ေမ်ာက္ႏွစ္ အေဟာ

၁၈၉၆၊ ၁၉ဝ၈၊ ၁၉၂ဝ၊ ၁၉၃၂၊ ၁၉၄၄၊ ၁၉၅၆၊ ၁၉၆၈၊ ၁၉၈ဝ၊ ၁၉၉၂၊၂ဝဝ၄၊၂ဝ၁၆ ၂ဝ၂၈ခုႏွစ္ဖြားမ်ားသည္ ေမ်ာက္ႏွစ္ဖြားမ်ား ျဖစ္ၾကသည္။

ေမ်ာက္ႏွစ္ဖြားမ်ားသည္ ေျပာဆိုဆက္ဆံရခက္ေသာ ဂြတတ၊ ခိုးလိုးခုလု လူစားမ်ား ျဖစ္သည္။ ယင္းတို႔သည္ တစ္ကိုယ္ေကာင္းဆန္ၿပီး စိတ္အေျပာင္းအလဲ ျမန္ဆန္တတ္၍ ႂကြပ္ဆတ္ဆတ္ ႏိုင္၏။ စိတ္႐ူးေပါက္စြာ လုပ္တတ္သည္။ ရန္လိုတတ္ၿပီး စိတ္တိုလြယ္သူမ်ားလည္း ျဖစ္ေသး၏။ ေမ်ာက္ႏွစ္ဖြားသည္ ဉာဏ္ပညာရွိေသာ ၊ ေပ်ာ္႐ႊင္စြာေနထိုင္တတ္ေသာ ၊မာနႀကီးေသာ၊ မိတ္ေဆြသေဘာကဲ့သို႔ ေဖာ္ေ႐ြေသာ လကၡဏာမ်ား ဒြန္တြဲေနသည္။ သို႔ေသာ္ မေထမဲ့ျမင္ ျပဳတတ္ေသာ ၊ ႂကြားဝါေသာ၊ ျငင္းခုန္တတ္ေသာ၊ လွည့္ပတ္တတ္ေသာ၊ စိတ္ေျပာင္းတတ္ေသာ၊ မသမာေသာနည္းျဖင့္ သာရာစီးတတ္ေသာ၊ စပ္စုေသာသူ ျဖစ္သည္။ တီထြင္တတ္ျခင္း၊ ဟိတ္ဟန္ေကာင္းျခင္း၊ မွတ္ဉာဏ္ေကာင္းျခင္းတို႔လည္း ရွိတတ္သည္။ သူတို႔သည္ လြတ္လပ္စြာေနထိုင္ျခင္း၊ ရည္မွန္းခ်က္ ႀကီးမားျခင္း၊ ေအာင္ျမင္လိုျခင္းအတြက္ ဝီရိယဉာဏ္ စိုက္ထုတ္ျခင္း ရွိေသာသူ ျဖစ္သည္။ အစပိုင္းတြင္ စိတ္အားထက္သန္သေလာက္ အလြယ္တကူ အရႈံးေပးတတ္ျခင္း၊ အဆုံးမသတ္ႏိုင္ျခင္း၊ မ်က္ႏွာလိုက္ျခင္းမ်ား ရွိတတ္သည္။ သူတို႔သည္ ဟာသဉာဏ္လည္း ရွိ၍ ပညာဗဟုသုတ ရွာလိုစိတ္ ျပင္းျပသူလည္း ျဖစ္သည္။ ပရိယယ္ေပါႂကြယ္ဝသည့္ျပင္ ေကာက္က်စ္စဥ္းလဲတတ္ေသးသည္။

