပတ္ဝန္းက်င္အေျပာင္းအလဲကို ခ်က္ခ်င္းသိတယ္။ အခ်စ္ေရးမွာ ရႈပ္ေထြးတဲ့ ဆက္ဆံေရးရွိတယ္။ ေခါင္းမာလြန္းလို႔ လူေတြက လန႔္တတ္ၾကတယ္။ ဘဝပန္းတိုင္ကို မေရာက္ေရာက္ေအာင္ သြားတတ္သူေတြ ျဖစ္တတ္တယ္။
ယုံၾကည္ရတယ္၊ အားကိုးရတယ္၊ စိတ္ဆႏၵစြဲႀကီးတယ္၊ မနားမေန ႀကိဳးစားတတ္တယ္၊ စည္းကမ္းရွိတယ္၊ စည္းလုံးမႈရွိတယ္။

ႏြားႏွစ္ဖြားေတြရဲ႕ အဓိကအားသာခ်က္က လုံ႔လဝီရိယရွိျခင္းပါပဲ။ ျပႆနာေတြကို အစြန္းႏွစ္ဘက္စလုံး ျမင္ေအာင္ၾကည့္တတ္လို႔ စီမံကိန္းေတြခ်ရင္ ေတာ္တယ္။ ခံစစ္ျပင္တဲ့ေနရာမွာ နည္းဗ်ဴဟာေကာင္းတယ္။ ႏိုးႏိုးၾကားၾကားရွိတယ္။ စြန႔္စားရမယ္ဆိုရင္ အခ်ိန္ေစာင့္ၿပီး ဂ႐ုတစိုက္ျပင္ဆင္တယ္။ အခ်ိန္မတန္ခင္ လုပ္တာမ်ိဳး လုပ္ေလ့မရွိဘူး။ စိတ္ဓါတ္ေကာင္းတယ္၊ ပင္ကိုယ္ဉာဏ္ရွိတယ္၊ တစ္ဆင့္ၿပီးတစ္ဆင့္ လုပ္တတ္တယ္။ မေၾကာက္တတ္ဘုး။ ခံႏိုင္ရည္ရွိတယ္။ သည္းခံႏိုင္စြမ္းေကာင္းၿပီး စိတ္ရွည္တယ္။ ဝိရိယရွိတယ္။ မိသားစုနဲ႔အိမ္ကိုခ်စ္တတ္တယ္၊ သားသမီးေတြကို သံေယာဇဥ္ႀကီးတယ္။

တ႐ုတ္ရာသီခြင္မွာ ၂ ခုေျမာက္ျဖစ္တဲ့ ႏြားႏွစ္ဖြားေတြဟာ အားႀကီးတယ္၊ ေနရာတိုင္းမွာ ဝင္ဆန႔္တယ္။ ေခါင္းေဆာင္ေတြျဖစ္တယ္။ ဖြံ႕ၿဖိဳးေရးေဆာင္႐ြက္ခ်က္ေတြမွာ သူတို႔ရဲ႕ကြၽမ္းက်င္မႈေၾကာင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လိုက္ေလ်ာညီေထြရွိတတ္တယ္။ တစ္ဘက္သားရဲ႕ ဆန႔္က်င္ဘက္ အေတြးအေခၚေတြကို နားလည္ခြင့္လႊတ္တတ္ဖို႔ သင္ယူရမယ္။ လက္ေအာက္ငယ္သားေတြကို ကူညီေဖးမရမယ္။ မိမိအယူအဆကို သူတပါးနားဝင္ေအာင္ ရွင္းျပရမယ္။ ႏြားႏွစ္ဖြားေတြဟာ စူးစမ္းစိစစ္မႈေကာင္းတာေၾကာင့္ ဘဝမွာတိုးတက္လည္း ျဖည္းျဖည္း၊ က်ဆင္းလည္း ျဖည္းျဖည္းသာ ျဖစ္တတ္တယ္။

