ေကာက္ညႇင္းပူတင္း ျပဳလုပ္နည္း

ခ်ိဳဆိမ့္စီးေနတဲ့ ေကာက္ညႇင္းပူတင္းေလးကို အခ်ိဳပြဲအေနနဲ႔ အိမ္မွာအဝဆြဲဖို႔ ေကာက္ညႇင္းပူတင္း ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ေကာက္ညႇင္း (သို႔) ငခ်ိတ္
၂။ သၾကား
၃။ ဆား
၄။ Coconut milk (အုန္းႏို႔)
၅။ ၾကက္ဥ

ျပဳလုပ္နည္း
၁။ အရင္ဆုံး ေကာက္ညႇင္း (သို႔) ငခ်ိတ္ကို ေပါင္းထားပါ။ ေကာက္ညႇင္းငခ်ိတ္ကို မေပါင္းခင္ ညဘက္ ဒါမွမဟုတ္ အနည္းဆုံး ၆ နာရီေလာက္ ေရစိမ္ထားရပါတယ္။ ေကာက္ညႇင္းငခ်ိတ္ ေပါင္းတဲ့အခါ ဆား၊ သၾကားနဲ႔ အုန္းႏို႔ကို ေရနဲ႔ေရာၿပီး ေပါင္းပါ။
၂။ က်က္ၿပီဆိုရင္ အေအးခံၿပီး ပန္းကန္ထဲထည့္ထားပါ။
၃။ ပူတင္း လုပ္ဖို႔ အုန္းႏို႔နဲ႔ ၾကက္ဥကို ေခါက္ပါမယ္။ အခ်ိဳႀကိဳက္တယ္ဆိုရင္ သၾကားနည္းနည္း ထပ္ထည့္ ပါ။
၄။ ၿပီးရင္ ေပါင္းဖို႔အတြက္ ပန္းကန္လုံးတလုံးထဲထည့္ၿပီး အပူခ်ိန္ ၃၅၀ ဖာရင္ဟိုက္နဲ႔ မိနစ္ ၃၀ ၾကာ ေပါင္းေပးရပါမယ္။
၅။ မိနစ္ ၃၀ ၾကာ ေပါင္းၿပီးရင္ အေအးခံၿပီး ေရခဲေသတၱာထဲ ခဏထည့္ထားပါ။ စားမယ္ဆိုရင္ ပူတင္းကိုထုတ္ၿပီး ျပင္ဆင္ပါမယ္။

၆။ ပန္းကန္လုံးတလုံးထဲ အရင္ဆုံး ေပါင္းထားတဲ့ ေကာက္ညႇင္း (သို႔) ငခ်ိတ္ကို ထည့္ပါမယ္။ ၿပီးရင္ ပူတင္းထည့္ၿပီး အေပၚကေန ႀကိဳက္တတ္ရင္ Whipped cream ဒါမွမဟုတ္ Coconut cream ထည့္ၿပီး ေကာက္ညႇင္းငခ်ိတ္ပူတင္း အခ်ိဳပြဲရပါၿပီ။

ခုဆိုရင္ေတာ့ အီဆိမ့္ခ်ိဳအိေနတဲ့ ေကာက္ညႇင္းပူတင္းအခ်ိဳပြဲေလးကို အစာပိတ္အေနနဲ႔ သုံးေဆာင္ၾကရေအာင္ေနာ္။

[ Unicode ]

ချိုဆိမ့်စီးနေတဲ့ ကောက်ညှင်းပူတင်းလေးကို အချိုပွဲအနေနဲ့ အိမ်မှာအဝဆွဲဖို့ ကောက်ညှင်းပူတင်း ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

၁။ ကောက်ညှင်း (သို့) ငချိတ်
၂။ သကြား
၃။ ဆား
၄။ Coconut milk (အုန်းနို့)
၅။ ကြက်ဥ

ပြုလုပ်နည်း
၁။ အရင်ဆုံး ကောက်ညှင်း (သို့) ငချိတ်ကို ပေါင်းထားပါ။ ကောက်ညှင်းငချိတ်ကို မပေါင်းခင် ညဘက် ဒါမှမဟုတ် အနည်းဆုံး ၆ နာရီလောက် ရေစိမ်ထားရပါတယ်။ ကောက်ညှင်းငချိတ် ပေါင်းတဲ့အခါ ဆား၊ သကြားနဲ့ အုန်းနို့ကို ရေနဲ့ရောပြီး ပေါင်းပါ။
၂။ ကျက်ပြီဆိုရင် အအေးခံပြီး ပန်းကန်ထဲထည့်ထားပါ။
၃။ ပူတင်း လုပ်ဖို့ အုန်းနို့နဲ့ ကြက်ဥကို ခေါက်ပါမယ်။ အချိုကြိုက်တယ်ဆိုရင် သကြားနည်းနည်း ထပ်ထည့် ပါ။
၄။ ပြီးရင် ပေါင်းဖို့အတွက် ပန်းကန်လုံးတလုံးထဲထည့်ပြီး အပူချိန် ၃၅၀ ဖာရင်ဟိုက်နဲ့ မိနစ် ၃၀ ကြာ ပေါင်းပေးရပါမယ်။
၅။ မိနစ် ၃၀ ကြာ ပေါင်းပြီးရင် အအေးခံပြီး ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ စားမယ်ဆိုရင် ပူတင်းကိုထုတ်ပြီး ပြင်ဆင်ပါမယ်။

၆။ ပန်းကန်လုံးတလုံးထဲ အရင်ဆုံး ပေါင်းထားတဲ့ ကောက်ညှင်း (သို့) ငချိတ်ကို ထည့်ပါမယ်။ ပြီးရင် ပူတင်းထည့်ပြီး အပေါ်ကနေ ကြိုက်တတ်ရင် Whipped cream ဒါမှမဟုတ် Coconut cream ထည့်ပြီး ကောက်ညှင်းငချိတ်ပူတင်း အချိုပွဲရပါပြီ။

ခုဆိုရင်တော့ အီဆိမ့်ချိုအိနေတဲ့ ကောက်ညှင်းပူတင်းအချိုပွဲလေးကို အစာပိတ်အနေနဲ့ သုံးဆောင်ကြရအောင်နော်။

Ref; asianfood

 

515 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.