YG Entertainment ရဲ့ ငြင်းပယ်မှုကိုခံခဲ့ရတဲ့ ကိုရီးယားဆယ်လီများ

အေဂျင်စီတွေရဲ့ လူရွေးချယ်မှုတွေကလည်းတစ်ခါတစ်လေမှာ အမှားတွေရှိနိုင်ပါတယ်။ ကိုယ်မရွေးချယ်မိလိုက်လို့ နောက်ပိုင်းမှာ အောင်မြင်သွားတဲ့ အနုပညာရှင်တွေကို တစ်ခါတလေကျရင် မရွေးမိလိုက်လေခြင်းဆိုပြီးတော့ နောင်တရတာမျိုးတွေလဲ ရှိကြပါတယ်။ JYP Entertainment ကတော့ အခုလက်ရှိအောင်မြင်ကျော်ကြားနေတဲ့ K-pop idols များစွာကို ငြင်းပယ်ခဲ့ဖူးပါတယ်။ ယခင်က JYP လိုမျိုးပဲ SM Entertainment ကလဲ ငြင်းပယ်ခဲ့တဲ့ အိုင်ဒေါလ်တွေရှိပါတယ်။ ဒီတစ်ခါမှာတော့ YG Entertainment ရဲ့ ငြင်းပယ်မှုကို ခံရပြီးနောက်မှာ အောင်မြင်နေကြတဲ့ K-pop Idols တွေကို ပြောပြချင်ပါတယ်။

1. Chungha


သူမကတော့ အရမ်းကို ပါရမီရှိလှတဲ့အနုပညာရှင်တစ်ယောက်ပါ။ အဆိုပိုင်းမှာသာမက အကပိုင်းမှာရောထူးချွန်လွန်းပါတယ်။ Yang Hyun Suk ကတော့ သူမကို ငြင်းပယ်ခဲ့မှုအတွက်နောင်တရပါတယ်လို့ပြောကြားခဲ့ပါတယ်။

2. Wendy (Red Velvet)


Yang Hyun Suk ရဲ့ ငြင်းပယ်မှုကို ခံရတဲ့ နောက်တစ်ယောက်ကတော့ Wendy ဖြစ်ပြီး သူမကို ငြင်းလိုက်မိတဲ့အတွက်နောင်တရတယ်လို့ပြောခဲ့ပါတယ်။ ငြင်းပယ်မှုတွေအဆုံးသတ်သွားတဲ့နောက်မှာတော့ Wendy ဟာ SM Entertainment ကနေ Red Velvet အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

3. Park Bom (Former member of 2NE1)


အခုဆိုရင် ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom ဟာအရင်က YG Entertainment ကနေ ပွဲဦးထွက်ခဲ့ပေမယ့် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုဖို့အတွက် သူမအတော်လေးကိုပြောခဲ့ရတယ်လို့သိရပါတယ်။

4. Crush


တောင်ကိုရီးယားနိုင်ငံရဲ့ Solo Artists တစ်ယောက်ဖြစ်တဲ့ Crush ကတော့ အရင်က YG Entertainment ရဲ့ငြင်းပယ်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။ Yang Hyun Suk ကတော့ သူရဲ့အရင်ကငြင်းပယ်ခဲ့မှုကို နောင်တရတယ်လို့ပြောခဲ့ပါတယ်။

5. Bewhy


G-Dragon ရဲ့ Fanboy တစ်ဦးဖြစ်တဲ့ Bewhy ကတော့ အရင်က YG Entertainment ရဲ့ငြင်းဆိုမှုကိုခံခဲ့ရသူပါ။ အဲ့ဒီလိုပယ်ချမှုဟာ YG အတွက် အတော်လေးကို ဆိုးရွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက်မှာတော့ Bewhy က G-Dragon နဲ့အတူ ဖျော်ဖြေရေးတွေကို လုပ်ဆောင်လာခဲ့ပါတယ်။

6. Rain


မင်းသားချော Rain ကတော့ JYP Entertainment မှာ စတင်လုပ်ကိုင်ခဲ့ပေမယ့် YG Entertainment ရဲ့ အသံစစ်ဆေးမှုမှာ ငြင်းဆိုခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီလိုမျိုးငြင်းဆိုခဲ့တာကို Yang Hyun Suk ကတော့ အခုချိန်ထိ နောင်တရနေဆဲပါလို့ပြောကြားခဲ့ပါတယ်။

7. T.O.P (BIGBANG)


YG Entertainment မှာ အသံစစ်ဆေးမှုကို ပြုလုပ်ခဲ့ရတဲ့ T.O.P ဟာ သူရဲ့ ကိုယ်အလေးချိန်ကြောင့် ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။သူရဲ့ ကိုယ်အလေးချိန်လျော့ချပြီးနောက်ပိုင်းမှာတော့ ကုမ္ပဏီနဲ့ စာချူပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

8. Hyunseung (Former member of BEAST)


Hyunseung ကတော့ BIGBANG ရဲ့အဖွဲ့ဝင်အဖြစ်ပွဲဦးထွက်ဖို့စီစဉ်ထားခဲ့ပေမယ့် ပယ်ဖျတ်ခံခဲ့ရပါတယ်။ဒီလိုမျိုးပယ်ဖျတ်မှုက အရမ်းကိုဆိုးရွားလွန်းပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ BEAST ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

9. Park Bo Gum


Park Bo Gum ကတော့ ထူးခြားတဲ့ဗီဒီယိုလေးတစ်ခုကို YG Entertainment ကို ပေးပို့ခဲ့ဖူးပါတယ်တဲ့။ဒါပေမယ့် အဲ့ဒီဗီဒီယိုလေးက YG ရဲ့ ငြင်းပယ်မှုကို ခံခဲ့ရပါတယ်။ Yang Hyun Suk ကတော့ ဒီလိုငြင်းပယ်ခဲ့တဲ့ ဆုံးဖြတ်မှုအတွက်အရမ်းကို နောင်တရပါတယ်လို့ပြောခဲ့ပါတယ်။
Ref;Koreaboo

50 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.