ေမ်ာက္ႏွစ္ဖြားအမ်ိဳးသားမ်ားသည္ ေပ်ာ္တတ္ ႐ႊင္တတ္၍ ခ်စ္ခင္ဖြယ္ေကာင္းေသာ္လည္း စိတ္ခ်ရသူမ်ား မဟုတ္ေပ။ အ႐ူးအမူး ခ်စ္တတ္ေသာ္လည္း ၾကာလွ်င္ ႐ိုးသြားတတ္သည္။ ထို႔ျပင္ ယင္းတို႔သည္ အာဏာရမက္ တက္မက္ၾက၍ သူတို႔မွာ ရွိေသာ အသိပညာဉာဏ္ကို အာဏာရရွိေရးအတြက္ အသုံးခ်ၾကသည္။
အမ်ိဳးသမီးမ်ားမွာ အိမ္မႈကိစၥမ်ား၌ စိတ္မဝင္စား၊ ပစ္စလက္ခတ္ ေနတတ္ၾကသည္။ ဖန္တီးဉာဏ္ ရွိသည္။ အခ်စ္ေရး၌ ခ်စ္လိုက္ကြဲလိုက္ ျဖစ္ၾကသည္။ ေမ်ာက္ႏွစ္ဖြား က်ား၊မ မေ႐ြး အခ်ိန္က်၍ လိုအပ္သည့္အခါမွ အသင့္သုံးစြဲရန္ သူတို႔အသိဉာဏ္ကို သိုသိုသိပ္သိပ္ သိမ္းဆည္းထားတတ္၏။ သူတို႔၏ ပလႊားဝင့္ဝါမႈကို ေျမႇာက္ပင့္ေပးျခင္းျဖင့္ ေမ်ာက္ႏွစ္ဖြားမ်ားကို ေပါင္းသင္းရလြယ္ကူ၏။ အိမ္ေထာင္ေရး၌ ျမင္း၊ ေႁမြ၊ ဝက္ႏွင့္ အထူးသျဖင့္ က်ားႏွစ္ဖြားမ်ားကို ေရွာင္သင့္သည္။ အသင့္ေတာ္ဆုံး ဖူးစာဖက္မ်ားမွာ နဂါး၊ ႂကြက္၊ ဆိတ္ႏွစ္ဖြားမ်ား ျဖစ္ၾကည္။

ေမ်ာက္ႏွစ္ဖြားမ်ား၌ ထင္ရွားသူမ်ားမွာ ထ႐ူးမင္း၊ ဂ်ဴးလီယပ္ဆီဇာ၊ ခ်ိန္ဘာလင္၊ လီယိုနာဒိုဒါဗင္ခ်ီ၊ ေဂၚဂင္၊ မီလတန္၊ ကိုင္႐ြန္၊ ခ်ားလ္ဒစ္ကင္း၊ ဒူးမား၊ အဲလီဇဘက္ေတလာ၊ လင္ဒန္ဂြၽန္ဆင္၊ ဂ်ကၠလင္းဘိဆက္၊ ယူဘ႐ိုင္းနား၊ မိုနာကိုမင္းသမီး ကာ႐ိုလင္း၊ အိုင္ရန္ဖလဲမင္း၊ ပုတ္ရဟန္းမင္းႀကီး ဒုတိယဂြၽန္ေပါ၊ အက္ဒဝပ္ကေနဒီ၊ မာရီယိုပူဇို၊ အိုမာရွာရစ္ ၊ ေရာ့ဒ္စတီးဝပ္၊ ဝင္ဆာၿမိဳ႕စားကေတာ္ မစၥက္ဆင္မဆင္၊ဗိုလ္ခ်ဳပ္မႉးႀကီးေဟာင္းသန္းေ႐ႊ တို႔ ျဖစ္ၾကသည္။

[ Unicode ]

၁၈၉၆၊ ၁၉ဝ၈၊ ၁၉၂ဝ၊ ၁၉၃၂၊ ၁၉၄၄၊ ၁၉၅၆၊ ၁၉၆၈၊ ၁၉၈ဝ၊ ၁၉၉၂၊၂ဝဝ၄၊၂ဝ၁၆ ၂ဝ၂၈ခုနှစ်ဖွားများသည် မျောက်နှစ်ဖွားများ ဖြစ်ကြသည်။

