အိပ်ယာမဝင်ခင်မှာ မစား(ရှောင်)သင့်တဲ့အစားအစာများ

ညခင်းအိပ်မပျော်လို့ အစားတစ်ခုခု ထစားတတ်တဲ့အကျင့်ရှိတဲ့သူတွေအတွက်တော့ ဒီလိုမျိုးအစားအစာတွေစားပေးခြင်းမျိုးကို ရှောင်သင့်ပါတယ်နော်။


၁။ ကဖင်းဓာတ်ပါတဲ့အစားအစာများ
ကဖင်းဓာတ်က ဦးနှောက်အာရုံကြောတွေကို တတ်ကြွအောင်လှုံ့ဆော်ပေးတဲ့အတွက် ညမအိပ်ပဲအလုပ်လုပ်၊ စာဖတ်တဲ့သူ အများစုက စားသောက်တတ်ကြပါတယ်။ ကျန်းမာရေးအတွက်ကတော့ မကောင်းပါဘူး။ အထူးသဖြင့် ကော်ဖီ၊ ချောကလတ်၊ လက်ဖက်ရည်၊ ဆိုဒါအအေးတွေမှာ ကဖင်းဓာတ်ပါဝင်မှု အရမ်းများတာကြောင့် အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီလောက်ခွာပြီးတော့ စားသင့်ပါတယ်။

၂။ ပရိုတင်းပါဝင်မှုအရမ်းများတဲ့အစားအစာများ
အသားနဲ့ ပဲတွေမှာ ပါတဲ့ ပရိုတင်းဓာတ်က ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ထည့်သွင်းပေးပြီး ကြွက်သားတွေကို ကြီးထွားစေပါတယ်။ပရိုတင်းဓာတ်က အစာချေဖျတ်ဖို့အတွက် အရမ်းကြာတာကြောင့် အိပ်ချိန်နဲ့ နီးနီးကပ်ကပ်စားရင် အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။

၃။ အဆီတတ်အစားအစာများ
ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်၊ ပီဇာ၊ ဟင်းအဆီအနှစ်တွေ၊ အကြော်အလှော်တွေက ကယ်လိုရီပမာဏရော၊ အဆီဓာတ်ပါဝင်မှုရော အရမ်းများပါတယ်။ အဆီစားသုံးမှုအရမ်းများသွားရင် ဘယ်လိုမှ အိပ်ပျော်တော့မှာမဟုတ်ပါဘူးနော်။

၎။ ရေခဲမုန့်
ရေခဲမုန့်က ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် အနည်းအကျဉ်းစားရင်တော့ ပြဿနာမဟုတ်ပါဘူး။ဒါပေမယ့် ရေခဲမုန့်မှာ သကြားဓာတ်နဲ့ အဆီဓာတ်ပါဝင်မှုတွေ အရမ်းများပါတယ်။ နို့ထွက်ပစ္စည်းများလဲ ကယ်လိုရီပမာဏ ပါဝင်မှုအတော်များတာကြောင့် အိပ်ခါနီးစားသုံးတာမျိုးကို ရှောင်သင့်ပါတယ်နော်။


Ref;HEALTH GROUP

255 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.