မိထွေးဖြစ်သူက ခရီးဆောင်အိတ်ထဲမှာ သော့ခတ်ထားခဲ့လို့ ကလေးငယ်လေးသေဆုံး

ဒီဖြစ်စဉ်လေးကတော့ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။ Chungnam Cheonan ရဲဌာနရဲ့ ပြောကြားချက်အရ ၉ နှစ်အရွယ်ကောင်လေးတစ်ဦး ဇွန်လ ၄ ရက်နေ့မှာ အသက်ခံခဲ့ရတယ်လို့ပြောကြားခဲ့ပါတယ်။


ဇွန်လ ၁ ရက်နေ့မှာ ကလေးရဲ့ မိထွေးဖြစ်သူဟာဖမ်းဆီးခံခဲ့ရပါတယ်။ ကလေးငယ်ကိုတွေ့ရှိပြီးနောက်မှာတော့ ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့သော်လည်း ကလေးငယ်ဟာဆေးရုံရောက်ပြီး ၄ ရက်မြောက်နေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။


ရဲတွေရဲ့ ရှာဖွေတွေ့ရှိချက်အရ မိထွေးဟာ ကလေးငယ်ကိုခရီးဆောင်သေတ္တာထဲထည့်ပြီး သော့ခတ်ထားခဲ့တယ်လို့ သိရပါတယ်။အဲ့ဒီအိတ်ထဲမှာ ကလေးငယ်က ဆီးသွားမိလို့ နောက်ထပ် ပိုသေးတဲ့ ခရီးဆောင်အိတ်ထဲကိုထည့်ကာ သော့ခတ်ခဲ့ပြီး ၃ နာရီအကြာအိမ်ကနေ ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ကလေးငယ်သေဆုံးမှုနဲ့ ပတ်သတ်ပြီး ရဲတွေကတော့ မိထွေးဖြစ်သူကို ကလေးသူငယ်ညှင်းပမ်းနှိက်စက်မှုဖြင့် တရားစွဲရန်စီစဉ်ထားတယ်လို့သိရပါတယ်။


Ref;Sophia Lee,Koreaboo

901 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.