မျောက်နှစ်ဖွားများသည် ပြောဆိုဆက်ဆံရခက်သော ဂွတတ၊ ခိုးလိုးခုလု လူစားများ ဖြစ်သည်။ ယင်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စိတ်အပြောင်းအလဲ မြန်ဆန်တတ်၍ ကြွပ်ဆတ်ဆတ် နိုင်၏။ စိတ်ရူးပေါက်စွာ လုပ်တတ်သည်။ ရန်လိုတတ်ပြီး စိတ်တိုလွယ်သူများလည်း ဖြစ်သေး၏။ မျောက်နှစ်ဖွားသည် ဉာဏ်ပညာရှိသော ၊ ပျော်ရွှင်စွာနေထိုင်တတ်သော ၊မာနကြီးသော၊ မိတ်ဆွေသဘောကဲ့သို့ ဖော်ရွေသော လက္ခဏာများ ဒွန်တွဲနေသည်။ သို့သော် မထေမဲ့မြင် ပြုတတ်သော ၊ ကြွားဝါသော၊ ငြင်းခုန်တတ်သော၊ လှည့်ပတ်တတ်သော၊ စိတ်ပြောင်းတတ်သော၊ မသမာသောနည်းဖြင့် သာရာစီးတတ်သော၊ စပ်စုသောသူ ဖြစ်သည်။ တီထွင်တတ်ခြင်း၊ ဟိတ်ဟန်ကောင်းခြင်း၊ မှတ်ဉာဏ်ကောင်းခြင်းတို့လည်း ရှိတတ်သည်။ သူတို့သည် လွတ်လပ်စွာနေထိုင်ခြင်း၊ ရည်မှန်းချက် ကြီးမားခြင်း၊ အောင်မြင်လိုခြင်းအတွက် ဝီရိယဉာဏ် စိုက်ထုတ်ခြင်း ရှိသောသူ ဖြစ်သည်။ အစပိုင်းတွင် စိတ်အားထက်သန်သလောက် အလွယ်တကူ အရှုံးပေးတတ်ခြင်း၊ အဆုံးမသတ်နိုင်ခြင်း၊ မျက်နှာလိုက်ခြင်းများ ရှိတတ်သည်။ သူတို့သည် ဟာသဉာဏ်လည်း ရှိ၍ ပညာဗဟုသုတ ရှာလိုစိတ် ပြင်းပြသူလည်း ဖြစ်သည်။ ပရိယယ်ပေါကြွယ်ဝသည့်ပြင် ကောက်ကျစ်စဉ်းလဲတတ်သေးသည်။

မျောက်နှစ်ဖွားအမျိုးသားများသည် ပျော်တတ် ရွှင်တတ်၍ ချစ်ခင်ဖွယ်ကောင်းသော်လည်း စိတ်ချရသူများ မဟုတ်ပေ။ အရူးအမူး ချစ်တတ်သော်လည်း ကြာလျှင် ရိုးသွားတတ်သည်။ ထို့ပြင် ယင်းတို့သည် အာဏာရမက် တက်မက်ကြ၍ သူတို့မှာ ရှိသော အသိပညာဉာဏ်ကို အာဏာရရှိရေးအတွက် အသုံးချကြသည်။
အမျိုးသမီးများမှာ အိမ်မှုကိစ္စများ၌ စိတ်မဝင်စား၊ ပစ်စလက်ခတ် နေတတ်ကြသည်။ ဖန်တီးဉာဏ် ရှိသည်။ အချစ်ရေး၌ ချစ်လိုက်ကွဲလိုက် ဖြစ်ကြသည်။ မျောက်နှစ်ဖွား ကျား၊မ မရွေး အချိန်ကျ၍ လိုအပ်သည့်အခါမှ အသင့်သုံးစွဲရန် သူတို့အသိဉာဏ်ကို သိုသိုသိပ်သိပ် သိမ်းဆည်းထားတတ်၏။ သူတို့၏ ပလွှားဝင့်ဝါမှုကို မြှောက်ပင့်ပေးခြင်းဖြင့် မျောက်နှစ်ဖွားများကို ပေါင်းသင်းရလွယ်ကူ၏။ အိမ်ထောင်ရေး၌ မြင်း၊ မြွေ၊ ဝက်နှင့် အထူးသဖြင့် ကျားနှစ်ဖွားများကို ရှောင်သင့်သည်။ အသင့်တော်ဆုံး ဖူးစာဖက်များမှာ နဂါး၊ ကြွက်၊ ဆိတ်နှစ်ဖွားများ ဖြစ်ကြည်။

မျောက်နှစ်ဖွားများ၌ ထင်ရှားသူများမှာ ထရူးမင်း၊ ဂျူးလီယပ်ဆီဇာ၊ ချိန်ဘာလင်၊ လီယိုနာဒိုဒါဗင်ချီ၊ ဂေါ်ဂင်၊ မီလတန်၊ ကိုင်ရွန်၊ ချားလ်ဒစ်ကင်း၊ ဒူးမား၊ အဲလီဇဘက်တေလာ၊ လင်ဒန်ဂျွန်ဆင်၊ ဂျက္ကလင်းဘိဆက်၊ ယူဘရိုင်းနား၊ မိုနာကိုမင်းသမီး ကာရိုလင်း၊ အိုင်ရန်ဖလဲမင်း၊ ပုတ်ရဟန်းမင်းကြီး ဒုတိယဂျွန်ပေါ၊ အက်ဒဝပ်ကနေဒီ၊ မာရီယိုပူဇို၊ အိုမာရှာရစ် ၊ ရော့ဒ်စတီးဝပ်၊ ဝင်ဆာမြို့စားကတော် မစ္စက်ဆင်မဆင်၊ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ တို့ ဖြစ်ကြသည်။

Ref; chinese_zodiac_signs

 

368 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.