ႏြားႏွစ္ဖြားေတြအတြက္ အက်ိဳးေပးတဲ့ အရပ္မ်က္ႏွာေတြက ေျမာက္ဘက္၊ အေရွ႕ေျမာက္ဘက္ေတြ ျဖစ္ပါတယ္။ အလုပ္အတြက္ စီမံကိန္းေတြ ေရးဆြဲတာ၊ ခရီးေတြထြက္တာေတြမွာ ဒီအရပ္မ်က္ႏွာႏွစ္ခုကို ဦးတည္ၿပီး လုပ္သင့္ပါတယ္။ အိမ္ေဆာက္မယ္ဆိုရင္ ေျမာက္ဘက္ကို ေက်ာေပးၿပီး အိမ္ရဲ႕ မ်က္ႏွာစာ တစ္စိတ္တစ္ပိုင္းကို အေရွ႕ဘက္လွည့္ေပးရပါမယ္။ ဒါမွ ႂကြယ္ဝခ်မ္းသာတဲ့ ဓါတ္သေဘာေတြဟာ အိမ္ထဲကို စီးဝင္ခိုေအာင္းလာမွာပါ။

ေဖေဖာ္ဝါရီေႏွာင္းပိုင္းနဲ႔ မတ္လဆန္းေတြမွာ ေဆာင္းတြင္းကာလ လြန္ေျမာက္တဲ့အတြက္ ေဆာင္းခိုေနတဲ့ သတၱဝါေတြဟာ ျပန္လည္ရွင္သန္လာၾကပါတယ္။ ႏြားႏွစ္ဖြားေတြဟာ စြမ္းအင္အသစ္ေတြ ျပန္လည္ျဖည့္ဆည္းၿပီး အိုင္ဒီယာအသစ္ေတြ၊ ထူးျခားတဲ့ စီမံကိန္းေတြကို မိမိရဲ႕ လိုလားခ်က္ေတြမွာ အေကာင္အထည္ေဖာ္ဖို႔ ေကာင္းတဲ့အခ်ိန္ဟာ ဒီအခ်ိန္ပါ။ ဒီလိုအခ်ိန္မွာ အေျပာင္းအလဲေတြလုပ္တာ၊ အနာဂတ္အတြက္ ျပင္ဆင္တာ၊ ေရွးကလုပ္ထားတဲ့ အေၾကာင္းတရားရဲ႕ အက်ိဳးကို ျပန္လည္ခံစားရတာေတြ ျဖစ္တတ္တဲ့ အခ်ိန္မ်ိဳးပါ။
မနက္ ၁ နာရီကေန မနက္ ၃ နာရီဟာ တစ္ေန႔တာမွာ အနားယူဖို႔ အေကာင္းဆုံးအခ်ိန္ ျဖစ္ပါတယ္။ အနားယူျခင္း၊ အနာဂတ္အတြက္ အားေမြးျခင္းေတြကို လုပ္ရမယ့္ အခ်ိန္မ်ိဳးျဖစ္ၿပီး၊ အင္အားကို စုစည္းထိန္းသိမ္းေခြၽတာရမယ့္ အခ်ိန္မ်ိဳးပါ။

ႏြားႏွစ္ဖြားေတြအတြက္ ကံေကာင္းေစမယ့္ ဂဏန္းမ်ားက ၁၊ ၃၊ ၅၊ ၁၃၊ ၁၅၊ ၃၃၊ ၃၅၊ ၅၁၊ ၅၃ တို႔ ျဖစ္ပါတယ္။

ႏြားႏွစ္ဖြားေတြက ေဒါသထြက္လြယ္တယ္၊ မိသားစုနဲ႔အိမ္ကိုခင္တယ္၊ ေရွးဆန္တယ္။ အလုပ္အကိုင္၊ ေနအိမ္ စတာေတြမွာ တည္တည္ၿငိမ္ၿငိမ္ ရွိတာကို လိုလားတယ္။ စိတ္ဓါတ္ျပင္းထန္ၿပီး မိသားစုဝင္ေတြကို အေကာင္းျမင္တတ္တယ္။ မိတ္ေဆြျဖစ္လြယ္တယ္၊ ေအးေဆးတယ္၊ အစုအေပါင္းနဲ႔ လုပ္တတ္တယ္။ တည္ၾကည္တယ္ဆိုေပမယ့္ လူေတြနဲ႔စုစည္းၿပီး အတူတကြ လုပ္ရတာကိုလည္း ႀကိဳက္တယ္။ အပင္ပန္းခံႏိုင္တယ္။ ေအးေဆးတည္ၿငိမ္ၿပီး သူတစ္ပါးကို မေႏွာက္ယွက္တတ္ဘူး။ ေရွးဆန္ၿပီး ဘယ္ဟာမဆို သတိထားလြန္းတဲ့အတြက္ အေျပာင္းအလဲကိုေတာ့ မႀကိဳက္ၾကဘူး။ အိမ္ကိုအလွဆင္ရတာ၊ ပိုေကာင္းေအာင္ ျပင္ေဆာက္ရတာေတြကို သေဘာက်တယ္။

