Avengers 2 ဇာတ်ကားအတွက် တစ်ဦးတည်းသော ကိုရီးယားမင်းသမီးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ Kim Soo Hyun

sy02junjihyun17122013.jpg

          မင်းသမီး Kim Soo Hyun ဟာ နာမည်ကြီး ဟောလီးဝုဒ် ဇာတ်ကားတစ်ကားဖြစ်တဲ့ “Avengers 2” မှာ ပါဝင်ခွင့်ရတဲ့ တစ်ဦးတည်းသော ကိုရီးယားသရုပ်ဆောင် ဖြစ်တယ်လို့သိရပါတယ်။

          ဒီဇာတ်ကားရဲ့ တစ်ချို့ဇာတ်ကွက်တွေကို ကိုရီးယားနိုင်ငံမှာ ရိုက်ကူးမှာဖြစ်ပြီး Kim Soo Hyun ကတော့ ဒီဇာတ်ကားမှာ ဗီလိန်မင်းသမီးဇာတ်ရုပ်မျိုးနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ကိုရီးယားမင်းသမီး အယောက် (၄၀)ကျော်လောက်အထိ ရှာဖွေခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့အနေနဲ့ Kim Soo Hyun ကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

          ဘာကြောင့် ဒီလိုရွေးချယ်ဖြစ်ခဲ့လဲဆိုတော့ သူမဟာ ယခင်ကလည်း အက်ရှင် ဇာတ်ရုပ်မျိုး သရုပ်ဆောင်ထားဖူးတဲ့ အတွေ့အကြုံရှိ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သွက်လက်တဲ့ အင်္ဂလိပ်စကားပြောဟန်ကလည်း သူမကို ရွေးချယ်ဖြစ်တဲ့ အဓိကအချက်တစ်ချက် ဖြစ်တယ်လို့ဆိုပါတယ်။

          သူမအနေနဲ့ “7th Grade Civil Servant” လို့အမည်ရတဲ့ ဇာတ်ကားအပါအ၀င် ဒရာမာဇာတ်ကားတွေ အတော်လေး ရိုက်ကူးထားပြီးလည်း ဖြစ်ပါတယ်။

Ref:kpopstarz.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.