iPhone5 အသုံးပြုသူ သေဆုံးသွားသည့် အဖြစ်အပျက်ကို Apple မှ စုံစမ်းစစ်ဆေးခြင်းပြုလုပ်မည်။
iPhone 5 အသုံးပြုသူ အသက်၂၃နှစ်အရွယ်ရှိ ရှင်းကျန်းနယ်မှ တရုတ်အမျိုးသမီးတစ်ဦးက ဖုန်းအားသွင်းနေစဉ် ဖုန်းကို လက်ခံစကားပြောရာမှ ဓာတ်လိုက်၍သေဆုံးသွားခြင်းကို ဒေသခံ သတင်းမှာဖော်ပြခဲ့လို့  Apple မှ စုံစမ်းစစ်ဆေးခြင်းများပြုလုပ်သွားရန်ရှိကြောင်းကို တနင်္လာနေ့ တွင် အတည်ပြုပြောကြားခဲ့ပါတယ်။ Apple မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း “ အခုလို အဖြစ်ဆိုးမျိုး ကြုံတွေ့ သွားရသူအတွက် သူ့ မိသားစုနဲ့ ထပ်တူညီမျှ ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ Apple ကုမ္ပဏီမှလည်း ဒီဖြစ်ရပ်ကို တိကျသေချာအောင် စုံစမ်းမှုတွေပြုလုပ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Internet media တွေမှာ smartphone များပေါက်ကွဲမှုဖြစ်ရပ်နဲ့ ဓာတ်ပုံများကို မကြာမကြာဖော်ပြတာတွေကိုတွေရှိရပါတယ်။ အချို့ ဖြစ်ရပ်တွေက smartphone ကြောင့်ပေါက်ကွဲခြင်းဖြစ်ရတာမဟုတ်ဘဲ အခြားအကြောင်းအရင်းတွေကြောင့် ပေါက်ကွဲခြင်းတွေဖြစ်ရခြင်း ဖြစ်ပါတယ်။ တရုတ်အမျိုးသမီးရဲ့ သေဆုံးမှုက ဘာအတွက်ကြောင့်လဲဆိုတာကို သေချာမသိရသေးပါဘူး။
http://news.cnet.com/8301-13579_3-57593710-37/apple-to-investigate-death-of-iphone-5-user/ မှ ဘာသာပြန်တင်ဆက်ထားပါသည်။
Image Source: http://vmitchell85.deviantart.com/art/Skull-iPhone-Wallpaper-336393114 (Skull iPhone Wallpaper)