ႏြားႏွစ္ဖြားေတြဟာ ေဒါသထြက္လာရင္ တကယ္လုပ္တတ္တဲ့သူေတြျဖစ္တယ္။ ေအးေဆးတယ္၊ တည္ၿငိမ္တယ္ဆိုေပမယ့္ တကယ္ေဒါသထြက္ရင္ေတာ့ တကယ္လုပ္တတ္တဲ့သူေတြ၊ တကယ္အထိနာေအာင္ လုပ္ႏိုင္သူေတြ ျဖစ္ပါတယ္။ အလုပ္မွာ တည္ၿငိမ္တယ္၊ ကြၽမ္းက်င္တယ္ဆိုေပမယ့္ အေျပာင္းအလဲကို အလြန္အမင္းသတိထားတာ၊ ေတြးေတာပူပန္တတ္တာေတြေၾကာင့္ ေႏွာင့္ေႏွးသြားတတ္တယ္။ တယူသန္ဆန္လြန္း၊ အမုန္းတရားႀကီးလြန္းတာေတြ ျဖစ္တတ္တယ္။ နပိုလီယံနဲ႔ ဟစ္တလာတို႔ဟာ ႏြားႏွစ္ဖြားေတြပါ။ သူတို႔ရဲ႕ အတိတ္က နာက်ည္းခ်က္ေတြက သူတို႔ကို တယူသန္ဆန္လြန္းသြားေစတာကို သတိထားမိပါလိမ့္မယ္။

ႏြားႏွစ္ဖြားေတြဟာ ေခတ္ေပၚ ပစၥည္းသစ္၊ အဝတ္အစားသစ္ေတြေနာက္ကို တမ္းတမ္းစြဲလိုက္တတ္တာ နည္းပါတယ္။ တကယ္အသုံးလိုတဲ့ ပစၥည္းေလာက္ကိုပဲ သူတို႔က ဝယ္ၾကတယ္။ သြားေရစာ၊ မုန႔္အခ်ိဳ စတာေတြကို သေဘာက်တယ္။ အစားအေသာက္ကို ဆင္ျခင္သင့္တယ္။ ခရီးသြားတာ၊ camp ထြက္တာ၊ ေတာင္တက္ခရီးသြားတာ၊ ရႈခင္းေတြၾကည့္ရတာေတြကို ႀကိဳက္ၾကတယ္။

ႏြားႏွစ္ဖြားေတြဟာ က်န္းမာေရးေကာင္းတယ္။ ဒါေပမယ့္ ငယ္တုန္းမွာ အလြန္အမင္း အပင္ပန္းခံတာကို ေရွာင္ရမယ္။ နဂိုကေအးေဆးၿပီး သတိထားတတ္သူေတြ ျဖစ္တဲ့အတြက္ အရက္မူးယစ္ေဆးဆိုတာေတြက သူတို႔နဲ႔ မဆိုင္ဘူး ထင္ရတတ္ေပမယ့္၊ သူတို႔ရဲ႕ စိုးရိမ္ေသာကႀကီးမႈ၊ ပူပန္တတ္မႈေတြက ဒီမူးယစ္ေသာက္စားမႈကို စြဲလန္းသြားေစတတ္တယ္။ ဝမ္းတြင္းပိုင္းေရာဂါ၊ အသက္ရႉလမ္းေၾကာင္း ျပႆနာေတြ ျဖစ္တတ္တယ္။ အရက္ေသာက္တာ၊ အစားၾကဴးတာ၊ ေဆးလိပ္ေသာက္တာေတြက အဓိကျပႆနာပဲ။ ေအးလြန္း၊ ပူလြန္း၊ ဖန္လြန္း၊ စပ္လြန္းေသာ အစားအစာမ်ားကို ေရွာင္ရမယ္။

