သင်ဘာလုပ်နေတာလဲ။ ခဏလောက်ရပ်ထားလိုက်ပြီး ဒါလေးတစ်ချက်လောက် ကြည့်လိုက်ပါဦး။ Alexander McQueen ဟာ SS 2014 campaign အတွက် Kate Moss နဲ့ ဖက်ရှင်ဗီဒီယိုတစ်ခုရိုက်ကူးလိုက်ပုံ ကတော့ အံ့မခန်းကို လှပလွန်းပါတယ်။
ဒါရိုက်တာက Steve Klein ဖြစ်ပြီး ကြည့်ရှုသူတွေကို စိတ်မတင်မကျဖြစ်စေမယ့် ဒီရုပ်ရှင်မှာ အ၀ါရောင် ဆံပင်နဲ့ Kate Moss ဟာ မျက်နှာဖော်ပြထားခြင်းမရှိဘဲ လက်ဆစ်မှာ တက်တူးထိုးထားတဲ့ အမျိုးသား တစ်ဦးနဲ့ မှောင်မဲနေတဲ့ လမ်းမပေါ်မှာ တွဲဖက်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်လမ်းတိုလေးက 1960 ပြည့်နှစ်တွေတုန်းက သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေနဲ့တောင် ခပ်ဆင်ဆင်ရယ်ပါ။ ဒါပေမယ့် ဒီအထဲမှာ ပြသထားတဲ့ leather ကုတ်ကိုတော့ အမြဲတစေ ၀တ်မထားချင် ကြပါဘူး။
ဒီဇာတ်လမ်းတိုရုပ်ရှင်ဟာ McQueen အတွက် Klein အလုပ်လုပ်ပေးခဲ့တဲ့ ၁၀နှစ်တာ ကာလအတွင်း မှတ်တိုင်တစ်ခုလို့လဲ ပြောလို့ရပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး Kate ကို ဓါတ်ပုံတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အောက်က ဗွီဒီယိုလေးမှာ ခံစားကြည့်လိုက်ပါဦး။
Ref:elleuk.com