ႏြားႏွစ္ဖြားေတြက ေငြေၾကးအသုံးအစြဲ က်စ္လ်စ္တယ္။ တရႉးထိုးဆန္တယ္။ အင္အားရွိသလို၊ ႏွိမ့္ခ်မႈလည္း ရွိတယ္။ ေရရွည္ကိုၾကည့္တတ္တယ္။ စီးပြားေရးကို ဘယ္လိုေအာင္ျမင္ေအာင္ လုပ္ရမလဲဆိုတာ သိတယ္။ ဘ႑ာေရးစီမံခန႔္ခြဲမႈ၊ ေျမယာနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းေတြမွာ သူတို႔ရဲ႕ ဇြဲေကာင္းတာ၊ လုံ႔လရွိတာ၊ သည္းခံစိတ္ရွည္တာေတြေၾကာင့္ ေအာင္ျမင္မယ္။ စြန႔္စားရတာေတြမွာ သူတို႔က သတိႀကီးႀကီးထားတယ္။ ေျမယာ၊ ဥယ်ာဥ္ၿခံေျမ၊ ေျမၾသဇာ၊ ဓါတ္သတၱဳလုပ္ငန္းေတြနဲ႔ ေအာင္ျမင္မယ္။ ရင္းႏွီးျမႇဳပ္ႏွံသူေကာင္းေတြျဖစ္သလိ၊ ဘယ္အခ်ိန္ရပ္ရမယ္ဆိုတာလည္း သိတဲ့သူေတြ ျဖစ္ပါတယ္။

အသိဉာဏ္ရွိသူေတြ၊ စိတ္ရွည္သည္းခံႏိုင္သူေတြ၊ တည္ၿငိမ္ေအးေဆးသူေတြ၊ လုံ႔လဝီရိယရွိသူေတြ ျဖစ္ပါတယ္။ ဘယ္အလုပ္နဲ႔မဆို အံဝင္သူေတြပါ။ ကြၽမ္းက်င္တဲ့ လက္မႈပညာရွင္ေတြ ျဖစ္ၾကၿပီး၊ စက္မႈ၊ လက္မႈ၊ ပန္းခ်ီ၊ ပန္းပု၊ ပန္းထိမ္၊ သြားဘက္ဆိုင္ရာ စတာေတြမွာ ေအာင္ျမင္ႏိုင္တယ္။ ဗိသုကာပညာရွင္၊ အႏုပညာရွင္၊ ပညာေရးသမား၊ အင္ဂ်င္နီယာ၊ ေက်ာက္မ်က္ကြၽမ္းက်င္သူေတြ ျဖစ္ၾကတာ မ်ားပါတယ္။ လယ္ယာလုပ္ငန္း၊ ဘ႑ာေရးစီမံခန႔္ခြဲမႈ၊ စစ္တပ္၊ ႏိုင္ငံေရး၊ ကြၽမ္းက်င္ပညာရွင္၊ လူမႈဆက္ဆံေရး ကြၽမ္းက်င္သူေတြ ျဖစ္ၾကတာလည္း ရွိပါတယ္။

သစၥာရွိမႈ၊ သံေယာဇဥ္ႀကီးမႈ၊ စိတ္ရွည္မႈေတြေၾကာင့္ သူတို႔ကို ခ်စ္ရတာ ျဖစ္သင့္ျဖစ္ထိုက္ပါတယ္။ အျပင္ပန္းထူထိုင္းပုံရေပမယ့္ ေျမကမာၻကိုခ်စ္တဲ့စိတ္နဲ႔၊ သစ္ပင္ပန္းမန္ခ်စ္စိတ္ေတြေၾကာင့္ ဆန႔္က်င္ဘက္လိင္ေတြကို စြဲေဆာင္ႏိုင္တယ္။ ဒါေပမယ့္ ႏြားႏွစ္ဖြားေတြဟာ သူတို႔လြတ္လပ္ခြင့္၊ လုပ္ပိုင္ခြင့္ေတြနဲ႔ ပတ္သက္ရင္ အတၱႀကီးတတ္လို႔ အခ်စ္ေရးမွာ ျပႆနာတက္တာ၊ စကားမ်ားတာ မၾကာခဏျဖစ္ရတယ္။ အေၾကာင္းမဲ့ ပူပန္တတ္တာ၊ အစိုးရိမ္လြန္တာေတြကလည္း ႏြားႏွစ္ဖြားရဲ႕ခ်စ္သူေတြအဖို႔ စိတ္ညစ္စရာပါ။

ႏြားႏွစ္ဖြားေတြဟာ ႂကြက္ႏွစ္ဖြား၊ ႏြားႏွစ္ဖြား၊ ယုန္ႏွစ္ဖြား၊ ေႁမြႏွစ္ဖြား၊ ျမင္းႏွစ္ဖြား၊ ေမ်ာက္ႏွစ္ဖြား၊ ၾကက္ႏွစ္ဖြား၊ ဝက္ႏွစ္ဖြားမ်ားနဲ႔ အဆင္ေျပၿပီး၊ က်ားႏွစ္ဖြား၊ နဂါးႏွစ္ဖြား၊ သိုးႏွစ္ဖြား၊ ေခြးႏွစ္ဖြားမ်ားနဲ႔ မတည့္တတ္ပါဘူး။

[ Unicode ]

၁၉၆၁၊ ၁၉၇၃၊ ၁၉၈၅၊ ၁၉၉၇၊ ၂၀၀၉ ခုနှစ်ဖွားများသည် နွားနှစ်ဖွားများ ဖြစ်ကြသည်။

နွားနှစ်ဖွားတွေရဲ့ စရိုက်သဘာဝကိုကြည့်ရင် အပြင်ပန်းအပြောင်းအလဲတွေကို သူတို့မကြိုက်ဘူး။ သူတို့က အေးအေးဆေးဆေးသမားတွေ၊ ချစ်ဖို့ခင်ဖို့ကောင်းတယ်။ တည်ငြိမ်တယ်၊ ဆက်ဆံရတာ လက်ပေါက်ကပ်တယ်။ ဉာဏ်ကောင်းတယ်။ ပွင့်လင်းမှုရှိပြီး အကောင်းမြင်တတ်တယ်။ အပေါင်းအသင်းများတယ်၊ နွေးထွေးတတ်တယ်။ ပတ်ဝန်းကျင်အပြောင်းအလဲကို ချက်ချင်းသိတယ်။ အချစ်ရေးမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိတယ်။ ခေါင်းမာလွန်းလို့ လူတွေက လန့်တတ်ကြတယ်။ ဘဝပန်းတိုင်ကို မရောက်ရောက်အောင် သွားတတ်သူတွေ ဖြစ်တတ်တယ်။
ယုံကြည်ရတယ်၊ အားကိုးရတယ်၊ စိတ်ဆန္ဒစွဲကြီးတယ်၊ မနားမနေ ကြိုးစားတတ်တယ်၊ စည်းကမ်းရှိတယ်၊ စည်းလုံးမှုရှိတယ်။

နွားနှစ်ဖွားတွေရဲ့ အဓိကအားသာချက်က လုံ့လဝီရိယရှိခြင်းပါပဲ။ ပြဿနာတွေကို အစွန်းနှစ်ဘက်စလုံး မြင်အောင်ကြည့်တတ်လို့ စီမံကိန်းတွေချရင် တော်တယ်။ ခံစစ်ပြင်တဲ့နေရာမှာ နည်းဗျူဟာကောင်းတယ်။ နိုးနိုးကြားကြားရှိတယ်။ စွန့်စားရမယ်ဆိုရင် အချိန်စောင့်ပြီး ဂရုတစိုက်ပြင်ဆင်တယ်။ အချိန်မတန်ခင် လုပ်တာမျိုး လုပ်လေ့မရှိဘူး။ စိတ်ဓါတ်ကောင်းတယ်၊ ပင်ကိုယ်ဉာဏ်ရှိတယ်၊ တစ်ဆင့်ပြီးတစ်ဆင့် လုပ်တတ်တယ်။ မကြောက်တတ်ဘုး။ ခံနိုင်ရည်ရှိတယ်။ သည်းခံနိုင်စွမ်းကောင်းပြီး စိတ်ရှည်တယ်။ ဝိရိယရှိတယ်။ မိသားစုနဲ့အိမ်ကိုချစ်တတ်တယ်၊ သားသမီးတွေကို သံယောဇဉ်ကြီးတယ်။

တရုတ်ရာသီခွင်မှာ ၂ ခုမြောက်ဖြစ်တဲ့ နွားနှစ်ဖွားတွေဟာ အားကြီးတယ်၊ နေရာတိုင်းမှာ ဝင်ဆန့်တယ်။ ခေါင်းဆောင်တွေဖြစ်တယ်။ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်တွေမှာ သူတို့ရဲ့ကျွမ်းကျင်မှုကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုက်လျောညီထွေရှိတတ်တယ်။ တစ်ဘက်သားရဲ့ ဆန့်ကျင်ဘက် အတွေးအခေါ်တွေကို နားလည်ခွင့်လွှတ်တတ်ဖို့ သင်ယူရမယ်။ လက်အောက်ငယ်သားတွေကို ကူညီဖေးမရမယ်။ မိမိအယူအဆကို သူတပါးနားဝင်အောင် ရှင်းပြရမယ်။ နွားနှစ်ဖွားတွေဟာ စူးစမ်းစိစစ်မှုကောင်းတာကြောင့် ဘဝမှာတိုးတက်လည်း ဖြည်းဖြည်း၊ ကျဆင်းလည်း ဖြည်းဖြည်းသာ ဖြစ်တတ်တယ်။

နွားနှစ်ဖွားတွေအတွက် အကျိုးပေးတဲ့ အရပ်မျက်နှာတွေက မြောက်ဘက်၊ အရှေ့မြောက်ဘက်တွေ ဖြစ်ပါတယ်။ အလုပ်အတွက် စီမံကိန်းတွေ ရေးဆွဲတာ၊ ခရီးတွေထွက်တာတွေမှာ ဒီအရပ်မျက်နှာနှစ်ခုကို ဦးတည်ပြီး လုပ်သင့်ပါတယ်။ အိမ်ဆောက်မယ်ဆိုရင် မြောက်ဘက်ကို ကျောပေးပြီး အိမ်ရဲ့ မျက်နှာစာ တစ်စိတ်တစ်ပိုင်းကို အရှေ့ဘက်လှည့်ပေးရပါမယ်။ ဒါမှ ကြွယ်ဝချမ်းသာတဲ့ ဓါတ်သဘောတွေဟာ အိမ်ထဲကို စီးဝင်ခိုအောင်းလာမှာပါ။

ဖေဖော်ဝါရီနှောင်းပိုင်းနဲ့ မတ်လဆန်းတွေမှာ ဆောင်းတွင်းကာလ လွန်မြောက်တဲ့အတွက် ဆောင်းခိုနေတဲ့ သတ္တဝါတွေဟာ ပြန်လည်ရှင်သန်လာကြပါတယ်။ နွားနှစ်ဖွားတွေဟာ စွမ်းအင်အသစ်တွေ ပြန်လည်ဖြည့်ဆည်းပြီး အိုင်ဒီယာအသစ်တွေ၊ ထူးခြားတဲ့ စီမံကိန်းတွေကို မိမိရဲ့ လိုလားချက်တွေမှာ အကောင်အထည်ဖော်ဖို့ ကောင်းတဲ့အချိန်ဟာ ဒီအချိန်ပါ။ ဒီလိုအချိန်မှာ အပြောင်းအလဲတွေလုပ်တာ၊ အနာဂတ်အတွက် ပြင်ဆင်တာ၊ ရှေးကလုပ်ထားတဲ့ အကြောင်းတရားရဲ့ အကျိုးကို ပြန်လည်ခံစားရတာတွေ ဖြစ်တတ်တဲ့ အချိန်မျိုးပါ။
မနက် ၁ နာရီကနေ မနက် ၃ နာရီဟာ တစ်နေ့တာမှာ အနားယူဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ အနားယူခြင်း၊ အနာဂတ်အတွက် အားမွေးခြင်းတွေကို လုပ်ရမယ့် အချိန်မျိုးဖြစ်ပြီး၊ အင်အားကို စုစည်းထိန်းသိမ်းချွေတာရမယ့် အချိန်မျိုးပါ။

နွားနှစ်ဖွားတွေအတွက် ကံကောင်းစေမယ့် ဂဏန်းများက ၁၊ ၃၊ ၅၊ ၁၃၊ ၁၅၊ ၃၃၊ ၃၅၊ ၅၁၊ ၅၃ တို့ ဖြစ်ပါတယ်။

နွားနှစ်ဖွားတွေက ဒေါသထွက်လွယ်တယ်၊ မိသားစုနဲ့အိမ်ကိုခင်တယ်၊ ရှေးဆန်တယ်။ အလုပ်အကိုင်၊ နေအိမ် စတာတွေမှာ တည်တည်ငြိမ်ငြိမ် ရှိတာကို လိုလားတယ်။ စိတ်ဓါတ်ပြင်းထန်ပြီး မိသားစုဝင်တွေကို အကောင်းမြင်တတ်တယ်။ မိတ်ဆွေဖြစ်လွယ်တယ်၊ အေးဆေးတယ်၊ အစုအပေါင်းနဲ့ လုပ်တတ်တယ်။ တည်ကြည်တယ်ဆိုပေမယ့် လူတွေနဲ့စုစည်းပြီး အတူတကွ လုပ်ရတာကိုလည်း ကြိုက်တယ်။ အပင်ပန်းခံနိုင်တယ်။ အေးဆေးတည်ငြိမ်ပြီး သူတစ်ပါးကို မနှောက်ယှက်တတ်ဘူး။ ရှေးဆန်ပြီး ဘယ်ဟာမဆို သတိထားလွန်းတဲ့အတွက် အပြောင်းအလဲကိုတော့ မကြိုက်ကြဘူး။ အိမ်ကိုအလှဆင်ရတာ၊ ပိုကောင်းအောင် ပြင်ဆောက်ရတာတွေကို သဘောကျတယ်။

နွားနှစ်ဖွားတွေဟာ ဒေါသထွက်လာရင် တကယ်လုပ်တတ်တဲ့သူတွေဖြစ်တယ်။ အေးဆေးတယ်၊ တည်ငြိမ်တယ်ဆိုပေမယ့် တကယ်ဒေါသထွက်ရင်တော့ တကယ်လုပ်တတ်တဲ့သူတွေ၊ တကယ်အထိနာအောင် လုပ်နိုင်သူတွေ ဖြစ်ပါတယ်။ အလုပ်မှာ တည်ငြိမ်တယ်၊ ကျွမ်းကျင်တယ်ဆိုပေမယ့် အပြောင်းအလဲကို အလွန်အမင်းသတိထားတာ၊ တွေးတောပူပန်တတ်တာတွေကြောင့် နှောင့်နှေးသွားတတ်တယ်။ တယူသန်ဆန်လွန်း၊ အမုန်းတရားကြီးလွန်းတာတွေ ဖြစ်တတ်တယ်။ နပိုလီယံနဲ့ ဟစ်တလာတို့ဟာ နွားနှစ်ဖွားတွေပါ။ သူတို့ရဲ့ အတိတ်က နာကျည်းချက်တွေက သူတို့ကို တယူသန်ဆန်လွန်းသွားစေတာကို သတိထားမိပါလိမ့်မယ်။

နွားနှစ်ဖွားတွေဟာ ခေတ်ပေါ် ပစ္စည်းသစ်၊ အဝတ်အစားသစ်တွေနောက်ကို တမ်းတမ်းစွဲလိုက်တတ်တာ နည်းပါတယ်။ တကယ်အသုံးလိုတဲ့ ပစ္စည်းလောက်ကိုပဲ သူတို့က ဝယ်ကြတယ်။ သွားရေစာ၊ မုန့်အချို စတာတွေကို သဘောကျတယ်။ အစားအသောက်ကို ဆင်ခြင်သင့်တယ်။ ခရီးသွားတာ၊ camp ထွက်တာ၊ တောင်တက်ခရီးသွားတာ၊ ရှုခင်းတွေကြည့်ရတာတွေကို ကြိုက်ကြတယ်။

နွားနှစ်ဖွားတွေဟာ ကျန်းမာရေးကောင်းတယ်။ ဒါပေမယ့် ငယ်တုန်းမှာ အလွန်အမင်း အပင်ပန်းခံတာကို ရှောင်ရမယ်။ နဂိုကအေးဆေးပြီး သတိထားတတ်သူတွေ ဖြစ်တဲ့အတွက် အရက်မူးယစ်ဆေးဆိုတာတွေက သူတို့နဲ့ မဆိုင်ဘူး ထင်ရတတ်ပေမယ့်၊ သူတို့ရဲ့ စိုးရိမ်သောကကြီးမှု၊ ပူပန်တတ်မှုတွေက ဒီမူးယစ်သောက်စားမှုကို စွဲလန်းသွားစေတတ်တယ်။ ဝမ်းတွင်းပိုင်းရောဂါ၊ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ဖြစ်တတ်တယ်။ အရက်သောက်တာ၊ အစားကြူးတာ၊ ဆေးလိပ်သောက်တာတွေက အဓိကပြဿနာပဲ။ အေးလွန်း၊ ပူလွန်း၊ ဖန်လွန်း၊ စပ်လွန်းသော အစားအစာများကို ရှောင်ရမယ်။

နွားနှစ်ဖွားတွေက ငွေကြေးအသုံးအစွဲ ကျစ်လျစ်တယ်။ တရှူးထိုးဆန်တယ်။ အင်အားရှိသလို၊ နှိမ့်ချမှုလည်း ရှိတယ်။ ရေရှည်ကိုကြည့်တတ်တယ်။ စီးပွားရေးကို ဘယ်လိုအောင်မြင်အောင် လုပ်ရမလဲဆိုတာ သိတယ်။ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ မြေယာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ သူတို့ရဲ့ ဇွဲကောင်းတာ၊ လုံ့လရှိတာ၊ သည်းခံစိတ်ရှည်တာတွေကြောင့် အောင်မြင်မယ်။ စွန့်စားရတာတွေမှာ သူတို့က သတိကြီးကြီးထားတယ်။ မြေယာ၊ ဥယျာဉ်ခြံမြေ၊ မြေသြဇာ၊ ဓါတ်သတ္တုလုပ်ငန်းတွေနဲ့ အောင်မြင်မယ်။ ရင်းနှီးမြှုပ်နှံသူကောင်းတွေဖြစ်သလိ၊ ဘယ်အချိန်ရပ်ရမယ်ဆိုတာလည်း သိတဲ့သူတွေ ဖြစ်ပါတယ်။

အသိဉာဏ်ရှိသူတွေ၊ စိတ်ရှည်သည်းခံနိုင်သူတွေ၊ တည်ငြိမ်အေးဆေးသူတွေ၊ လုံ့လဝီရိယရှိသူတွေ ဖြစ်ပါတယ်။ ဘယ်အလုပ်နဲ့မဆို အံဝင်သူတွေပါ။ ကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေ ဖြစ်ကြပြီး၊ စက်မှု၊ လက်မှု၊ ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ သွားဘက်ဆိုင်ရာ စတာတွေမှာ အောင်မြင်နိုင်တယ်။ ဗိသုကာပညာရှင်၊ အနုပညာရှင်၊ ပညာရေးသမား၊ အင်ဂျင်နီယာ၊ ကျောက်မျက်ကျွမ်းကျင်သူတွေ ဖြစ်ကြတာ များပါတယ်။ လယ်ယာလုပ်ငန်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စစ်တပ်၊ နိုင်ငံရေး၊ ကျွမ်းကျင်ပညာရှင်၊ လူမှုဆက်ဆံရေး ကျွမ်းကျင်သူတွေ ဖြစ်ကြတာလည်း ရှိပါတယ်။

သစ္စာရှိမှု၊ သံယောဇဉ်ကြီးမှု၊ စိတ်ရှည်မှုတွေကြောင့် သူတို့ကို ချစ်ရတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။ အပြင်ပန်းထူထိုင်းပုံရပေမယ့် မြေကမ္ဘာကိုချစ်တဲ့စိတ်နဲ့၊ သစ်ပင်ပန်းမန်ချစ်စိတ်တွေကြောင့် ဆန့်ကျင်ဘက်လိင်တွေကို စွဲဆောင်နိုင်တယ်။ ဒါပေမယ့် နွားနှစ်ဖွားတွေဟာ သူတို့လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ရင် အတ္တကြီးတတ်လို့ အချစ်ရေးမှာ ပြဿနာတက်တာ၊ စကားများတာ မကြာခဏဖြစ်ရတယ်။ အကြောင်းမဲ့ ပူပန်တတ်တာ၊ အစိုးရိမ်လွန်တာတွေကလည်း နွားနှစ်ဖွားရဲ့ချစ်သူတွေအဖို့ စိတ်ညစ်စရာပါ။

နွားနှစ်ဖွားတွေဟာ ကြွက်နှစ်ဖွား၊ နွားနှစ်ဖွား၊ ယုန်နှစ်ဖွား၊ မြွေနှစ်ဖွား၊ မြင်းနှစ်ဖွား၊ မျောက်နှစ်ဖွား၊ ကြက်နှစ်ဖွား၊ ဝက်နှစ်ဖွားများနဲ့ အဆင်ပြေပြီး၊ ကျားနှစ်ဖွား၊ နဂါးနှစ်ဖွား၊ သိုးနှစ်ဖွား၊ ခွေးနှစ်ဖွားများနဲ့ မတည့်တတ်ပါဘူး။

Ref; zodiac_signs

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.